Preview

ကျောက်ဖြူတွင် "နှစ်တစ်ရာအကျိုးမျှော် ဝါးလက်မှုအခမဲ့သင်တန်း" ၂ ရက်တာ ပြုလုပ်မည်

ဖေဖော်ဝါရီ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :7840
ရခိုင် သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ၂၂/ ၂၀၂၃

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့တွင် "နှစ်တစ်ရာအကျိုးမျှော် ဝါးလက်မှုအခမဲ့သင်တန်း" ကို၂ ရက်တာ  ပြုလုပ်သွားမည်ဟုသတင်းရရှိသည်။

အဆိုပါသင်တန်းကို NayPyi Taw UNEC MM ကုမ္ပဏီလီမိတက်နှင့်Earth Vocational Training Center တို့ပူးပေါင်း၍ ကျောက်ဖြူမြို့၊အရာရှိရပ်ကွက်တွင် လာမည့် မတ်လ ၁၁ ရက်မှ၊ ၁၂ ရက်အထိ ၂ ရက်တိုင်တိုင်ပြုလုပ်သွားမည်ဟု သိ၇သည်။

ဒေသခံပြည်သူများလူနေမှုဘ၀မြှင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊  သဘာ၀အလျောက်ပေါက်ရောက်လျက်ရှိသည့်ဒေသထွက် ဝါးများကိုအခြေခံ၍ ဈေးကွက်ဝင် တန်ဖိုးမြှင့် လူ့အသုံးအဆောင်ပစ္စည်းများကိုပြုလုပ်ခြင်းဖြင့် တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေ တိုးပွားစေရေး၊အိမ်တွင်းမှုမှသည် မြန်မာ့လက်မှုလုပ်ငန်းရှင်များ တိုးပွားလာစေရေးစသည့်ရည်ရွယ်ချက်များဖြင့် ယခုသင်တန်းကိုပြုလုပ်ရန်စီစဉ်၇ခြင်းဖြစ်သည်ဟု Black Teak Group ကျွန်းနက်လုပ်ငန်း UNEC MMEducation Company MDEarth Vocational Training Center ၏တာဝန်ခံတစ်ဦးဖြစ်သူ ကိုနိုင်ထက်လင်းကု နိရဥ္စရာကို ပြောသည်။

"နှစ်တစ်ရာအကျိုးမျှော်ဆိုတဲ့ခေါင်းစဉ်အတိုင်းနှစ်တစ်ရာအကျိုးမျှော်ပြီး ဘယ်လိုပြုစု ပျိုးထောင်၇မလဲဆိုတဲ့ ပုံစံမျိုးနဲ့ ၇ခိုင်ပြည်တိုးတက်ဖွံ့ဖြိုးချင်တာတွေလည်းပါတယ်။ပြီးတော့ သဘာ၀အလျောက်ပေါက်ရောက်နေတဲ့ တကယ့်ဆေးဖက်ဝင်ဝါးပင်တွေကို ဘယ်လိုလူသုံးကုန် အသုံးအဆောင်ဖြစ်အောင်လုပ်မလဲ။တစ်ပိုင်တစ်နိုင်မိသားစုကနေပြီးတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်အောင်၊အခုလိုဝင်ငွေရှားပါးတဲ့အချိန်မှာ ဝင်ငွေလေးတွေလည်းရရှိအောင်သင်တန်းပေးတာဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါသင်တန်းကို တက်ရောက်ရန်ကျောက်ဖြူမြို့ရှိ နေရာပေါင်းစုံမှ ဘွဲ့၇လူငယ်များ၊ တက္ကသိုလ်ဆရာ၊ဆရာမများ၊ မူလတန်းပြဆရာ၊ ဆရာမများနှင့် အထက်တန်းပြဆရာ၊ ဆရာမအပြင်တစ်ခြားလူငယ် ၄၀ ကျော်မှာ စာရင်းသွင်းထားကြသော်လည်း နေရာအခက်အခဲကြောင့်သင်တန်းသား ၂၅ ဦးကိုသာ ရွေးချယ်သွားမည်ဟု ဆိုသည်။

"ကျွန်တော်တို့သင်တန်းကသူတို့အတွက်အကျိုးပြုမယ်လို့လည်း အများကြီးမျှော်လင့်တယ်။သင်တန်းမှာတက်ရောက်လာကြသူတွေကလည်း ကိုယ်၇လိုက်တာတွေကို မျှဝေပေးချင်တယ်ဆိုတဲ့ စိတ်နဲ့လာလျှောက်ကြတော့ နောင်နှစ်တစ်ရာတိုင်ဒီဝါးလက်မှုပညာက အဆင့်မြင့်မြင့်လာမယ်လို့ ယုံကြည်တယ်" ဟု ပြောသည်။

ယင်းသင်တန်းတွင် ဝါးဖြတ်တောက်ခြင်း၊ဝါးနှီးဖြာခြင်း၊ ဝါးဖြင့် ဘော(လ်)ပင်ခွက်ပြုလုပ်ခြင်း၊ဝါးမီးအိမ်ပြုလုပ်ခြင်း၊ ဓာတ်ပုံဘောင်ပြုလုပ်ခြင်း၊ ဝါး TissueBox များပြုလုပ်ခြင်း၊ပစ္စည်းများ QC စစ်ဆေးခြင်း၊ပစ္စည်းများဆေးသုတ်ခြင်းစသည့်ဘာသာရပ်များကို သင်တန်းနည်းပြဆရာ၊ ဆရာမ ၄ ဦးကသင်ကြားပို့ချသွားမည်ဖြစ်သည်ဟုလည်း ပြောသည်။

အဆိုပါသင်တန်းကိုကျောက်ဖြူမြို့အပြင် စစ်တွေနှင့် တောင်ကုတ်စသည့်မြို့များတွင်လည်းနောက်ထပ်ပို့ချသွားရန်ရှိသည်ဟု သိ၇သည်။ (NN-12)

ဓာတ်ပုံ -ကိုနိုင်ထက်လင်း

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.