Preview

(၃) နှစ်ကြာရပ်နားထားခဲ့ရသည့် မဟာမုနိဘုရားဗုဒ္ဓပူဇနိယပွဲတော်ယခုနှစ်စည်ကားသိုက်မြိုက်စွာကျင်းပမည်

ဖေဖော်ဝါရီ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :10440
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ၁ /၂၀၂၃

ကိုဗစ်နှင့် စစ်ရေးအခြေအနေများကြောင့် (၃) နှစ်တာ ရပ်နားခဲ့၇သည့် ကျောက်တော်မြို့နယ်ရှိသမိုင်းဝင်မဟာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ၅ ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ယခုနှစ်ကျရောက်မည့် (၃၀)ကြိမ်မြောက် မဟာမုနိဘုရားပွဲတော်ကို လာမည့် မတ်လ၃ ရက်နေ့မှ ရ ရက်နေ့ အထိ ၅ ရက်၊ ၅ ည တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း၊  နေ့ဘက်တွင်ရခိုင်ရိုးရာကျင်ပွဲများ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး၊ ညဘက်တွင်ဇာတ်သဘင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းမဟာမုနိဘုရားမှ ဂေါပက လူကြီးတစ်ဦးက နိရဉ္စရာကို ပြောသည်။


ဆရာတော်ကြီး ၆၉ ပါးကနေ  တပေါင်းလဆန်း ၁၂ ရက်နေ့ ကနေ့တပေါင်းလပြည့်နေ့အထိ ပဌာန်းရွတ်ပွဲ ပူဇော်မယ်။ မသိုးသင်္ကန်းရက်ပြိုင်ပွဲကို တပေါင်းလဆန်း ၁၄ ရက်နေ့ ည ရနာရီမှာ ပြုလုပ်မယ်။ တပေါင်းလပြည့်၁၅ ရက်နေ့  မနက် ၅နာရီမှာ မသိုးသင်္ကန်း ကို မဟာမြတ်မုနိ အရှင်ဘုရားအားကပ်လှူပါမယ်။ ကျင်ပွဲက နေ့လည် ၂ နာရီလောက်မှ စပြီး ကျင်းပပါမယ်။ ညဘက်မှာအောင်ပွဲဇံဇာတ်က ၂ ရက် ၊ အာရက္ခမဏ္ဍိုင်ဇာတ်က ၃ ရက် ကျင်းပသွားပါမယ်။ လုံခြုံရေးအရစိတ်ချ၇ဖို့ အတွက် အဆင်ပြေအောင် နှစ်ဘက်ညှိနှိုင်းလို့အားလုံးလုပ်ထားတာပါ။ လက်ရှိ စစ်ကောင်စီကလည်း ခွင့်ပြုချက်၇တယ်ဟုပြောသည်။

ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့သည်မှာ အကြိမ် (၃၀) ရှိပြီဖြစ်၍ ၂၀၂၀ ခုနှစ်က စတင်ပြီး၊ ကိုဗစ်ကပ်ရောဂါနှင့်နိုင်ငံရေးအခြေအနေကြောင့်ရပ်နားထားခဲ့၇သည်မှာ ၃ နှစ် ရှိခဲ့သည်ဟု ဆိုသည်။

 

ယခုနှစ်တွင်တစ်ဖန်ပြန်၍ ကျင်းပရခြင်းမှာရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကို ရပ်နီးရပ်ဝေးကလူများ ဘုရားပွဲတော်ကာလ ဖူးမျှော်ကန်တော့နိုင်ရန်နှင့် ရှေးအစဉ်အလာအတိုင်း  ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ည်ရွယ်ပြီးကျင်းပ၇ခြင်းဖြစ်သည်ဟု ၎င်းဂေါပကလူကြီးက ဆက်လက်ပြောဆိုသည်။


နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် ကျင်းပလာတာဖြစ်တယ်။ ၂၀၂၀ ခုနှစ်ကနေ တိုင်းပြည်ကာလအခြေအနေမကောင်းတဲ့ အတွက်ကြောင့် ရပ်ထား၇တယ်။ အခု  ၂၀၂၃ ခုနှစ်မှာဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ အများပြည်သူတွေပွဲတော်ကာလ ဘုရားဖူးမျှော်နိုင်အောင်ရယ်။ ပီးတော့ ပြည်သူတွေကလည်း အသံထွက်လာတယ်။သံဃာတော်များ၊ ဌာနဆိုင်ရာတွေ အပါအဝင် ကျင်းပစေချင်ကြတယ်။ အစဉ်အလာကိုထိန်းသိမ်းစောင့်ရှောက်တဲ့ အနေနဲ့ ပွဲတော်ကို ကျင်းပ၇ခြင်း ဖြစ်ပါတယ်။ ဩဝါဒဆရာတော်ကြီးတို့မြို့နယ် သံဃာနာယက ဆရာတော်ကြီးများရဲ့ ဩဝါဒအတိုင်း၊ ညွှန်ကြားချက်အတိုင်းဆောင်ရွက်တာပါ ဟုပြောသည်။

မဟာမုနိရုပ်ပွားတော်သည်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ သမိုင်းဝင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။  ၎င်းကုန်းတော်ပေါ်တွင်စံပ္ပါယ်ကိန်းဝန်တော်မူသည့် မဟာမြတ်မုနိရုပ်ပွားတော်ကို အေဒီ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို ဗမာဘုရင် ဘိုးတော်ဘုရား သိမ်းပိုက်ပြီးနောက်မန္တလေး အမရပူ၇သို့ ယူဆောင်သွားခဲ့သည်။ ၎င်းနောက်ယခု လက်ရှိ ဟာမုနိဘုရားကို ၇ခိုင်ပြည်သူများအစားထိုး ကိုးကွယ်ထားသည့်တန်ခိုးကြီးမဟာမုနိ ရုပ်ပွားတော်ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရ သိ၇သည်။

မဟာမြတ်မုနိရုပ်ပွားတော်သည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က သွန်းလုပ်ခဲ့သည့် စစ်မှန်သေဗုဒ္ဓ၏ကိုယ်ပွားတော်ဖြစ် ၇ခိုင်လူမျိုးများက ယုံကြည်ကြသည်။ (NN-13)

#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.