နိရဥ္စရာ၊ ဖေဖော်ဝါရီ၂၅ / ၂၀၂၃
၇ခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့၊ တောင်ပိုင်းရပ်ကွက်တွင် ညဉ့်အချိန်နေအိမ်အတွင်းဝင်ရောက်ဓားပြတိုက်ပြီး အိမ်ပိုင်ရှင်ကိုသတ်ဖြတ်ခဲ့၍သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ ဓားပြတိုက်သတ်ဖြတ်ခံရ၍သေဆုံးခဲ့သူမှာ တောင်ပိုင်းရပ်ကွက်မှ မြတ်နိုးသူမိတ်ကပ်နှင့်အလှပြင်ဆိုင်ပိုင်ရှင်လည်းဖြစ်၊ မင်္ဂလာပွဲနှင့်ရှင်ပြုပွဲစသည့်ပွဲအခမ်းအနားပြင်ဆင်သည့်လုပ်ငန်
၄င်းနေအိမ်အတွင်းသေဆုံးနေသည်ကို ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်ပိုင်းက အလှပြင်ဆိုင်တွင် အလုပ်လုပ်နေသည့်
"ကျွန်တော်တို့လည်း ဘယ်အချိန်ဖြစ်သွားတယ်ဆိုတာအတိအကျမသိ၇သေးဘူး။ သူ့မှာ အိမ်နဲ့ တွဲပြီးတော့ အလှပြင်ဆိုင်ဖွင့်ထားတယ်။ဒီနေ့မနက်က သူ့ဆိုင်မှာ လုပ်တဲ့ကောင်မလေးက ဆိုင်ဖွင့်ချိန်လာတော့မှသေနေတာတွေ့တာလို့ သိ၇တယ်" ဟု ပြောသည်။
ယင်းသို့သတ်ဖြတ်ခံရမှုမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ ညဉ့်အချိန်နှင့် မနက်အစောကြီးတွင် ဖြစ်နိုင်ကြော
"သူက တစ်ယောက်တည်းနေပြီးLGBT တယောက်ပါ။သူ့မှာက အလှပြင်လုပ်ငန်းလည်းရှိတော့ ဝင်ငွေကောင်းပြီး ငွေတွေကြေးတွေရှိတယ်။ပြီးရွှေတွေဘာတွေလည်း အသင့်အတင့်ရှိနိုင်ပါတယ်။ အဲဒါတွေကိုဓားပြတိုက်ဖို့လာရင်း သတ်ဖြတ်ခံ၇တာဖြစ်နိုင်တယ်" ဟုဆက်ပြောသည်။
သူသေဆုံးမှုနှင့်ပတ်သက်ပြီး ယနေ့မနက်ပိုင်းကအခင်းဖြစ်ပွားရာနေအိမ်သို့ ရဲများကသွားရောက် စစ်ဆေးချိန် နေအိမ်ခြံ၀တွင်အမျိုးသားစီးဖိနပ်တစ်ရံတွေ့ခဲ့
အဆိုပါကိစ္စနှင့်ပတ်သက်၍ မည့်သည့်ပစ္စည်းများဓားပြတိုက်ခံရပြီး မည်သို့သတ်ဖြတ်ခံခဲ့၇သည်ကို အသေးစိတ်သိရှိနိုင်ရန်တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေး
ဆက်လက်ပြီးကမ်းထောင်းကြီးရဲစခန်းမှ ဗိုလ်လေးနိုင်ဝင်းအား ဆက်သွယ်ခဲ့သော်လည်းအဆက်သွယ်မရရှိသည့်အတွက် အသေးစိတ်ကို မသိရှိနိုင်သေးပေ။
ယခုကဲ့သို့ ခိုးဆိုးလုယက်မှုနှင့်ဓားပြတိုက်သတ်ဖြတ်မှုများမှာ ပြည်နယ်မြို့တော်စစ်တွေ၊ သံတွဲ၊တောင်ကုတ်နှင့် မြို့နယ်တချို့တွင် ခပ်စိပ်စိပ်ဖြစ်ပွားလာနေသည့်အတွ
ထိုသို့ ခိုးမှု၊လုယက်မှု၊ ဓားပြမှု၊ လူသတ်မှုများ တစ်နေ့တစ်ခြားတိုးပွားလျက်ရှိပြီ