နိရဥ္စရာ၊ ဖေဖော်ဝါရီ၂၀/၂၀၂၃
ရက္ခိုင့်တပ်တော် ( AA) အပစ်အခတ်ရပ်စဲထားစဉ် ကျောက်ဖြူနှင့်မြေပုံမြို့နယ်အကြားရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီကလက်နက်ကြီးများစမ်းသပ်ပစ်ခတ်ခဲ့
ယမန်နေ့ ဖေဖော်ဝါရီ၁၉ ရက်က ကျောက်ဖြူနှင့် မြေပုံမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင်စစ်ကောင်စီက လက်နက်ကြီးသံ (၁၀) ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဒေသခံများက ပြောသည်။
ရခိုင်တွင်အပစ်အခတ်ရပ်စဲထားချိန် ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်စမ်းသပ်မှုများ
"သေချာအသိပေးတာမျိုးလည်းမရှိဘဲ အခုလိုအေးချမ်းနေတဲ့ကာလမှာတော့ ပစ်သံခတ်သံတွေ ကြားနေ၇တာမျိုးက မဖြစ်သင့်ပါဘူး။ ဒါကပြည်သူလူထု အထိတ်တလန့်လည်း ဖြစ်စေသလို၊ လက်ရှိငြိမ်းချမ်းရေးကိုလည်းထိခိုက်လာစေနိုင်တယ်။ နောက်တစ်ခုက ရေသယံဇာတ ထိခိုက်မှုတွေပါဖြစ်စေတယ်" ဟု ပြောသည်။
ယခုကဲ့သို့ကြိုတင်သတိပေးမှုမရှိဘဲ လက်နက်ကြီး ပေါက်ကွဲသံများ ကြားခဲ့၇၍ ဒေသခံများအကြား အထိတ်တလန့်ဖြစ်
"သေချာဘာမှ အသိပေးတာ၊သတိပေးတာလည်းမရှိဘူးလေ။ နောက်မှသိ၇တာတော့ လက်နက်ကြီးလေ့ကျင့်တာပြောတာပဲ။အုပ်ချုပ်ရေးမှူးရုံးကိုတော့ စာပေးထားတယ်ပြောပါတယ်။ဘာဖြစ်မှန်းမသိတော့ ဒေသခံတွေမှာတော့ ကြောက်တာပေါ့"ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုသည်ကျောက်ဖြူမြို့နယ်ထဲမှ မာန်အောင်ကျွန်းတစ်ဝိုက်နှင့်မြေပုံမြို့ နယ်၊ ကျွန်းသာယာတစ်ဝိုက်မှာ စစ်ကောင်စီရေတပ်ဇက်နေဗီက လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုမျာ
ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့သည် ၂၀၂၂ ခုနှစ်တွင် တကျော့ပြန်တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီ
အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီကလူအင်အား၊ လက်နက်အင်အား နှင့် ရိက္ခာ ဖြည့်တင်းမှုများကို ကြေး၊ရေ ၊ လေကြောင်းတို့ဖြင့် ဆက်တိုက်ပြုလုပ်ခဲ့
ဓာတ်ပုံ- စစ်ကောင်စီရေယာဉ်တစ်စီးကို တွေ့၇စဉ်။