တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရမ်းဗြဲနယ်ရှိ သမိုင်းဝင်မိဖုရားစောမဲကျီ၏အရိုးဂူနှင့်လွမ်းစေတီရင်ပြင်တော်တွင် ကွန်ကရစ်ခင်းခြင်းမှာ ဘုရားဖူးသူများ အဆင်ပြေစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.5k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၃/၂၀၂၃

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ရခိုင်မိဖုရား စောမဲကျီ၏အရိုးဂူနှင့် လွမ်းစေတီရင်ပြင်တော်ကို ကွန်ကရစ် ခင်းခြင်းမှာ ဘုရားဖူးသူများ အဆင်ပြေပြေ ဘုရားဖူးနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး ကြွေပြားများပါ ပ်ခင်းဦးမည်ဖြစ်ကြောင်း  ကန်ဒိုင်းတိုက်နယ် အတွင်းရေးမှူး ဦးအောင်ရွှေက နိရဉ္စရာကို ပြောသည်။

ဘုရားဖူးဖို့လာတဲ့သူတွေဟာ ဖုံတွေထပြီးတော့ ရှိခိုးတာ၊ ဂါရ၀ပြုကြရတော့ အဆင်မပြေလို့ အလှူရှင်တွေက တိုက်နယ် သံဃာတော်တွေနဲ့ တိုင်ပင်ပြီးတော့ ရင်ပြင်ကို ကွန်ကရစ် ခင်းတာပါ။ ဘုရားနဲ့ အရိုးဂူကို ပြုပြင်တာ မဟုတ်ပါ။ ာတစ်ခုမှလည်း ပျက်စီးသွားတာ မရှိပါဘူး။ ထိန်းသိမ်းစောင့်ရှောက်တဲ့ အနေနဲ့ပါ။ လာသမျှလူတွေကို သန့်သန့်ရှင်းရှင်းနဲ့ ဘုရားဝတ်ပြုအောင် လုပ်ပေးရုံပါ။ အပေါ်က ထပ်ပြီးတော့ ကြွေပြားခင်းဖို့ရှိပါသေးတယ် ဟုပြောသည်။

ရခိုင်မိဖုရားစောမဲကျီ၏ အရိုးဂူနှင့် လွမ်းစေတီရင်ပြင်တော်သည် ကန်ဒိုင်းတိုက်နယ် အတွင်းပြင်ရွာနှင့် မီးကျောင်းတက်ရွာကြားတွင် တည်ရှိပြီး ရင်ပြင်တော်များကို ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ စတုရန်း ၂၅ ပေရှိသည့် ကွန်ကရစ်အခင်း ခင်းခဲ့ကြခြင်းဖြစ်သည်။

ကန်ဒိုင်းတိုက်နယ် အတွင်းရေးမှူး ဦးအောင်ရွှေက ကန်ဒိုင်းတိုက်နယ်ရှိ သံဃာ့အဖွဲ့ ဥက္ကဋ္ဌ၊ ကန်ဒိုင်းတိုက်နယ် ဂေါပကအဖွဲ့အပါအဝင် ရန်ကုန်နှင့် ပြည်တွင်းပြည်ပမှအလှူရှင်များ ဦးဆောင်ကာ တိုင်ပင်ပြီး ခင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်ဘက်တွင်လည်း ယင်းသို့ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုကို ကွန်ကရစ်ခင်းလိုက်သည့် အပေါ်  ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ ပျက်စီးသွားသည်ဟုဆိုကာ လှုမှုကွန်ရက် စာမျက်နှာပေါ်၌ ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိနေသည်။

အရိုးဂူနှင့် လွမ်းစေတီကို အစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်လာသူ အတွင်းပြင်ရွာမှ ဦးဌေးခိုင်က ရမ်းဗြဲက မိဖုရားစောမဲကျီနဲ့ ပတ်သက်တဲ့ မြောက်ဦးခေတ်လက်ရာ တစ်ခု မြင်ကွင်းဟာ ပျောက်ကွယ်သွားတဲ့အတွက် နှမြောတယ်လို့ပဲ ပြောချင်ပါတယ်။ ပျက်စီးသွားတယ်ပေါ့။ ပုရဝုဏ်စေတီမှာ သူတို့ကွန်ကရစ်ခင်းတဲ့အခါမှာ အရိုးဂူရဲ့ ဖွဲ့စည်းပုံဟာ အောက်ကဖောင်ဒေးရှင်းဘောင်တွေဟာ ပျက်စီးပျောက်ကွယ်သွားတယ်လို့ မြင်တယ် ဟုပြောသည်။


