(နွေရာသီ မီးသတိပြုရန် အထူးလိုအပ်နေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၁ /၂၀၂၃
၇ခိုင်တွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့အတွင်း မီးလောင်မှုဖြစ်၍ ဆရာတော် ၁ ပါးနှင့် လူ ၃ ဦး သေဆုံးသွားကြောင်း နိရဥ္စရာသတင်းဌာနက ကောက်ယူထားသည့်စာရင်းအ၇ သိ၇သည်။
မီးလောင်မှုကြောင့် သေဆုံးသွားသူများမှာ ကျောက်တော်မြို့နယ်၊ မဟာမုနိကျေးရွာမှ ကိုမောင်သန်းစိုး (၃၀)နှစ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဦးပဏ္ဍ၀(၇၂)နှစ်နှင့် မြောက်ဦးမြို့နယ်၊ မြောင်းဘွယ်ကျေးရွာမှ ဒေါ်မစောသာ(၈၈)နှစ်နှင့်စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှ အသက် ၆၅ နှစ်အရွယ် မူဆလင်အမျိုးသား ၁ ဦး တို့ဖြစ်သည်။
သူတို့သည် ၇ခိုင်တွင် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၂၀ ရက်အတွင်း မီးလောင်မှုဖြစ်၍ သေဆုံးသွားကြခြင်းဖြစ်သည်။
သေဆုံးသူများအနက် ကိုမောင်သန်းစိုးသည် ဖေဖော်ဝါရီလ ၁၈ ရက်၊ ည ၉ နာရီအချိန်က ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားရွာရှိ ဈေးဆိုင်ခန်းတစ်ခုတွင် အိပ်နေစဉ် ယင်းဈေးဆိုင်ခန်းမီးလောင်စဉ် မီးထဲပါသွား၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျော
ယင်းနေ့နံနက်တွင်ပင် မြောက်ဦးမြို့နယ်၊ မြောင်းဘွယ်ကျေးရွာမှ အသက် ၈၈ နှစ်အရွယ်ရှိ ဒေါ်မစောသာသည်လည်း နေအိမ်တွင် ဆေးတံသောက်ရာမှ မီးပွားမီးစမှတဆင့် မီးလောင်မှုဖြစ်ပွားပြီး သေဆုံးခဲ့ကြောင်း သိ၇သည်။
စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှ အသက်၆၅ နှစ်အရွယ် မူဆလင်အမျိုးသားသည် နေမကောင်းဖြစ်နေသူတစ်ဦးဖြစ်ပြီးရွာအတွင်း မြေးငယ်လေးတစ်ဦးနှင့်နေထိုင်နေစဉ် ဇန်နဝါရီလအတွင်းကအိမ်တွင်တစ်ယောက်မျှမရှိချိန် မီးလောင်မှုဖြစ်၍ မီးထဲပါကာ သေဆုံးသွားခြင်းဖြစ်သည်ဟုကျေးရွာတာဝန်ခံ ဦးကျော်မောင်က နိရဥ္စရာကို ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ နေ့လယ်ပိုင်းကလည်း မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၄ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာကို ပြောသည်။
"လူတွေထိခိုက်တာတော့ မရှိပါဘူး" ဟု ပြောသည်။
ယခုကဲ့သို့ ၇ခိုင်တွင် ၂ လအတွင်း မီးလောင်မှုဖြစ်၍ လူ ၁ ဦးထိခိုက်ဒဏ်ရာ၇ပြီး လူနေအိမ်များနှင့် အဆောက်အအုံ ၃၀ ခန့်မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့
ယခုကဲ့သို့ မီးလောင်မှုမကြာခဏ မဖြစ်ပွားနိုင်အောင် မည်သို့ ကြိုတင်ကာကွယ်မှုနှင့် အသိပညာပေးမှုများ ဆောင်ရွက်နေသည်
ခြောက်သွေ့ရာသီရောက်လာပြီဖြစ်
ဓာတ်ပုံ - ဖေဖော်ဝါရီ ၁၁ ရက်က ပုဏ္ဏားကျွန်းမြို့ရှိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်း