Preview

ALD ပါတီဗဟိုကော်မတီဝင်များကျောက်ဖြူမြို့တွင် စုဆုံ၊ လာမည့်ရွေးကောက်ပွဲအတွက် ပါတီကိုမှတ်ပုံမတင်ရန် ရခိုင်မြို့နယ်တိုင်းက သဘောထားပေး

ဖေဖော်ဝါရီ ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :8826
ရခိုင် သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတစ်ရပ်ကိုကျောက်ဖြူမြို့တွင် မန်နေ့ကကျင်းပခဲ့ရာALD ပါတီအနေဖြင့်လာမည့်ရွေးကောက်ပွဲဝင်မပြိုင်ရန်နှင့် ပါတီကိုလည်း မှတ်ပုံမတင်ရန် ၇ခိုင်မြို့နယ်တိုင်းမှ ပါတီဝင်များက သဘောထား မှတ်ချက်ပေးခဲ့ကြသည်ဟုပါတီပြောရေးဆိုခွင့်ရှိသူဦးမြတ်ထွန်းက နိရဥ္စရာကို ပြောသည်။

"အစည်းအဝေးမှာဆွေးနွေးကြတာက ပါတီနဲ့ပတ်သက်လို့အခုလာမယ့်ရွေးကောက်ပွဲမှာဝင်ပြိုင်မပြိုင်၊ ပါတီမှတ်ပုံတင် မတင်ကို ဆွေးနွေးကြတယ်။ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ကတော့ နောက်မှထွက်လာမယ်။ အစည်းအဝေး လုပ်ရင်းနဲ့ ပါတီဆုံးဖြတ်ချက်ကတော့ သူ့အလို လိုပေါ်လာပြီးသားဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တော့မထုတ်၇သေးဘူး။လောလောဆယ်အခုလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိ၊ပါတီကိုလည်းမှတ်ပုံမတင်ဆိုပြီး မြို့နယ်တိုင်းမြို့နယ်တိုင်းက ပါတီဝင်တွေက ဆွေးနွေးကြတယ်။ သဘောထားမှတ်ချက်ပေးကြတယ်" ဟု ပြောသည်။

အဆိုပါအစည်းအဝေးကို ကျောက်ဖြူမြို့ရှိ SERI ဟော်တယ်တွင်ယနေ့ဖေဖော်ဝါရီလ၂၅ရက်၊ နံနက်  နာရီမှ ညနေ နာရီ အထိပြုလုပ်ခဲ့ပြီး မြို့နယ် ၁၀ မြို့နယ်မှပါတီဝင် ၃၁ ဦးတက်ရောက်ခဲ့ကြကြောင်း သိ၇သည်။

ဦးမြတ်ထွန်းက "အခုလာမယ့် ရွေးကောက်ပွဲသည်အာဏာရှင်ကျင်းပမယ့်ရွေးကောက်ပွဲဖြစ်လို့အာဏာရှင်ရဲ့ဒေါက်တိုင်အဖြစ်မခံနိုင်ဘူး။ပြည်သူအပေါ်မှာ ယုံမှားသံသယအဖြစ်မခံနိုင်ဘူးဆိုတဲ့သဘောထားရှိပါတယ်"ဟု ပြောသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ဇန်နဝါရီလ ၂၆ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ဥပဒေသစ်အ၇ ပါတီမှတ်ပုံတင်လျှောက်ထားရန်ရွေးကောက်ပွဲကော်မရှင်ကဖိတ်ခေါ်ခဲ့သည်။

ဇန်နဝါရီလ ၃၁ ရက်မှရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကော်မရှင်ထံပါတီမှတ်ပုံတင်ခြင်းမရှိသည့်ပါတီများကို နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပယ်ဖျက်သွားမည်ဟုလည်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိမှာ ဥပဒေသစ်အ၇ မှတ်ပုံတင်ရန်အချိန် လပေးထားသော်လည်းမြန်မာနိုင်ငံရှိ ပါတီ ၉၀ကျော်အနက် ပါတီ  ခုသာ မှတ်ပုံတင်နိုင်သေးပြီး ၇ခိုင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းမရှိသေးကြောင်း သိ၇သည်။

၇ခိုင်တွင် ၇ခိုင်အမျိုးသားပါတီ(ANP) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် ၇ခိုင့်ဦးဆောင်ပါတီ(AFP) စသည့် လူသိများသည့် နိုင်ငံရေးပါတီ  ခုရှိသည်။

ယင်းအထဲမှ ၇ခိုင်အမျိုးသားပါတီ(ANP) အနေနှင့် စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် ပတ်သက်၍ မြို့နယ် အလုပ်အမှုဆောင်နှင့် မြို့နယ်ကော်မတီဝင်များအနေနှင့် မိမိတို့၏သဘောထား မှတ်ချက်များကို ဖေဖော်ဝါရီလ (၂၈) ရက်တွင် နောက်ဆုံးထား ပေးပို့ကြရန် မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်များနှင့် မြို့နယ်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား ANP ပါတီဌာနချုပ်ကစာပေးပို့ တောင်းဆို ထားသည်ဟု သိ၇သည်။

ယင်းအပြင် ၇ခိုင့်ဦးဆောင်ပါတီ(AFP) အနေနှင့် အခုလာမည့် ၂၀၂၃ ရွေးကောက်ပွဲသည် နိုင်ငံရေးအကျပ်အတည်းထွက်ပေါက်တစ်ခုဖြစ်သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ၇ခိုင့်ဦးဆောင်ပါတီ(AFP)  ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က နိရဥ္စရာကိုပြောဆိုထားသည်။ (NN-7)


(ဓာတ်ပုံ- ဦးမြတ်ထွန်း)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.