နိရဥ္စရာ၊ ဖေဖော်ဝါရီ၁၈/၂၀၂၃
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊အောင်တိုင်ကျေးရွာတွင်မလေးရှားသို့သွားမည့် မွတ်ဆလင်၅၆ ဦးသည်ယမန်နေ့က ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံရွာသားများက ပြောသည်။
အောင်တိုင်ကျေးရွာရှိဦးရွှေလှနှင့် ဦးမြင့်နိုင်ဆိုသူတို့၏နေအိမ်
“လာဖမ်းတဲ့အချိန်မှာတော့ ရဲကား၁ စီးပါတယ်။ နောက်ပြီး မှန်လုံကားလေးတွေ ပါတယ်။ သူတို့တွေကိုမြို့ထဲကိုသယ်သွားတာမြင်လိုက်တယ်။ ဘယ်လိုယူဆောင်သွားလဲတော့ မသိဘူး”ဟု ပြောသည်။
ဖမ်းဆီးခံ၇သူများတွင်အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂၀ ဦးတို့ပါဝင်သည်ဟု သိ၇သည်။
သူတို့သည် မောင်တော၊ဘူးသီးတောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများမှဖြစ်ပြီးမလေးရှားနိုင်ငံသို့ သွားရောက်လိုပါက ငွေကျပ်သိန်း ၈၀ ဖြင့်ပို့ဆောင်ပေးမည်ဟု ဦးရွှေလှတို့က လာရောက် စည်းရုံးပြောဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိ၇သည်။
ယင်းနောက်မလေးရှားသို့သွားရန် သဘောတူပြီးနောက် သူတို့၏နေရပ်များမှစက်လှေဖြင့်ထွက်ခွာခဲ့ပြီး အောင်တိုင်ကျေးရွာတွင်ရောက်ရှိ
သူတို့ကိုထိန်းသိမ်းလက်ခံထားသည့် အိမ်ပိုင်ရှင် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်
လက်ရှိတွင် ဖမ်းဆီးခံ၇သူများကိုလ၀ကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးလျက်ရှိပြီးထွက်ပြေးတိမ်းရှောင်သွားသူ ၂ ဦးကို ရာဇသတ်ကြီး ပုဒ်မ-၃၆၇ ဖြင့်အမှုဖွင့်အရေးယူ၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ဓာတ်ပုံ(ပုံဟောင်း) -စစ်တွေတွင် မွဆလင်အချို့အားရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်လာသည်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းက တွေ့၇စဉ်။