တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

(၃) နှစ်ကြာရပ်နားခဲ့ရသည့် ကျောက်တော် သမိုင်းဝင်မဟာမုနိဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

နိရဥ္စရာ၊ မတ် ၅/ ၂၀၂၃

(၃) နှစ်ကြာရပ်နားခဲ့ရသည့် ကျောက်တော်မြို့နယ် သမိုင်းဝင်မဟာမုနိဘုရားပွဲတော် မတ်လ ၃ ရက်မှစတင်ကာ မတ်လ ၇ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပနေရာ ပွဲတော်လာသူများဖြင့် စည်ကားနေကြောင်းသတင်းရရှိသည်။

ဘုရားပွဲတွင် ဆရာတော်ကြီး ၆၉ ပါးကလည်း တပေါင်းလဆန်း ၁၂ ရက်မှ တပေါင်းလပြည့်နေ့အထိ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်နေကြပြီး နေ့ဘက်၌ ရခိုင်ရိုးရာ ကျင်ပွဲများနှင့် ညဘက်တွင် ဇာတ်သဘင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ ပြည်သူများကလည်း လာရောက်လည်ပတ်လျက်ရှိသည်ဟု သိရသည်။

မဟာမုနိဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် အကြိမ် (၃၀)ရှိပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် ၃ နှစ် ရပ်နားခဲ့ရသည်ဟု သိရသည်။

ကျောက်တော်ရှိ မဟာမြတ်မုနိရုပ်ပွားတော်ကို အေဒီ ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို ဗမာဘုရင် ဘိုးတော်ဘုရား သိမ်းပိုက်ပြီးနောက် မန္တလေး အမရပူရသို့ ယူဆောင်သွားခဲ့သည်။

၎င်းနောက် ယခု လက်ရှိ မဟာမုနိဘုရားကို ရခိုင်ပြည်သူများ အစားထိုး ကိုးကွယ်ခဲ့ကြပြီး တန်ခိုးကြီးမဟာမုနိ ရုပ်ပွားတော်ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

 (NN-12)

(
ဓာတ်ပုံ - ကိုဦးခန့်ဇော် ပေးပို့

ဆက်စပ် သတင်းများ