Preview

ပြည်သူများနေ့စဉ်အသုံးပြုနေသည့် ၇သေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းကို ဒေသတည်ငြိမ် အေးချမ်းနေပြီဖြစ်သော်လည်း စစ်ကောင်စီက (၉)လကျော်ကြာဆက်လက်ပိတ်ထား

ဖေဖော်ဝါရီ ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :1319
ရခိုင် သတင်း

(၎င်းကားလမ်းပိတ်ထားခြင်းမှာ ဒေသခံပြည်သူများသွားလာရေး ဒုက္ခရောက်ရန် စစ်ကောင်စီက တမင်ရည်ရွယ်ပုံ၇)

 

 နိရဥ္စရာ၊ဖေဖော်ဝါရီ ၂/ ၂၀၂၃

ဒေသခံပြည်သူများအတွက် ခရီးသွားလာရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါသည့်ကားလမ်းတစ်ခု ဖြစ်သည့် ၇သေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းကိုစစ်ကောင်စီက ပိတ်ထားသည်မှာ (၉) လကျော် ရှိလာပြီဖြစ်ကာ ဒေသတည်ငြိမ်အေးချမ်းနေပြီဖြစ်၍ ၎င်းလမ်းကို ပြန်ဖွင့်ပေးရန်ဒေသခံများ ထပ်မံတောင်းဆိုနေကြကြောင်းသိ၇သည်။


ရခိုင်တွင်ရက္ခိုင့်တပ်တော်(AA)နှင့်အာဏာသိမ်းစစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ် ၊ဇွန်လကပင် စတင်ပြီး ၇သေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းကိုစစ်ကောင်စီတပ်က ပိတ်ထားခဲ့ရာ လက်ရှိတွင် ၉ လကျော်ထိကြာမြင့်နေပြီဖြစ်သည်။

 

ဒေသအတွင်း ပြည်သူများမှာ အဆိုပါကားလမ်းကိုပိတ်ထားသဖြင့် စစ်တွေမြို့သို့ သွားရောက်ရာတွင် ကုန်းတစ်တန်၊ ရေတစ်တန်သွားလာနေရသဖြင့်အချိန်ပိုကုန်ပြီး ငွေကြေးလည်း မလိုအပ်ဘဲ ကုန်ကျနေ၇သည်ဟု ဒေသခံများက ပြောဆိုသည်။

 

ဒေသခံ တစ်ဦးက အခုကနယ်မြေလည်း ငြိမ်းချမ်းနေပြီ။ စစ်တပ်နဲ့ အေအေ အကြားမှာလည်း ပြေလည်မှုတွေ ရှိနေပြီ။အခုလို အခြေအနေ မျိုးမှာ ဒီကားလမ်းပိတ်ထားတာက ဒေသခံပြည်သူတွေ သွားလာရေးဒုက္ခရောက်ရုံကလွှဲပြီး ဘာမှ အကျိုးမထူးဘူးဟုပြောဆိုသည်။


ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလကပင် နှစ်ဘက်အပစ်အခတ်ရပ်စဲထားပြီး ပိတ်ထားသည့်လမ်းများကိုစစ်ကောင်စီက ပြန်ဖွင့်ပေးခဲ့သော်လည်း အဆိုပါ၇သေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းကိုမူစစ်ကောင်စီက ဆက်လက်ပိတ်ထားသည့်အတွက် အမြန်ဆုံးပြန်ဖွင့်ပေးရန် ဒေသခံများကတောင်းဆိုနေကြခြင်းဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ရက်အထိ အဆိုပါလမ်းတွင် ကားများပြေးဆွဲခွင့်မရသေးကြောင်း ၇သေ့တောင်ဒေသခံကားသမားတစ်ဦးက ပြောသည်။