အဆိုပါရှေးဟောင်းလက်ရာများကို ထိန်းသိမ်းထားရမည့်အစား ကွန်ရစ်ခင်းလိုက်သည့်အတွက် သမိုင်းတန်ဖိုးဆုံးရှုံးသွားရသည်ဟု ရမ်းဗြဲမြို့၊ လေးတောင်မြို့နယ်မှ ဦးတင်မိုးက နိရဉ္စရာကို ပြောသည်။

မိဖုရားစောမဲကျီရဲ့ ရင်ကွဲနာကျပြီး၊ ပူဆွေးသောကဖြစ်ပြီး လူးနေခဲ့တဲ့နေရာမှာ မြက်မပေါက်တဲ့ နေရာတွေကိုပါ စောမဲကျီအုတ်ဂူကို ရင်ပြင်တော်လုပ်တယ်ဆိုပြီးတော့ ကွန်ကရစ်ခင်းလိုက်ကြတယ်။ စောမဲကျီက ပုဏ္ဏားကျွန်း၊ ရေပေါက်ချောင်းရွာသူလိုလို၊ ရမ်းဗြဲ၊ ရမ္မာဝတီ၊ အတွင်းပြင်ရွာသူလိုလို ငြင်းခုံတာတွေလည်းတွေ့နေရတယ်။ မိဖုရားစောမဲကျီရဲ့ ဇာတိတည်နေရာအမှန်ပါလို့ ပြလို့ရတဲ့ သမိုင်း အထောက်အထားအနေနဲ့ ဒီအရိုးအုတ်ဂူ၊ လွမ်းစေတီ၊ စောမဲကျီသစ္စာဆိုပြီး၊ ရေဆန်မျောခဲ့တဲ့ ဆန်တက်ချောင်း(စိန်တောက်ချောင်း) ဆိုတဲ့နေရာတွေဟာ သမိုင်းအထောက်အထားတွေက ထိုနေရာတွေမှာပဲ တကယ်ရှိနေပါတယ် ဟုပြောသည်။

မိဖုရားစောမဲကျီသည် ရမ်းဗြဲမြို့ အနောက်တောင်ဘက် ကန်ဒိုင်းနယ်ရှိ ရွာရင်းရွာဇာတိပြီး မြောက်ဦခေတ် ရခိုင်သမိုင်းတွင် ထင်ရှားသည့် မိဖုရားတစ်ဦး ြစ်သည်။

စောမဲကျီသည် အပျိုအရွယ်တွင် ချောင်း၌ ငါးရှာကြစဉ် ပတ္တမြားတစ်လုံးကို ကောက်ယူရရှိခဲ့၍ ရခိုင်ဘုရင် မင်းဗာကြီး၏ ခေါ်ယူမိဖုရားမြှောက်ခြင်းကို ခံခဲ့ရသူဖြစ် ပတ္တမြားဒေဝီစောမဲကျီ အမည်ဖြင့် ထင်းရှားခဲ့သူဖြစ်သည်ဟု ရခိုင်သမိုင်းများတွင်ဖော်ပြထားသည်။

နောက်ပိုင်းတွင် ငယ်ချစ်ဦး ပန်းရံဆရာ မောင်ရွှေသီးနှင့် ယုံမှားသံသယဖြစ်ရာမှ ဘုရင် မင်းဗာကြီးက မိဖုရားစောမဲကျီကိုဘသူ့ဇာတိမြေတွင် ကွပ်မျက်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။

ကြွင်းကျန်ရစ်သည့် သူ့အရိုးကို ဂူသွင်းခဲ့ပြီး လွမ်းစေတီတစ်ဆူကိုလည်း သူမ၏ ဂူအနီးတွင် တည်ထားကိုးကွယ်ခဲ့ကြပြီး လက်ရှိ ကွန်ကရစ်ခင်းခဲ့သည်မှာ အရိုးဂူနှင့် စေတီမှာ စောမဲကျီဂူနှင့် လွမ်းစေတီဖြစ်ကြောင်း ဒေသခံများက စွဲမှတ်ယုံကြည်ထားကြသည်။ (NN-13)

ဆက်စပ် သတင်းများ