နိရဥ္စရာ၊ဖေဖော်ဝါရီ ၁၉/၂၀၂၃
၇ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊မဟာမုနိဘုရားရွာတွင် ယမန်နေ့ ည၉ နာရီခန့်က ဈေးဆိုင်ခန်း တစ်ခု မီးလောင်ဖြစ်ပွားပြီးအမျိုးသားတစ်ဦးသေဆုံးသွ
သေဆုံးသွားသူမှာဆိုင်တွင်အိပ်နေသည့် ဒေါ်လှသိန်းနု၏သား အသက် (၃၀)ကျော်အရွယ် ကိုမောင်သန်းစိုးဖြစ်သည်။
"မဟာမုနိရွာ ထွက်၀ဆီဆိုင်နားက မုန့်တီ၊ထမင်းကြော်ရောင်းပြီး နေတာ မီးလောင်ပြီးသားတစ်ယောက်သေသွားတယ်။ တခြားအိမ်တွေတော့ ကူးတာမရှိဘူး။ ဘယ်က စလောင်မှန်းလည်းမသိဘူး။ ခဏပဲကြာတယ်။သွားကြည့်တော့ ခြေထောင်ပြီး သေနေတာတွေ့တယ်။ မီးသတ်ကားလာတော့မီးသတ်လို့ကပြီးသွားပြီ"ဟု ပြောသည်။
ဖြစ်စဉ်မှာယနေ့ ဖေဖော်ဝါရီ ၁၈ ရက် ည ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြ
ယမန်နေ့ ဖေဖော်ဝါရီ၁၇ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စု၊ကျောက်လှပြင်ကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့်နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့၇ပြီး ဖေဖော်ဝါရီ ၁၁ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီး ကျော
ခြောက်သွေ့ရာသီရောက်လာပြီဖြစ်သဖြင့် ပြည်သူများ မီးမပေါ့ဆရန်နှင့် မီးသတိထားကြရန် လိုအပ်ကြောင်း သက်ဆိုင်ရာမီးသတ်ဌာနက သတိပေးမှုများ ပြုလုပ်ရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
(NN-7)
(ဓာတ်ပုံ-ကိုစံသိန်း)