"ဒီနေ့အထိ ကားတွေသွားခွင့်မရသေးဘူး။ဘေးတွဲနဲ့ ဆိုင်ကယ်တွေတော့ သွားခွင့်၇တယ်။ ကားမမောင်းရတော့ကြုံရာအလုပ်လုပ်စားနေရတယ်" ဟု နိရဥ္စရာသို့ ပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၆ ရက်က ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီတပ်သားတစ်ဦးကိုရက္ခိုင့်တပ်တော်(AA)ကဖမ်းဆီးခဲ့ပြီးသည့်နောက် ယင်းလမ်းကို စစ်ကောင်စီဘက်က စတင်ပိတ်ပင်ထားခဲ့ခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

 

အဆိုပါပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကာလရှည်ကြာပိတ်ထားသည့်အတွက် ဒေသတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးအခက်အခဲများရှိနေသကဲ့သို့ယင်းကားလမ်းကြားရှိကျေးရွာပေါင်း ၇၀ နီးပါးမှ ဒေသခံများ၏ ဆေးဝါးကုသရေးနှင့်အရေးပေါ်ပို့ဆောင်မှုများအတွက် ခက်ခဲနေကြောင်း နောက်ထပ် ၇သေ့တောင်ဒေသခံတစ်ဦးကပြောသည်။

"တပြည်လုံးကလမ်းတွေဖွင့်ပြီးတော့ ဒီလမ်းကျတော့သွားခွင့်မ၇သေးဘူး။အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ တောင်း ဆိုပါတယ်။လမ်းပိတ်ထားတော့ ကုန်သည်တွေနဲ့ ကားသမားတွေလည်း အခက်အခဲ ဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့ဒေသခံတွေ မကျန်းရေးာရေးအရေးပေါ်ဆေးကုဖို့လည်းခက်တယ်။လူနာတွေဘာတွေ စစ်တွေဆေးရုံပို့မယ်ဆိုရင် ကားလမ်းကဆိုရင်သိပ်မကြာဘူးလေ"ဟု ပြောသည်။

ယခင်က အဆိုပါကားလမ်းတွင်လေးဘီးယာဉ်အစီး ၃၀ ဝန်းကျင်လောက် ပြေးဆွဲခဲ့ကြကြောင်း၊ လက်ရှိတွင်ကားလမ်းကိုပိတ်ထားသည့်အတွက် ယာဉ်ပိုင်ရှင်အများစုမှာ အလုပ်အကိုင်ရှားပါးပြီးပြည်ပသို့ ထွက်ခွာ အလုပ်လုပ်သွားကြသည်ဟု ပုဏ္ဏားကျွန်း-၇သေ့တောင်ကားလမ်းတွင်ပြေးဆွဲခဲ့သည့် ဒေသခံကားသမားတစ်ဦးက ပြောသည်။

"စစ်တပ်က ဘာကြောင့်ဒီလမ်းပိတ်ထားတယ်ဆိုတာကျွန်တော်တို့နားမလည်ဘူး။ မသုံးသပ် တတ်ပါဘူး။ ဒီလောက် အလုပ်အကိုင်ကျပ်ပြီးလူတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ဒေသခံပြည်သူတွေ စားဝတ်နေရေး ရှောင်လည်ဖို့  ဒီကားလမ်းကိုတော့ ဖွင့်ပေးသင့်တာပေါ့။ ခုလိုပိတ်ထားတော့ ကျနော်တို့တွေ အတွက် အလုပ်အကိုင်တွေရှားနေတယ်" ဟုပြောသည်။

အဆိုပါပုဏ္ဏားကျွန်း-၇သေ့တောင် ကားလမ်းပေါ်တွင် စစ်ကောင်စီကဂိတ်သုံးခုဖြင့် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး ယင်းဂိတ်များမှာ လက်ဝဲစာတိုက်ဂိတ်၊ပေါက်တောပြင်ဂိတ်၊ ဖက်ကျကျေးရွာနှင့် ပိန္နဲတောကျေးရွာကြားဂိတ်တို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ (NN-23)

#လမ်းပန်းဆက်သွယ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.