Preview

မင်းပြားတွင် မီးလောင်မှုဖြစ်၍ လူနေအိမ် ၄ လုံးဆုံးရှုံး

မတ် ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :1410
ရခိုင် သတင်း
နိရဥ္စရာ၊မတ်/ ၂၀၂၃


၇ခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ယနေ့ နံနက်က ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် လုံး မီးလောင်ဆုံးရှုံးသွားသည်ဟု သိ၇သည်။

၎င်းမီးမှာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်၊ လမ်းသွယ်()ရှိ မမိုးမိုးမှာ နေအိမ်အတွင်း မုန့်ကြော်ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဥက္ကာပျံရပ်ကွက်မှ မြို့ခံတစ်ဦးက "သူတို့က မုန့်တွေရောင်းတယ်။ မုန့်ကြော်ရာကနေ မီးစလောင်တာ။ နေ့ခင်းဘက်ဆိုတော့ မီးကအရှိန်ပြင်းတယ်။ ဘေးနားကအိမ်တွေပါ မီးကူးသွားတာ" ဟု ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသည့်နေအိမ်အပြင် အနီးအနားရှိ လူနေအိမ် လုံး၊ စုစုပေါင်းလူနေအိမ် လုံးမှာ မီးလောင်ကျွမ်းသွားခဲ့သည်ဟု သိ၇သည်။

မီးလောင်မှုကို မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်သားများက ပူးပေါင်းမီးငြိမ်းသတ်မှုကြောင့် မွန်းတည့် ၁၂ နာရီခန့်တွင် မီးငြိမ်သွားပြီး လူများထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဟု သိ၇သည်။

ပြီးခဲ့သည့်မတ်လ ရက်၊ နံနက် ၁၁ နာရီခန့်ကလည်း စစ်တွေမြို့၊ စက်ရုံရပ်ကွက်၊ အမှတ် ၁၂ တပ်ရင်းရှေ့၊ ဆီတန်းရှိ ဆီဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆီဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သည့် အသက်(၄၉)နှစ်အရွယ် ဦးမောင်ခင်လှမှာ ဒဏ်ရာရရှိသွားသည်။

ယင်းအပြင် ပြီးခဲ့သည့် မတ်လ ရက်ကလည်း မြောက်ဦးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် လုံးမီးလောင်ကျွမ်းသွားကာ မတ်လ ရက်ကလည်း ၇သေ့တောင်မြို့တွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ် လုံးမီးလောင်ပျက်စီးသွားကြောင်း သိ၇သည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ နာရီအချိန်ကလည်း ကျောက်တော်မြို့နယ်၊ မဟာမုမြတ်မုနိဘုရားအနီးရှိ ဈေးဆိုင်ခန်း မီးလောင်မှုကြောင့် ဆိုင်ထဲတွင် အိပ်နေသည့် ဆိုင်ပိုင်ရှင်၏သား ကိုမောင်သန်းစိုး အသက်၃၉ နှစ်အရွယ် သေဆုံးသွားခဲ့သည်။

ခြောက်သွေ့ရာသီရောက်လာပြီဖြစ်သဖြင့် ပြည်သူများက မီးကိုမပေါ့ဆရန်၊ မီးသတိထားကြရန်လိုအပ်လှသလို သက်ဆိုင်ရာ မီးသတ်ဌာနကလည်း သတိပေးမှုများ အစဉ်မပြတ် ပြုလုပ်ရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ (NN-12)

(ဓာတ်ပုံ - ဦးမောင်ဘု ပေးပို့)

 

 

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.