Preview

ထိုင်းနိုင်ငံတွင် ရခိုင်အမျိုးသားသေဆုံးရုပ်အလောင်းရေမြောင်းအတွင်းကတွေ့ရှိ

ဖေဖော်ဝါရီ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :2574
ရခိုင် သတင်း

သူ့အိတ်ထဲက “ကျနော်မြန်မာနိင်ငံသားတစ်ယောက်ပါ။ ကျနော် လိပ်စာမရှိပါ။ စားစရာ နေစရာလည်း မရှိပါ။ စားစရာ နည်းနည်းကျွေးလို့၇မလားစာတစ်စောင်တွေ့ရှိ

 

နိရဥ္စရာ၊ဖေဖော်ဝါရီ ၂၂/ ၂၀၂၃

 

ထိုင်းနိုင်ငံ၊နခွန်ပထုံခရိုင်၊ ဘန်လင်းမြို့နယ်ရှိ ရေမြောင်းအတွင်းကနေ ရခိုင်အမျိုးသားတစ်ဦး၏ သေဆုံး ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်းထိုင်းဒေသသတင်းဌာနများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများထံကသိရှိ ၇သည်။

 

သေဆုံးရုပ်အလောင်းဆယ်ယူပြီးတော့သူ့အိတ်တွေ့တယ်လေ။ သူ့အိတ်ထဲက သူ့မှတ်ပုံတင်မှာ လူမျိုးက ရခိုင်လို့ ရေးထားတော့ ရခိုင်လူမျိုးပဲပေါ့။အလုပ်မရှိ စိတ်ဓာတ်ကျပြီး သေတာလား။ ဘယ်လို သေတာလဲတော့ မသိ၇သေးဘူး ဟုထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းလုပ်သား တစ်ဦးက ပြောသည်။

 

၎င်းသေဆုံးရုပ်အလောင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင်ရေမြောင်းဘေးနား ကမ်းစပ်၌ မှောက်လျက်မျောနေသည်ကို အမျိုးသမီး တစ်ဦးကစတင်တွေ့ရှိခဲ့ပြီးသက်ဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိ၇သည်။

 

သေဆုံးသူသည်ဘောင်းဘီတို၊ တီရှပ်အပြာရောင်ဝတ်ဆင်ထားပြီး လွယ်အိတ် (၁)လုံး လွယ်ထားကြောင်း သိရှိ၇သည်။

 

လွယ်အိတ်အတွင်းမှနိုင်ငံသားစစ်ဆေးရေးကတ်ပြားနှင့် အခြား ကတ်ပြား (၂)ခုကိုတွေ့ရှိခဲ့ပြီး မြန်မာိုင်ငံသားစစ် ဆေးရေးကတ်ပြားတွင် အမည်- မောင်သန်းရွှေ၊ အဖအမည် - ဦးမောင်ကျန်ထွန်း၊ လူမျိုး/ဘာသာ - ၇ခိုင် /ဗုဒ္ဓဘာသာဟုဖော်ပြထားကြောင်းတွေ့ရှိ၇သည်။

 

၎င်းအပြင်ကျနော်မြန်မာနိင်ငံသားတစ်ယောက်ပါ။ ကျနော် လိပ်စာမရှိပါ။ စားစရာ နေစရာလည်း မရှိပါ။ စားစရာ နည်းနည်းကျွေးလို့ရမလား၊ထိုင်းစကားလည်း ကျနော် မပြောတက်ပါ။ ကျနော်ကို သနားပါ။ စားစရာနဲ့ ရေ ၇နိုင်မလားဟုထိုင်းဘာသာဖြင့်ရေးသားထားသည့် စာတစ်စောင်ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရှိ၇သည်။

 

သေဆုံးမှုနှင့်ပတ်သက်ပြီး ထိုင်း ဒေသအာဏာပိုင်များမှ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး Nakhon Pathom ဆေးရုံသို့ပို့ဆောင် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရှိ၇သည်။

 (NN – 25)

 ဓာတ်ပုံ- သေဆုံးရုပ်အလောင်း (Prayun Noibuangam)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.