တနင်္လာ၊ ဒီဇင်ဘာလ ၄ရက်၊ ၂၀၂၃

တက္ကသိုလ်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများထုတ်ယူမည့်ရက်ကိုထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.8k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/၂၀၂၃

 

၂၀၂၃-ခုနှစ်၊ မတ်လ (၈) ရက်နေ့ မှ (၁၈) ရက်နေ့ အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုခွင့် လျှောက်ထားကြသော ကျောင်းသား/သူများ၏ ကတ်ပြားများထုတ်ယူမည့်ရက်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။ 

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/ သူများအနေနှင့် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို ဖေဖော်ဝါရီလ ( ၂၀ )ရက် တနင်္လာနေ့မှစ၍ ထုတ်ယူကြနိုင်ပြီဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

အဆိုပါ  စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်း ကျောင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ မိမိတို့၏ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဟု သိရသည်။ 

 

ပြင်ပမှ ဖြေဆိုသူများအနေနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်သည်။ 

 

စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။ 

 

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ပြီး ရခိုင်မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၉,၁၆၅ ဦး ဝင်ဖြေမည်ဟု ပြည်နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