တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မင်းပြားမြို့ထဲ လက်နက်ကိုင်စစ်ကောင်စီတပ်သားများ မကြာခဏဝင်ရောက်မှုမျာရှိနေ၍ ဒေသခံများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 984

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၃

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်သားများက မကြာခဏ ဝင်ရောက်မှုများရှိနေသည့်အတွက် မြို့နေလူထုအနေဖြင့် စိုးရိမ်စိတ်များ ြစ်ပေါ်နေကြသည်ဟု သိရသည်။

 

မန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက်ပိုင်းကဆိုလျှင်လည်း အင်အား ၄၅ ဦးခန့်ပါသည့် စစ်ကောင်စီ တပ်သားများက မင်းပြားမြို့ထဲသို့ဝင်လာကာ ဆေးရုံ၊ ဘဏ်၊ ပန်းခြံ၊ ဈေးနှင့် ကားဂိတ်တို့အနီးတွင် နေရာယူမှုများရှိခဲ့သည်ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။

 

"သူတို့က ဆေးရုံနားတွေမှာ၊ ပန်းခြံနားတွေမှာ အစုလိုက်၊ အစုလိုက် ရှိတယ်။ တစ်စုမှာ အင်အား ၁၀ လောက်ပါတယ် အဲသလို နေရာယူထားတော့ ဒေသခံတွေက စိုးရိမ်ကြတာပေါ့လေဟု ပြောသည်။

 

မင်းပြား ဒေသခံအမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီတပ်သားများ မြို့ပေါ်တွင် လုံခြုံရေး ယူနေသည်မှာ မှန်ကန်ပြီး သူတို့ရှိနေသည့်အတွက် စိုးရိမ်စိတ်များဖြစ်နေသည်ဟု ဆိုသည်။

 

ဟိုအပတ် နေနေ့လောက်က ကင်းဆိပ်ဘက်မှာ ဖုန်းတွေကို စစ်တယ်ကြားလိုက်တယ်။ အမြဲတမ်း ရောက်ကြတယ်သူတို့။ သူတို့ရောက်လာရင်တော့ စိုးရိမ်ကြတယ်။ သူတို့ဖမ်းရင် ခံရမယ်။ ပြည်သူလူထုက ဘာမှမတတ်နိုင်ဘူး။ သူတို့လုပ်ရင် ခံရမယ်ဟုဆိုသည်။

 

ယခုအချိန်သည် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ အပစ်အခတ် ရပ်စဲထားသည်ဟုဆိုသော်လည်း မည်သည့်နေ့တွင် တိုက်ပွဲပြန်ဖြစ်မည်ကို မသိသည့်အတွက် မင်းပြားမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ လက်နက်ကိုင်ဆောင်ပြီး လုံခြုံရေးယူ၍မြင်လျှင် တိုက်ပွဲပြန်ဖြစ်မည်လားဟု စိုးရိမ်စိတ်ဖြစ်မိသည်ဟု မင်းပြား ဒေသခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

 

တိုက်ပွဲများပြန်ဖြစ်မလားဆိုပြီး စိုးရိမ်စိတ်ကတော့ ဖြစ်တယ်။ မြို့ထဲမှာ တွေ့ရင် သူတို့မှာက ဖမ်းချင်တဲ့သူကို ဖမ်းတာတွေရှိတာကိုး။ သူတို့မှာက ဘာဥပဒေမှ၊ စည်းမျဉ်းစည်းကမ်းလည်း ရှိတာမဟုတ်ဘူး ရခိုင်ပြည်မှာက သူတို့ပါးစပ်ကထွက်တာက ဥပဒေဖြစ်နေတော့ လူတွေက စိုးရိမ်စိတ်တွေရှိကြတာပေါ့ဟုပြောသည်။

 

စစ်ကောင်စီတပ်က မင်းပြားမြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း ပြည်သူလူထု သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်နေကာ စစ်ကားဖြင့် မြို့ပတ်လှည့်လည်မှုများလည်းရှိသည်ဟု ဒေသခံများက ပြောသည်။ (NN-3)

 

ဓာတ်ပုံ- ပုံဟောင်း

ဆက်စပ် သတင်းများ