Preview

Facebook နှင့် Instagram အသုံးပြုသူများ အပြာရောင် အသိအမှတ်ပြု အမှတ်အသား ဝယ်ယူနိုင်ပြီ။

ဖေဖော်ဝါရီ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :977
ရခိုင် သတင်း

ဖေဖော်ဝါရီ ၂၁/၂၀၂၃

Facebook နှင့် Instagramအသုံးပြုသူများ အပြာရောင်အသိအမှတ်ပြုအမှတ်အသားကို ဝယ်ယူသုံးစွဲနိုင်ပြီဟု မိခင်ကုမ္ပဏီ Meta က ထုတ်ပြန်ကြေညာလိုက်သည်။

Meta အသိအမှတ်ပြု အပြာရောင် အမှတ်အသားရရှိရန်  ပုံမှန်အသုံးပြုသူများက တစ်လအမေရိကန်ဒေါ်လာ(၁၁.၉၉) နှင့် iPhones အသုံးပြုသူများက (၁၄.၉၉)ဒေါ်လာ ပေးသွင်းရမည်ဟု သိ၇သည်။

ဩစတြေးလျ နှင့်နယူးဇီလန်နိုင်ငံများတွင် ယခုတစ်ပတ်အတွင်း စတင်အသုံးပြုနိုင်မည်ဖြစ်ပြီးအခြားနိုင်ငံများ လောလောဆယ် မရရှိနိုင်သေးဟုဆိုသည်။

Meta ကုမ္ပဏီ၏ စီအီးအို မာ့ခ် ဇူကာဘတ်က ယခုလုပ်ဆောင်ချက်မှာ Facebook နှင့် Instagram တို့၏လုံခြုံရေးကို ပိုမိုတိုးမြှင့်စေရန် နှင့် စစ်မှန်စိတ်ချရသော ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတစ်ခု ဖြစ်လာစေရန် ရည်ရွယ်သည်ဟုဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလက Twitter ကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ်က ၄င်း၏ twitter အပြာရောင်အမှတ်အသားကိုသုံးစွဲသူများက ဝယ်ယူနိုင်ကြောင်း ကြေညာခဲ့ပြီးနောက် ဇူကာဘတ်က ယခုအစီအစဉ်ကိုစတင်ကြေညာလာခြင်းဖြစ်သည်။

Meta အသိအမှတ်ပြု အပြာရောင်အမှတ်အသား ဝယ်ယူခြင်းကိုစီးပွါးရေးလုပ်ငန်းများ မရရှိနိုင်သေးဘဲ တစ်ဦးချင်းအသုံးပြုသူများသာလျှောက်ထားရယူနိုင်မည်ဟုသိ၇သည်။

အပြာရောင် အမှန်ခြစ်အမှတ်အသားပါရှိသော Facebook နှင့် Instagramအကောင့်မှာ စစ်မှန်ပြီး အဆင့်မြင့်တရားဝင်အသိအမှတ်ပြုခံ၇သော အကောင့်အဖြစ် လက်ခံကြသည်။

လစဉ်ကြေးပေး၍ လျှောက်ထားသူများသည် Meta က အသိအမှတ်ပြုသည့်အပြာရောင် အမှန်ခြစ်အမှတ်အသား ရရှိမည်ဖြစ်ပြီး မိမိ၏ ပို့စ်အား မြင်တွေ့နိုင်မှုပိုမိုများပြားလာစေမည်ဖြစ်သလို အခြားသူတစ်ဦးဦးက မိမိအကောင့်အားဝင်ရောက်နှောက်ယှက်ခြင်းမပြုနိုင်သည့်အပြင် စီးပွါးရေးလုပ်ငန်းများနှင့်ချိတ်ဆက်ရာတွင် ပိုမိုလွယ်ကူချောမွေ့မှု ရရှိလာစေမည်ဟုလည်း ဆိုသည်။

ref: Reuters

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.