Preview

ဆန်ဈေးနှုန်းအဆမတန်မြင့်တက်နေ၍ ရခိုင်ကဆန်များကိုထိန်းချုပ်ပေးရန် စစ်ကောင်စီနှင့် ULA ကို မဟာရက္ခိတအဖွဲ့တောင်းဆို

မတ် ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :6221
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၁/၂၀၂၃

၇ခိုင်တွင်ဆန်ဈေးနှုန်းအဆမတန်ဈေးမြင့်တက်လာနေသဖြင့် ပြည်သူများ အခက်အခဲ ဖြစ်လာနိုင်သဖြင့် ၇ခိုင်က ဆန်များကို ပြင်ပသို့ပို့ဆောင်နေမှုအား  တားဆီးထိန်းချုပ်ပေးရန် စစ်ကောင်စီနှင့်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထံမဟာရက္ခိတအဖွဲ့က စာရေးတောင်းဆို လိုက်သည်ဟု သတင်းရရှိသည်။

 

မဟာရက္ခိတအဖွဲ့ဥက္ကဋ္ဌအာ၇ကန်မောင်လှ(ခ)ဦးအောင်သန်းနုက " ဆန်ကုန်သည်၊ဆန်စပါး အသင်းတို့ကတစ်ဘက်တည်းကြည့်ပြီး စီးပွားရေး လောဘတွေနဲ့လုပ်ယ်ဆိုရင် ပြည်သူတွေ အခက်အခဲ ဖြစ်လာနိုင်တယ်။ ၇ခိုင်ပြည်သူတွေကို မငဲ့ညှာဘဲနဲ့ ဘင်္ဂလာပို့မယ်၊ ဗမာပြည်ရန်ကုန်၊ မန္တလေးဘက်ပို့နေမယ်ဆိုရင်ရခိုင်မှာ ဆန်မရှိတော့ရင် မကြာခင် အခက်အခဲဖြစ်လာနိုင်တယ်။ ပြီးတော့ဒီနှစ် စပါးကမုန်တိုင်းနဲ့ ရာသီဥတု အခြေအနေတွေကြောင့်လည်း တော်တော် ပျက်စီးသွားတယ်။ ဒါကြောင့် ဒီဆန်ကိစ္စကိုမျက်စိမှိတ်နေလိုက်မယ်ဆိုရင် မကြာခင် အကျပ်အတည်းဖြစ်လာနိုင်တဲ့အတွက် ခုလို စာရေးတောင်းဆို၇ခြင်းဖြစ်ပါတယ်ဟု ပြောသည်။

 

၎င်းစာကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ(၂ရ)ရက်စွဲဖြင့် တင်ပြတောင်းဆိုထားသည်ဟု ၎င်းကပြောသည်။

 

၇ခိုင်ပြည်နယ်မြို့တော် စစ်တွေတွင်ဖေဖော်ဝါရီ (၂၄) ရက် ဆန်ဈေးနှုန်းအ၇ (၂၅)ပြည် တစ်အိတ်ကို ပေါ်ဆန်းမွှေးဟောင်း တစ်အိတ်ဈေးနှုန်းမှာ အမျိုးအစားလိုက် ကျပ် ၉၀၀၀၀နှင့် ၉၅၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားပြီး ပေါ်ဆန်းမွှေး စ်(၂၅)ပြည် တစ်အိတ်မှာလည်း အမျိုးအစားအလိုက် (ကျပ် ၇၂၀၀၀၊ ၇၅၀၀၀ နှင့်၇၈၀၀၀ အထိ) ဈေးရှိနေပြီး  သီရိဒုံဆန်သစ်(၆၇၀၀၀-၆၈၀၀၀)၊ဧည့်မထ (၆၀၀၀၀)၊စာပစိ(မီးဒုံး)(၇၀၀၀၀-၇၂၀၀၀)အထိ ဈေးနှုန်းများမြင့်တက်လျက်ရှိပြီးယခုဈေးနှုန်းများသည် ရခိုင်တွင် စံချိန်တင်မြင့်တက်နေသည့် ဆန်ဈေးနှုန်းများဖြစ်သည်ဟုအဖွဲ့ဥက္ကဋ္ဌ အာ၇ကန်မောင်လှ(ခ) ဦးအောင်သန်းနုကပြောသည်။

ဆန်ဈေးတွေကအခု အရမ်းတက်နေတယ်။ အခုက နိုင်ငံရေးပါတီတွေကနေလည်း ပြောနိုင်ဆိုနိုင်တဲ့ အခြေအနေ မရှိဘူး။ သူတို့ဟာသူတို့ပါတီအတွက်ကြိုးစားနေရချိန်ဆိုတော့ ကျနော်တို့က အမျိုးသားရေး အမြင်နဲ့ီလို ဖြစ်နေတာကို  လက်ပိုက်ကြည့်နေလို့မရဘူးဆိုပြီးဆောင်ရွက်၇ခြင်းဖြစ်ပါတယ်"ဟုပြောသည်။

