နိရဥ္စရာ၊ မတ် ၂/၂၀၂၃
၇ခိုင်ပြည်နယ်၊စစ်တွေမြို့တွင် စစ်ကောင်စီတပ်မှ တပ်သားများသည် ယမန်နေ့ညအချိန်တွင်ပြည်သူများကို စစ်ဆေးမှုများပြုလုပ်ခဲ့
ယမန်နေ့ မတ်လ၁ ရက်၊ ည ၈ နာရီကျော်ခန့်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်(ခေါ်) နာဇီရွာ ရပ်ကွက်လမ်းဆုံ၌စစ်ကောင်စီတပ်သား အင်အား ၁၀ ကျော်က လက်နက်များကိုင်ဆောင်ကာ လမ်းသွားလမ်းလာဒေသခံပြည်သူများအား စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲသူ တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။
"ကျွန်တော်တို့က မနေ့ည၈ နာရီကျော်လောက်ကမီးစက်ကြီးလမ်းဆုံဘက်ကနေ ကားနဲ့လာတာ။ နာဇီရွာကုန်းအဆင်း၊ နာဇီရွာလမ်းဆုံနားရောက်တော့စစ်သားတွေနဲ့ ALP အဖွဲ့က ယူနီဖောင်းတွေ ဝတ်ပြီး လမ်းသွားလမ်းလာလူတွေကို ရပ်ခိုင်းပြီးတော့ စစ်ဆေးနေကြတယ်" ဟု ပြောသည်။
သူတို့ထဲတွင်လက်နက်အပြည့်အစုံဖြင့် ၃ ဦးကိုတွေ့ခဲ့၇သည်ဟုလည်း ဆိုသည်။
ထိုသို့စစ်ဆေးနေခြင်းမှာမည်သည့်အတွက်ကြောင့်စစ်ဆေးနေသည်
"ဘာကြောင့်စစ်တာလဲတော့မသိဘူး။ အဲ့နားကဖြတ်သွားတဲ့လူတိုင်းကို စစ်တယ်။ ကားတွေကို ဝင်စစ်တယ်။ ဆိုင်ကယ်တွေဆိုနောက်ဖုံးတွေ ဖွင့်ပြ၇တယ်။ ညအချိန် ဘာကိစ္စမှလည်း မဖြစ်ဘဲ စစ်ဆေးနေတာကမကောင်းဘူး။ အရေးကြီးကိစ္စတစ်ခုခုရှိလို့သွာ
စစ်တွေတွင် ညရေးညတာကျန်းမာရေးကိစ္စဖြင့်ဖြစ်စေ၊ အရေးတကြီးကိစ္စဖြင့် အပြင်ထွက်၇သည့်သူများအတွက်ယင်းသို့စစ်ဆေးနေ၍ အချိန်ကြန့်ကြာမှုများရှိနေပြီး ခိုးဆိုး၊ ဓားပြတိုက်၊လုယက်မှု၊ ဓားထိုးမှုများမကြာခဏဖြစ်တတ်သည့်
မျက်မြင်ကိုယ်တိုင်ကြုံတွေ့ခဲသူ တစ်ဦးက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( ALP) က အဖွဲ့ဝင်အချို့ စစ်ဆေးရာတွင် ပါဝင်သည်ဟု ပြောဆိုချက်နှင့်ပတ်သက်ပြီး ALPမှ တာဝန်ရှိသူများကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့