နိရဥ္စရာ၊ မတ် ၁/၂၀၂၃
၇ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊စေတီပြင်ကျေးရွာသား ၁ ဦးသည် ယနေ့နံနက်က တောင်ပေါ်သို့ ဝါးသွားခုတ်သွားစဉ်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်ဟု သိ၇သည်။
မိုင်းနင်းမိ၍ခြေထောက်ပြတ်ထွက်သွားသူမှာ ရသေ့တောင်မြို့နယ်၊စေတီပြင်အရှေ့ရွာသစ်ရပ်ကွက်မှ အသက် (၃၈)နှစ်အရွယ် ဦးအောင်စံဌေးဖြစ်သည်ဟုရွာသားများက ပြောသည်။
သူသည် ယနေ့ မတ်လ ၁ရက်၊ နံနက်စောစောကစိုက်ခင်းအတွက်လိုအပ်သည့် ဝါးများခုတ်ယူရန် မယူတောင်ပေါ်သို့ထွက်သွားရာမှ နံနက် ၉နာရီကျော်ခန့်တွင် မိုင်းနင်းမိသွားခြင်းဖြစ်သည်ဟု စေတီပြင်ကျေးရွာ အုပ်ချုပ်ရေးမှူ
"သူက မယူတောင်ပေါ်မှာတစ်ယောက်တည်း ဝါးခုတ်သွားတာလို့ သိ၇တယ်။ ဘယ်လိုဖြစ်တယ်ဆိုတာမသိ၇သေးဘူး။ မိုင်းထိလို့ ၉နာရီလောက်မှာ သူကိုယ်တိုင် ရွာကိုဖုန်းဆက်တာလို့ပြောတယ် ။ ရွာကလူတွေ သွားယူနေကြတယ်"ဟုပြောသည်။
မိုင်းနင်းမိ၍ဦးအောင်စံဌေး၏ဘယ်ဘက်ခြေထောက် ဒူးအောက်ပိုင်းမှလုံး၀ ပြတ်တောက်
လက်ရှိတွင်စေတီပြင်ကျေးရွာသားများက မယူတောင်ပေါ်၌ သွားရှာနေကြသည်ဟု လိုက်ရှာရာတွင် ပါဝင်သည့် ရွာသားတစ်ဦးကပြောသည်။
"မယူတောင်ပေါ်မှာဝါးခုတ်သွားတာဆိုတော့ ဖုန်းအဆက်အသွယ်ရလည်း ဘယ်နေရာမှာဆိုတာ မသိရသေးဘူး။ရှာနေဆဲပါ" ဟု ပြောသည်။
မိုင်းနင်းမိသည့်ဦးအောင်စံဌေးတွင် သား(၃)ဦးရှိသည်ဟုလည်း သိ၇သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ၁၅ ရက်၊ နံနက် ၁၂ နာရီခန့်ကလည်း ကျောက်တော်မြို့နယ်၊ လမ်းမတော် ကျေးရွာမှ အသက် ၄၁နှစ်အရွယ် ဦးဇော်မိုးလွင် (ခ) မောင်ချေမှာ ၎င်းတို့ရွာအနီးရှိ(၃၇၄) တောင်သို့ ထင်းသွားခွေရာတွင် မိုင်းနင်းမိ၍ ညာခြေတစ်ဘက်ပြတ်သွားခဲ့သည်။
ရခိုင်တွင်တကျော့ပြန်တိုက်ပွဲများ ယာယီရပ်နားထားသော်လည်း မိုင်းနှင့်စစ်ကျန်လက်နက်တို့ကြေ
ထိုကဲ့သို့ သေဆုံးဒဏ်ရာရရှိမှုများရှိနေသော်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ ဒေသများရှိကျေးရွာများအနီးဝန်းကျင်တွင် တိုက်ပွဲကာလ အတွင်း ထောင်ထားသည့် မိုင်းများကိုရှင်းလင်းပေးခြင်းမရှိဘဲ စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းနေသည်ဟုသိ၇သည်။ (NN-12)