နိရဥ္စရာ၊ ဖေဖော်ဝါရီ၂၂/၂၀၂၃
ရက္ခိုင့်တပ်တော်(AA)အတွက် အခွန်ကောက်ခံပေးသည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံထား၇သည့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ထောင်တွင်းလေဖြတ်ကာကျန်းမာရေးဆိုးဝါးစွာထိခိုက်နေ
ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ (ခ) ညီဒေါင်းချေသည် လက်ရှိတွင် ကိုယ်တစ်ခြမ်း လေဖြတ်နေ၍ ဆေးကုသမှုခံယူနေရပြီးစတီးရိုးထည့်ထား၇သည့် ညာဖက်လက်မောင်းမှာလည်း ပြည်တည်နေကာမလှုပ်နိုင်သည့်အခြေအနေဖြစ်နေ
"လေတစ်ခြမ်းဖြတ်နေပါတယ်။ လေဖြတ်တာက၄ ရက်လောက်ရှိပြီ ဒီနေ့တော့ ဆေးခန်းသွား ပြပါတယ်။ စတီးရိုးတပ်ထားတာလည်းပြည်ဖြစ်နေတယ်။ မလှုပ်နိုင်ဘူး။ ကျမတို့ကတော့ အရိုးပါ၇ဂူနဲ့ပြန်ပြချင်ပါတယ်။ဒါကိုကျတော့ ဆေးခန်းပြခွင့်မပြုဘူး။ အခုလေဖြတ်တာကိုတောင်စခန်းမှူးပြောလို့သိ၇တာ"ဟု ပြောသည်။
ဦးအောင်ကျော်လှ(ခ)ညီဒေါင်းချေအပါအဝင် မင်းပြားမြို့ခံ ၅ ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၈ ရက်၊ နံနက်အရုဏ်တက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်သားများက ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြ
ယင်းနောက် သူသည် မင်းပြားဒေသခံတစ်ဦးဖြစ်သည့်ဦးကျော်ညွန့်နှင့်အတူ ဒီဇင်ဘာလ ၆ ရက်တွင် AA အတွက် အခွန်ကောက်ခံပေးသည်ဟုဆိုကာမတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁/၂)ဖြင့် အမှုဖွင့်ခံခဲ့၇ခြင်းဖြစ်သည်။
လက်ရှိတွင်ကျန်းမာရေးမကောင်းဖြစ်နေ၍ ရုံးချိန်းကို အချိန်မဆွဲဘဲ မြန်မြန်အပြီးသတ် စစ်ဆေးစေလိုကြေ
"ကျမကတော့ရုံးချိန်းမှန်မှန်ချိန်းပြီး အမှုကိုမြန်မြန်ဖြတ်စေချင်ပါတယ်
ယမန်နေ့ ဖေဖော်ဝါရီ၂၁ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေမရောက်၍ဟုဆိုကာ စစ်ဆေးမှုတစ်စုံတစ်ရာမရှိဘဲရုံးချိန်း ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိ၇သည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီးပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက် ရုံးချိန်းတွင် တရားခံနှင့်တရားလိုတို့ကိုစစ်ဆေးခဲ့သည်။
(NN-7)