နိရဥ္စရာ ၊ မတ် ၄ /၂၀၂၃
နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည့်၇ခိုင်လူမျိုးတို့၏ သျှစ်သောင်းမြှောက်ပွဲ(ခေါ်) သဲပုံစေတီပွဲတော်ကိုယခုနှစ်တွင်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေတွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်
ရခိုင်ဘုရင်များလက်ထက်ကပင်အထွတ်အမြတ်ထားထိန်းသိမ်းပြီး ကျင်းပလာခဲ့သည့်သျှစ်သောင်းမြှောက်ပွဲ(ခေါ်) သဲပုံစေတီပွဲကို မနက်ဖြန် မတ်လ ၅ ရက်၊ တပေါင်းလပြည့်နေ့တွင်ပြည်နယ်မြို့တော်၊ စစ်တွေကမ်းခြေတွင် အစဉ်အလာမပျက်ကျင်းပသွားမည်ဟုသာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှု
"မနက်ဖြန် နေ့လယ်တစ်နာရီမှာကျွန်တော်တို့ သာကီမဏ္ဍိုင်အဖွဲ့က ဦးဆောင်ပြီး ကမ်းခြေကိုစထွက်ပါမယ်။အရင်နှစ်ကအတိုင်း သျှစ်သောင်းမြှောက်ပွဲကျင်းပမှာ
သျှစ်သောင်းမြှောက်ပွဲ(ခေါ်) သဲပုံစေတီပွဲမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အားရည်ရွယ်၍ ကျင်းပသကဲ့သို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသည့်မမြဲသောတရားကို ဆင်ခြင်မိရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိ၇သည်။
အဆိုပါပွဲတွင်ပါဝင်ဆင်နွှဲသူမျာ
အဆိုပါဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်ပွား
"ဒီရေတက်လာတဲ့အချိန်မှာသဲနဲ့ တည်ထားတဲ့ဘုရားစေတီတွေ ပြိုပျက်သွားတဲ့အခါမှ အောင်မြင်တယ်လို့အယူအဆရှိပါတယ်။အဓိကတော့ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အပါအဝင်မြောက်ဦးသျှစ်သောင်းပုထိုးတော် တည်ထားကိုးကွယ်မှုကို အကြောင်းပြုပြီးကျင်းပပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ မမြဲခြင်းတရားကိုဆင်ခြင်နှလုံးသွင်းနိုင်ဖို့ရည်
အဆိုပါပွဲကို ယခင်နှစ်၂၀၂၂ ခုနှစ်ကလည်း စစ်တွေကမ်းခြေတွင် ထောင်နှင့်ချီသော ရဟန်းရှင်လူပရိသတ်များဖြင့်စည်ကားစွာ သိုက်မြိုက်စွာကျင်းပခဲ့သည်။
၇ခိုင်တွင် တိမ်မြုပ်ပျောက်ကွယ်နေသည့်အဆိုပါသျှစ်သောင်းမြှောက်ပွဲကို စစ်တွေကမ်းခြေတွင် ပြီးခဲ့သည့် ၂၀၀၅ခုနှစ်တွင် ပြန်လည်ဖော်ထုတ်ကျင်းပခဲ့သည်။
၂၀၁၂ ခုနှစ်ခန့်မှသာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှု
ယခုနောက်ပိုင်းတွင် စစ်တွေအပါအဝင်သံတွဲမြို့၊ ငပလီကမ်းခြေနှင့် မောင်တောမြို့နယ်တို့တွင်လည်း အဆိုပါပွဲကိုကျင်းပလာနေကြပြီဟု ဒေသခံများက ပြောသည်။ (NN-23)