ယခုကဲ့သို့ ဆန်ဈေးနှုန်းကြီးမြင့်မှုမှာပြည်ပနှင့် ပြည်မသို့ တရားဝင်တရားမဝင်နည်းများဖြင့်  ဆန်တင်ပို့မှုကို မထိန်းချုပ်နိုင် ဖြစ်ကြောင်းဆန်ဈေးနှုန်းကြီးမြင့်မှုကိုတားဆီးထိန်းချုပ်ရန် ပြည်နယ်/ခရိုင်/မြို့နယ် စသည်ဖြင့်ထိန်းချုပ်ရန်အဖွဲ့မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း  သူက ဆိုသည်။

ဆန်ဈေးကြီးမြင့်မှုအား အဘက်ဘက်မှမထိန်းချုပ်နိုင်ပါက၁၉၆၇ ခု၊ ဩဂုတ်လ (၁၃)ရက်ကဲ့သို့ သမိုင်းတွင်သည့် ဆန်ပြဿနာပေါ်ပေါက်နိုင်ပြီးဆူပူအုံကြွမှု၊ ခိုးဆိုးလုယက်ဓားပြမှု၊ လူသတ် မုဒိမ်းမှု စသည့် ဒုစရိုက်မှုများ များပြားလာနိုင်သဖြင့် စစ်ကောင်စီ အစိုးရဌာနဆိုင်ရာများအပြင်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)တို့ကလည်းတတ်နိုင်သမျှအမြန်ဆုံးထိန်းချုပ်ရန်လိုအပ်သည်ဟု ဆက်ပြောသည်။

"မိုးမကျခင်ဒီဆန်ကိစ္စကို မထိန်းချုပ်လိုက်နိုင်ဘူးဆိုရင် အဓိက ဆန်ပြဿနာဟာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ လုယက်မှု၊ခိုးမှု၊ ဝှက်မှု ၊ ဒုစရိုက်မှုတွေဟာ မဖြစ်ဘူးလို့ပြောလို့မ၇ဘူး။ အဘက်ဘက်ကကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ဆန်ဈေးကြီးတာနဲ့ဆိုရင် လူတွေဟာကိုယ့်မိသားစု ထမင်းစား၇ဖို့၊ အသက်ရှင်ရေးအတွက်ဆိုရင်ဘာမဆို လုပ်ဖို့ဝန်မလေးတော့ဘူး။ ၇ခိုင်ပြည်မှာက အစိုးရနှစ်ရပ်ရှိနေတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အစိုး၇နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ULAအစိုး၇ဆိုပြီး နှစ်ရပ်ရှိနေတယ်။အစိုးရနှစ်ရပ်ဟာ ဒီကိစ္စကို အကြီးအကျယ် ထိန်းချုပ်၇ပါမယ်" ဟုပြောသည်။

ပြီးခဲ့သည့်စပါးစိုက်ရာသီအတွင်း ရခိုင်တွင် စစ်ရေး၊ နိုင်ငံရေးအခြေအနေများနှင့် စိုက်ပျိုးစရိတ် ကြီးမြင့်မှုတို့ကြောင့်စပါးစိုက်ဧကလျော့နည်းခဲ့ပြီး ရာသီဥတုအခြေအနေကြောင့် စပါးဖြစ်ထွန်းမှုလည်း ကျဆင်းခဲ့ကြောင်း သိ၇သည်။

စပါးအထွက်နှုန်းကျဆင်းနေသည့်ကြားက ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် ဆန်တင်သွင်း ပို့ဆောင်မှုများ အပြင် ပြည်မနှင့် ပြည်ပသို့တရားမဝင်ဆန်တင်ပို့နေမှုများ ဆက်တိုက်ရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

မြောက်ဦးမှ သုံးဘီးမောင်းသူတစ်ဦးက"ဆန်ဆိုတာက တခြားစားသုံးကုန်နဲ့မတူဘူး။ ဟင်းမပါတောင် ဆားနဲ့ထမင်းစားလို့ရသေးတယ်။ ဆန်မရှိရင် ငတ်မှာ။ ဒီတော့ ဆန်ဈေးလေးတော့ ကျဈေချင်ပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဆန်တန်ချိန် ၂ သိန်းခွဲတင်ပို့ခဲ့ပြီး ယင်းအထဲတွင် ၇ခိုင်မှ ဆန်တန်ချိန် ၂၅၀၀ကို စစ်တွေရှိ အိန္ဒိယဆိပ်ကမ်းမှတဆင့် ပြီးခဲ့သည့် ဇန်နဝါလအစောပိုင်းကတင်ပို့ခဲ့သည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏စာရင်းအရ ၇ခိုင်ပြည်တွင် စပါးစိုက်လယ် ဧကပေါင်း၁၂ သိန်းခွဲကျာ်ရှိသော်လည်း ပြီးခဲ့သည့်စပါးစိုက်ရာသီအတွင်း အကြောင်းအမျိုးမျိုးကြောင့်လယ်ဧက ၈ သိ န်းခွဲကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကြောင်းသိ၇သည်။ (NN-7)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.