Preview

၇ခိုင်မြို့နယ် ၅ ခုရှိ ကျေး၅ ရွာတွင် အိန္ဒိယအစိုးရက ဆိုလာစက်ရုံများဖြင့် လျှပ်စစ်မီး ၂၄ နာရီပေးထား

မတ် ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :8851
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၁/၂၀၂၃

ရခိုင်ပြည်နယ်ရှိ မြို့နယ်၅ ခုရှိ ကျေးရွာ၅ ရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုး၇က ဆိုလာစက်ရုံများ တည်ဆောက်ကာ လျှပ်စစ်မီး ၂၄ နာရီပေးထားသည်ဟု  ဒေသခံများက ပြောသည်။

ယင်းကျေးရွာ ၅ ရွာမှာကျောက်ဖြူမြို့နယ်မှ ဂန့်ဂါကျေးရွာ၊ တောင်ကုတ်မြို့နယ်မှ ဖောင်းခါးကျေးရွာ၊မောင်တောမြို့နယ်မှ အိုးထိန်းကျေးရွာ၊ ပေါက်တောမြို့နယ်မှ ပျဉ်းမကျေးရွာနှင့်မြေပုံမြို့နယ်မှ ချောင်ကျကျေးရွာတို့ဖြစ်သည်။

အိန္ဒိယနိုင်ငံအစိုး၇ကအကုန်အကျခံ၍ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စီမံကိန်းပြီးစီးသွားပြီဟု စစ်တွေရှိအိန္ဒိယကောင်စစ်ဝန်ရုံးမှ အရာရှိတစ်ဦးက နိရဥ္စရာကို ပြောသည်။

အဲဒီဒေသတွေဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခုလိုအကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်ဟု ပြောသည်။

အဆိုပါစီမံကိန်းဧရိယာတွင်ပါဝင်သည့်မြေပုံမြို့နယ်၊ ချောင်ကျကျေးရွာတွင် အိန္ဒိယအစိုးရက တည်ဆောက်ပေးထားသည့်ဆိုလာစက်ရုံမှတဆင့်လျှပ်စစ်မီးများကို ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ၂၄နာရီအချိန်ပြည့်သုံးစွဲနေ၇ပြီဟု ဒေသခံများက ပြောသည်။

ချောင်ကျရွာသား ကိုညွန့်ဝင်းချေကမီးကတော့ သုံးလို့ TVတွေဘာတွေကြည့်လို့တော့ အဆင်ပြေပါတယ်။ထမင်းတွေဘာတွေချက်လို့ကတော့ မ၇ဘူးလို့ ပြောပါတယ်။ ဒေသခံ တစ်ယောက်အနေနဲ့ အများကြီးဝမ်းသာမိပါတယ်။ ကျနော်တို့ရွာအတိုင်းအတာနဲ့ အဲလောက်ထိကိုယ်ပိုင်မီးသုံးဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။ ဒါကြောင့်အခုလိုကူညီပေးတာကို အများကြီး ကျေးဇူးတင်ပါတယ်ဟု ပြောသည်။

ချောင်ကျကျေးရွာတွင်အိမ်ထောင်စု ၇၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိသည်ဟု သိ၇သည်။

သတ်မှတ်ယူနစ်ထက်ပိုသုံးစွဲပါက တစ်ယူနစ်လျှင်ကျပ် ၅၀၀ နှုန်းကောက်ခံကာ အဆိုပါရွာရှိ ဆိုလာစက်ရုံရန်ပုံငွေအတွက်စုဆောင်းထားကြသည်ဟု ရွာသားများက ပြောသည်။

စီမံကိန်းဧရိယာတွင်ပါဝင်သည့် တောင်ကုတ်မြို့နယ်၊ဖောင်းခါးကျေးရွာတွင်လည်း ရွာလယ်တွင်တည်ဆောက်ထားသည့် ဆိုလာစက်ရုံမှတဆင့်လျှပ်စစ်မီးများကို ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ၂၄ နာရီသုံးစွဲနေရပြီဟုရွာသားများက ပြောသည်။

ယင်းသို့သုံးစွဲရာတွင် တစ်လလျှင် လျှပ်စစ်မီးသုံးစွဲခအဖြစ် ကျပ် ၂ထောင်နှုန်းပေးဆောင်၇သည်ဟု ဖောင်းခါးရွာသား ကိုမိုးချမ်းကနိရဥ္စရာကို ပြောသည်။

ရွာမှာ မီးလင်းတော့ရွာအခြေအနေကတော့ ထမင်းချက်၇တာက သက်သာသွားတယ်။ ထင်းတွေဘာတွေ ဝယ်စရာမလိုတော့ဘူး။အများကြီး ပြောင်းလဲသွားတယ်။ တိုးတက်လာတဲ့သဘောပေါ့ဟု ပြောသည်။

ယခုဆောင်ရွက်ပေးထားသည့်မြို့နယ်များရှိ ကျေးရွာများသည် ရေလမ်းကိုသာ အဓိက အားထားနေရသည့်ကျေးရွာများဖြစ်ပြီးမဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားသွယ်တန်းရန်ခက်ခဲနေသည့်ကျေးရွာများဖြစ်သည်ဟုလည်းဒေသခံများက ပြောသည်။( NN-16)

ဓာတ်ပုံ -မြေပုံမြို့နယ်၊ ချောင်ကျကျေးရွာရှိ ဆိုလာစက်ရုံအား တွေ့၇စဉ်။

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.