Preview

ကျောက်တော်မြို့နယ်၊ တင်းမရွာရှိ ရေကင်းစခန်းအနီး မိုင်းပေါက်ကွဲ၍ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးဟုဆို

ဖေဖော်ဝါရီ ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :4047
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ၂၀/ ၂၀၂၃

၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊တင်းမရွာရှိ စစ်ကောင်စီတပ် ရေကင်းစခန်း အနီး  မိုင်းပေါက်ကွဲ၍ တပ်သား ၂ ဦးသေဆုံးခဲ့သည်ဟု ခိုင်လုံသည့် သတင်းအရင်းအမြစ်မှ သိ၇သည်။

ပြီးခဲ့သည် ဖေဖော်ဝါရီ၁၆ရက်နေ့ နံနက် ၉ နာရီခန့်တွင် တင်းမကျေးရွာ ရေကင်းစခန်းခြံစည်းရိုး အနီးတွင် မိုင်းတစ်လုံးပေါက်ကွဲ၍ စစ်သား၂ ဦးသေဆုံးသွားကြောင်းမျက်မြင်တစ်ဦးက ပြောသည်။

ရေကင်းစခန်းခြံစည်းရိုးအနီးတွင်မိုင်းတစ်လုံးပေါက်ကွဲတယ်။ စစ်သား ၂ယောက်သေတယ်။ နှစ်ယောက်မှာ တင်းမစခန်းမှာတစ်ယောက်သေတယ်။ နယ်မြေခံတပ်မမှာ နောက်တစ်ယောက် တစ်ယောက်သေတယ်။ နေဗီကရောက်နေတယ်ဆိုတော့ နယ်မြေခံတပ်မှာသေသွားတဲ့ တစ်ယောက်ကိုနေဗီနဲ့ယူသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိမယ်ထင်တယ် ဟုပြောသည်။

ရေကင်းစခန်းသည်တင်းမတောင်ရှည်တောင်ခြေအောက်တွင် ခြံစည်းရိုးကာထားသည့်နေရာဖြစ်ပြီး၊၎င်းနေရာ နှင့် တင်းမရွာ အစပ်တို့ကြားတွင် မိုင်းတစ်လုံးပေါက်ကွဲသံကိုကြားလိုက်သည့် အနီးအအနားရှိ ရွာသားတစ်ဦးကလည်း နိရဉ္စရာကို ပြောသည်။

ရေကင်းစခန်းဆိုတာကတင်းမတောင်ရှည်အောက်က  ခြံစည်ရိုးကာထားတာရှိတယ်။ အဲ့ဒီ ခြံစည်းရိုးက ရွာနဲ့ရေကင်းစခန်းနဲ့ အစပ် အဲ့ဒီနေရာမှာ ပေါက်တာဖြစ်ပါတယ်။ အဲလိုပေါက်တာကိုသူတို့လူတွေမကဘူး အနီးအနားက လူတွေလည်း အားလုံးကြား၇ပါတယ်။မိုင်းတစ်လုံးပေါက်တဲ့ အသံကြားလိုက်ပါတယ်။ နေဗီကလည်းရောက်နေတယ်။ လူချိန်းတယ် ပုံစံထင်တယ်။ အရင် နေတဲ့သူတွေထောင်ခဲ့မိုင်း ပုံစံမျိုးကျတယ်။ ၂ ယောက်သေတယ်လို့ မျက်မြင်တစ်ယောက်လည်း ဖုန်းဆက်လာတယ်ဟုပြောသည်။


တင်းမရေကင်းစခန်းသည် တင်းမရွာအစပိုင်းတွင်တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး၊ တင်းမတောင်ရှည် တောင်မှ တောင်ရှည်တောင်ခြေရင်းအောက်ကိုစခန်းခွဲချထားကာ ကုန်းလမ်းရေလမ်းကို စစ်ဆေးနေသည့်ရေကင်းစခန်းတစ်ခုဖြစ်ကြောင်း သိ၇သည်။

ယခုကဲ့သို့ ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုက စစ်သားများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ စစ်သားနှစ်ဦးသေဆုံးသွားခဲ့ကြောင်း ပြောဆိုသော်လည်း စစ်ကောင်စီပြည်နယ် နယ်လုံဝန်ကြီးနှင့်စစ်တပ်ဘက်ကို ဆက်သွယ်၍ မရသဖြင့် နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိသေးပါ။

တင်းမာကျေးရွာသည် မြန်မာစစ်တပ်စစ်ကြောင်းတစ်ခုသည် ၂၀၂၀ ခုနှစ် မလ်လအတွင်းက တင်းမသစ်ကျေးရွာထဲကိုဝင်ရောက်လာပြီး ရွာသား ၈ ဦးကို မျက်နာဖုံးစွပ်ကြိုးတုတ်ကာဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို  မတ်လ၁၆ ရက်နေ့တွင် တစ်ဖန် တင်းမကြီးကျေးရွာမှ ရွာသား ၁၀ ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယခုအချိန်ထိ ရွာသား ၂၀ ခန့် ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီးနာမည်ကြီးနေသည့် ကျေးရွာ တစ်ခုဖြစ်သည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.