Preview

စစ်တွေတစ်မြို့လုံးကို ဖြန့်ပေးဝေနေသည့် ကန်တော်ကြီးတွင် ရေလုံး၀ခမ်းခြောက်သွားပြီ

ဖေဖော်ဝါရီ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :3959
ရခိုင် သတင်း

(ဓာတ်ပုံသတင်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ၂၁/၂၀၂၃

ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေမြို့တစ်မြို့လုံးကို ရေပေးဝေနေသည့် ကန်တော်ကြီးရေကန်သည် ယခုအခါတွင်ရေလုံး၀ခမ်းခြောက်နေပြီဖြစ်ကြောင်း သိ၇သည်။

ယင်းသို့ ခမ်းခြောက်သွားပြီဖြစ်၍မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေရာတွင် အခက်အခဲရှိနေပြီးတချို့ရပ်ကွက်များတွင် သောက်သုံးရေရရှိမှု အခက်အခဲဖြစ်နေကြောင်းဒေသခံများက ပြောသည်။

အဆိုပါကန်တော်ကြီးရေကန်တွင် ရေများခမ်းခြောက်နေသဖြင့်ခွေး၊ နွားစသည့် တိရစ္ဆာန်များသည်လည်း ကန်တော်ကြီးအတွင်းဝင်ရောက်ကျက်စားနေကြသည်ကို တွေ့၇သည်။

ကန်တော်ကြီးသည် စစ်တွေမြို့ရှိရပ်ကွက်ပေါင်း ၃၀ ကျော်ကို ရေပေးဝေနေသည့်ကန်ကြီးဖြစ်ပြီး ယင်းရေကို သောက်ရေ၊သုံးရေအဖြစ်လည်း ဒေသခံများက အသုံးပြုကြသည်။

စစ်တွေမြို့တွင် နှစ်စဉ်နွေရာသီရောက်တိုင်းရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေ၇ပြီး ကန်တော်ကြီးရေ မရသည့်ရပ်ကွက်များတွင်အဝီစိတွင်းတူးပြီး မြေအောက်ရေကို သုံးစွဲနေကြ၇သည်။

စစ်တွေကန်တော်ကြီးကိုလွန်ခဲ့သည့် ၁၉၀၆ ခုနှစ်မှ စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လူနေထူထပ်မှုများပြားလာ၍ ကန်တော်ကြီးတွင် နှစ်စဉ်ရေခမ်းခြောက်မှု ပြဿနာနှင့်ကြုံတွေ့နေ၇သည်။

ယင်းကြောင့် ၂၀၁၄ခုနှစ်မှစတင်ကာ အစိုး၇က ကျပ်သိန်းပေါင်း မြောက်များစွာအကုန်အကျခံ တူးဖော်ခြင်းများကိုနှစ်စဉ်လိုလို ပြုလုပ်နေသော်လည်း ငွေသာကုန်ပြီး နှစ်စဉ်နွေရာသီရောက်တိုင်းစစ်တွေတွင် ရေရှားပါးမှုနှင့် ကြုံနေ၇ဆဲဟု မြို့ခံများကဆိုကြသည်။

 

ဓာတ်ပုံ- ရေလုံး၀ခမ်းခြောက်နေသည့် စစ်တွေကန်တော်ကြီးအား ဖေဖော်ဝါရီလ ၂၀ ရက် တွေ့၇စဉ်။

 

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.