Preview

စစ်ကောင်စီဥက္ကဋ္ဌ စစ်တွေကိုရောက်မည်ဟုသတင်းထွက် လုံခြုံရေးတင်းကျပ်ပြီး လမ်းဘေးဈေးဆိုင်များကိုပိတ်ခိုင်း၍ အခက်အခဲဖြစ်ကြရ

ဖေဖော်ဝါရီ ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :8852
ရခိုင် သတင်း

နိရဥ္စရာ၊ဖေဖော်ဝါရီ ၂၆/ ၂၀၂၃

 စစ်ကောင်စီ ဥက္ကဋ္ဌ ိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စ်တွေမြို့သို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ တွင် ရောက်ရှိလာမည်ဟု သတင်းထွက်နေပြီးစစ်တွေမြို့နေရာအနှံ့အပြားကို လုံခြုံရေးတင်းကျပ်ထားကာ လမ်းဘေး ဈေးဆိုင်များကိုလည်းပိတ်ခိုင်းထားသဖြင့် တစ်နေ့ရောင်းမှ တစ်နေ့စားသောက်ကြရသည့် ဈေးဆိုင် ဖွင့်လှစ်ရောင်းချသူများအနေဖြင့် အခက်ကြုံနေရသည်ဟု သိ၇သည်။  

 စစ်တွေ ဒေသခံတစ်ဦးက ကျနော်နေ့လယ်က မြို့ထဲက လာတော့ မီးစက်လမ်းဆုံနားမှာရဲတွေ လက်နက်အပြည့်အစုံနဲ့ရပ်နေတာတွေ့တယ်။ စစ်ကားတွေလည်း သွားနေကြတယ်။ ပုံမှန်နဲ့တော့ မတူဘူး ကြားတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေကိုလာမယ်လို့တော့ ကြားတယ်ဟုပြောသည်။

 စစ်တွေရှိအထင်ကရနေရာများနှင့် လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်တို့က လုံခြုံရေးအထူးတင်းကျပ်ထားသည်ဟု မျက်မြင်များက ပြောသည်။

 ယင်းအပြင် စစ်တွေမြို့လမ်းမကြီးများဘေးရှိ ဈေးဆိုင်များကိုလည်း လူကြီးခရီးစဉ်ရှိ၍ယာယီ ပိတ်ထားကြရန် မြို့နယ်စည်ပင်နှင့်ရဲတပ်ဖွဲ့က လာရောက်တားမြစ်မှုများလည်းရှိနေသည်ဟုလည်း ဈေးသည်များက ပြောသည်။

 လမ်းဘေးက သစ်သီးဆိုင်တွေ၊ မုန့်တီဆိုင်တွေ၊ ဆေးရုံကြီးရှေ့ကဆေးဆိုင်တွေကအစ လမ်းတစ်လျှောက် အကုန်လုံး ပိတ်ခိုင်းထားပါတယ်။ ဒီနေ့လည်းပိတ်၊ မနက်ဖြန်လည်း ပိတ်ရမယ်ဆိုရင်တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေအတွက် အခက်အခဲတွေတော့ ရှိနေပါတယ်ဟုမုန့်ဆိုင်းရောင်းသူ တစ်ဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်မနက်ဖြန် ဖေဖော်ဝါရီလ ၂၇ ရက်တွင် စစ်တွေရှိ ဦးဥတ္တမခန်းမ၌ပြည်နယ်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံမည်ဟုသတင်းများထွက်ပေါ်နေသည်။

ယင်းကြောင့်ဦးဥတ္တမခန်းမတွင် ယနေ့မှစတင်ကာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေ၍လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားပြီး ပြည်သူများ ဝင်ထွက်သွားလာခွင့်ကိုတားမြစ်ထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့သဖြင့် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရောက်ရှိလာမည့် အပေါ် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်သို့ လာရောက်ခဲ့သေးသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်(၃)ရက်ကြာလက်ခံကျင်းပသည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြားအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်General Chalermphon Srisawasdi ဦးဆောင်သောအဖွဲ့နှင့်အတူတက်ရောက်ရန် ရောက်ရှိခဲ့ခြင်းလည်းဖြစ်သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.