တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီဥက္ကဋ္ဌ စစ်တွေသို့ရောက်ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.8k

စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြည်နယ်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံသွားမည်ဟုဆို

 

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/ ၂ဝ၂၃

 

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တွေမြို့သို့ ရောက်ရှိနေပြီး ယမန်နေ့က  စစ်တွေမြို့ လောကာနန္ဒာစေတီတော်ကြီးအား ဖူးမြော်ပြီး စစ်တွေမြို့ရှိ နန္ဒာရာမပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား တွေ့ဆုံဖူးမြော်ခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၂၆ ရက်မနက်ပိုင်းတွင် စစ်တွေသို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး  စစ်တွေရှိ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံခဲ့သည်ဟု သိရသည်။

 

နေ့လယ်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံကာ အမှာစကားပြောကြားခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြည်နယ်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံသွားမည်ဟုလည်း သိရသည်။

 

စစ်ကောင်စီဥက္ကဋ္ဌရောက်ရှိနေ၍ စစ်တွေတွင် လုံခြုံရေးအထူးတင်းကျပ်ထားသည်ဟု သိရသည်။

 

ဓာတ်ပုံ - ရခိုင်နေ့စဉ်

ဆက်စပ် သတင်းများ