နိရဥ္စရာ၊ ဖေဖော်ဝါရီ၂၅/၂၀၂၃
သဘာ၀ဓာတ်ငွေ့ များစွာထွက်ရှိသော ၇ခိုင်ပြည်နယ်တွင် လျှပ်စစ်မီးမှာတစ်နေ့ ၂ ကြိမ်မှ ၃ ကြိမ်ထိ ပျက်ပြီး တစ်ကြိမ်ပျက်လျှင် (၅) နာရီထိ ကြာမြင့်သဖြင့်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများမှာ အလွန်တရာ အခက်အခဲဖြစ်နေကြသည်ဟု သတင်းရရှိသည်။
စစ်တွေမြို့မှဆရာမတစ်ဦးက“ကျောင်းမှာအဆောင်နေတဲ့ကျောင်းသား၊ ကျောင်းသူတွေရှိတော့ ဒီလိုမီးပြတ်တတ်တော့အားဖြည့်သုံးလို့ရတဲ့ မီးလုံးတွေ ဝယ်ထား၇တယ်။ မီးလုံးတွေ ဝယ်တာဘယ်လောက်တောင်ရှိပြီလည်း မသိဘူး။ အသုံးခံတဲ့ မီးလုံးတွေရှိသလိုဝယ်လို့ ဘယ်လောက်မကြာဘူး။ ပျက်သွားတာတွေလည်းရှိတာပေါ့။ စာမေးပွဲနီးနေပြီဆိုတော့မီးလာရင် ပိုကောင်းတာပေါ့။ ဒါမှ အဆင်ပြေမှာကိုး ” ဟုပြောသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလာမည့် မတ်လအတွင်း စာမေးပွဲဖြေဆိုရတော့မည်ဖြစ်သလို တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို
အဆိုပါကျောင်းသူ/သားများအနေဖြင့်
“ မီးကတော့ပြတ်တာကတော့ပြောမနေနဲ့။ မနက်လည်းပြတ်တယ်။ ညဆိုရင် ၈ နာရီလောက်ပြတ်ရင် ၁၁နာရီလောက်ပြန်လာတယ်။ အချိန်အတိကျတော့ မရှိဘူး။ ဆယ်တန်းစနစ်ဟောင်းကဒီတစ်နှစ်ပဲ ရှိတော့တယ်လေ။ သားကို အောင်စေချင်တာပေါ့။ စာမေးပွဲလည်း နီးနေပြီဆိုတော့မီးကိုပုံမှန်လေး လာစေချင်တယ်။ ဒါမှ ကျောင်းသားတွေအတွက်အဆင်ပြေမှာပေါ့”ဟုပြောသည်။
အလားတူမြောက်ဦးမြို့တွင်လည်း လျှပ်စစ်မီးများ မကြာမကြာ ပြတ်တောက်မှုများရှိနေ၍ကျောင်းသားများမှာ စာကိုစိတ်ပါဝင်စားမှုအားနည်းလာ
“စိတ်ဝင်တစားနဲ့ စာကျက်နေတုန်းမီးကလည်းပျက်၊ အားဖြည့်မီးလုံးကလည်း အဆင်မပြေတော့ ကျောင်းသား ကျောင်းသူတွေကို အရမ်းထိခိုက်နေတယ်။. စာကို စိတ်ဝင်တစားဖတ်နေတဲ့ အချိန် မီးပြတ်သွားတော့စာကိုစိတ်ဝင်စားမှုတွေနည်းလာတယ်။ စိတ်ပျက်စရာတွေဖြစ်လာတယ်” ဟုပြောသည်။
ယခုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်မှုများနေ၍ကျောင်းသား၊ ကျောင်းသူများ စာကျက်၇သည်မှာ အဆင်မပြေမှုများဖြစ်နေသည့်အတွက်မီးအချိန်မှန် ရရှိနိုင်ရေးအတွက် တောင်းဆိုမှုများလည်း ရှိနေကြသည်။
ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ၈ ရက်မှ ၁၈ ရက်အထိ စစ်ဆေးသွားမည်ဖြစ်ပြီး ၇ခိုင်မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း၁၉,၁၆၅ဦး ဝင်ဖြေမည်ဟု ပြည်နယ်ပညာရေးမှူးရုံးစာရင်းအ၇ သိ၇သည်။
၂၀၂၂ ခုနှစ်တွင်စစ်ကောင်စီသည် ၇ခိုင်က ထွက်သည့် သဘာ၀ဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ (၁ဒဿမ၄၃) ဘီလီယံထိ တင်ပို့ရောင်းချခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ပုံမှန်ရရှိအောင်မလုပ်ဆောင်ပေးမှုအပေါ် ဝေဖန်မှုများစွာရှိနေကြောင်း သိရှိ၇သည်။
(NN-13)