Preview

ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း လုပ်ငန်းရှင်များ၏ လျှပ်စစ်မီးသုံးချိန် ကန့်သတ်

မတ် ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :10699
ရခိုင် သတင်း

နိရဥ္စရာ၊မတ် /၂၀၂၃

၇ခိုင်ပြည်နယ်တွင်တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးအတွက်စက်မှုလုပ်ငန်းရှင်များ၏ လျှပ်စစ်မီးသုံးစွဲချိန်ကို ပြည်နယ်လျှပ်စစ်ဌာနကကန့်သတ်ပိတ်ပင်လိုက်သည်။

"စာမေးပွဲအကြိုကာလနှင့်စာမေးပွဲကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေး အတွက် ဓာတ်အားလိုအပ်ချက်အရ၇ခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲနေသော အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ(ဥပမာ - သံရည်ကျိုလုပ်ငန်း၊ ပလပ်စတစ်လုပ်ငန်း၊ရေခဲစက်၊ စက်၊ယက္ကန်းလုပ်ငန်း၊ စက္ကူစက်လုပ်ငန်း၊ ရေသန့်စက်ရုံ၊ တွင်ခုံလုပ်ငန်း၊ ဆန်စက်၊ဆီစက်၊ အမှုန့်ကြိတ်စက်၊ ကျောက်ခွဲစက်စသည်ဖြင့်-) တို့အား (၁.၃.၂၀၂၃) ရက်နေ့မှ (၁၈.၃.၂၀၂၃) ရက်နေ့ထိ နေ့စဉ် ညနေ (၁၈:၀၀) နာရီမှနောက်တစ်နေ့ နံနက် (၀၆:၀၀) နာရီ အထိလုပ်ငန်းဆောင်ရွက်ခြင်းမပြုလုပ်ကြပါရန်မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်"ဟုရခိုင်ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကယနေ့ မတ်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

လုပ်ငန်းရှင်များအနေဖြင့်လိုက်နာဆောင်းရွက်ခြင်းရှိ/မရှိကို တာဝန်ရှိသူများက အခါအားလျော်စွာလိုက်လံစစ်ဆေး ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။

ယင်းနှင့်ပတ်သက်၍ အသေးစားလုပ်ငန်းရှင်တစ်ဦးက "မီးကနေ့လယ် နေ့ခင်းလည်း မှန်တာမဟုတ်ဘူး။ညနေအချိန်၊လူအိပ်ချိန်မှ လာတာများတော့ အဲဒီအချိန် အလုပ်ထလုပ်၇တယ်။ အခုလို ညအချိန်အလုပ်လုပ်ရမဲ့အချိန်မှာမသုံး၇ဘူးလို့ တားမြစ်ပိတ်ပင်လိုက်တော့ ဆုံးရှုံးနစ်နာမှုတော့ရှိတာပေါ့။ဖြစ်သင့်တာက နေ့လယ်၊ နေ့ခင်းတွေမှာ ကျနော်တို့လုပ်ငန်းရှင်တွေအတွက်အဆင်ပြေအောင်မီးပေးစေချင်ပါတယ်"ဟု ပြောသည်။


၇ခိုင်တွင် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီဝန်ကြီးများ ရောက်ရှိလျှင်လျှပ်စစ်မီး ၂၄ နာရီရရှိပြီး သူတို့ပြန်သွားပါကတစ်နေ့လျှင် ၃ ကြိမ်ထက်မနည်း လျှပ်စစ်မီး ပြတ်တောက်မှုများရှိသည်ဟုဒေသခံများက ပြောသည်။

တစ်ကြိမ်ပြတ်လျှင်၅ နာရီအထက် ကြာမြင့်တတ်၍စာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သားများ စာကျက်ရန်နှင့် ဒေသခံများအတွက် အခက်တွေ့နေ၇သည်ဟုလည်းဆိုကြသည်။


၂၀၂၂-၂၀၂၃ပညာသင်နှစ်၏ စနစ်ဟောင်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှ ၁၈ ရက်အထိပြုလုပ်မည်ဖြစ်သည်။

အဆိုပါစာမေးပွဲတွင်၇ခိုင်မှ ကျောင်းသူ/သား ၁၉၁၆၅ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး တဟ်ပြည်လုံးတွင် စာစစ်ဌာန ၆၀ ခု ဖွင့်၍ စစ်ဆေးသွားမည်ဟုပြည်နယ်ပညာရေးမှူးရုံးမှ သိ၇သည်။

ဓာတ်ပုံ- ၇ခိုင်ပြည်နယ်လျှပ်စစ်

 

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.