(ဓာတ်ပုံသတင်း)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၃
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ကျင်းပခဲ့သောMiss TMT 2023 ပြိုင်ပွဲတွင်Winner ဆုကိုရရှိခဲ့သည့်ရခိုင်အလှမယ် မစိုးထက်နွယ်က စစ်တွေမြို့ကိုရောက်ရှိလာပြီဖြစ်သည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက် ၁၁ နာရီခန့်ကရန်ကုန်မှတဆင့် စစ်တွေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး သူမ၏ပရိသတ်များက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။
အဆိုပါ Miss TMT 2023 ပြိုင်ပွဲ၏ Grand finalshow ကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၈ ရက်က၊ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် The Model Tachileikorganization က ကြီးမှူးကျင်းပခဲ့ရာ၇ခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Akyab Stars Arts andTalent centre မှသွားရောက်ယှဉ်ပြိုင်ခဲ့သည့် ၇ခိုင်အလှမယ် မစိုးထက်နွယ်က Winnerဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
မစိုးထက်နွယ်သည် ၎င်းပွဲမှ Winnerဆုအပြင် Miss Friendship Award၊ Miss CongenialityAward နှင့် MissIntelligence Award တို့ကိုလည်းရရှိခဲ့သေးသည်။
MissTMT 2023 ပြိုင်ပွဲကိုအနယ်အနယ်အရပ်ရပ်မှ အလှမယ် ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိ၇သည်။
မစိုးထက်နွယ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကကျင်းပခဲ့သည့် Miss Universe Myanmar 2022 ပြိုင်ပွဲတွင် Top10 အထိပါဝင်ခဲ့သူလည်းဖြစ်ပြီး MissBurma Sittwe 2021 ၏ Winnerဆုရှင်လည်းဖြစ်သည်။
လက်ရှိတွင် သူမသည် အသက် ၂၄ နှစ်ရှိပြီဖြစ်ကာစစ်တွေမြို့ရှိ ကိုယ်ပိုင်မူလတန်းကျောင်းတစ်ကျောင်းတွင် ကျောင်းဆရာမတစ်ဦးအဖြစ်လုပ်ကိုင်နေသူလည်းဖြစ်သည်။ (NN-12/8)