ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲ ယနေ့ စတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

(ရခိုင်တွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူ ၁၉၀၀၀ ကျော်ရှိပြီး စာစစ်ဌာန ၆၀တွင် ြေဆိုကြရ)

နိရ ဉ္စရာ၊ မတ် ၈/၂၀၂၃

၂၀၂၃ ခုနှစ်အတွက် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲကို  ရခိုင်၌ ဖြေဆိုရန် စာရင်း ပေးသွင်းထားသည့် ကျောင်းသား ကျောင်းသူ ၉၁၆၅ ဦးရှိပြီး ယနေ့ တစ်ပြည်နယ်လုံးရှိ စာစစ်ဌာန ၆၀ တွင် စတင်ဖြေဆိုနေကြပြီ ဖြစ်သည်။

 

ရခိုင်တွင် ယနေ့ဖြေဆိုရသည့် စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းပေးထားသူဦးရေမှာ ၁၉၁၆၅ ဦးရှိပြီး ကျောင်းတွင်းဖြေဆိုမည့်သူ ၄၀၈ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၁၈၇၅၇ ဦးရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။



ယနေ့ မတ်လ ၈ ရက်တွင် စတင်ဖြေဆိုရသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် ဆယ်တန်း သင်ရိုးစနစ်ဟောင်းအတွက် နောက်ဆုံးအကြိမ်ကျင်းပသည့် စာမေးပွဲဖြစ်ပြီး မတ်လ ၁၈ ရက်အထိ ဖြေဆိုကြရမည်ဖြစ်သည်။


ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာန ၂၁၈ ခုကို ဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင် ဖြေဆိုမည့်သူဦးရေနည်းသဖြင့် ယခုနှစ်တွင် စာစစ်ဌာနအရေအတွက် ၆၀ အထိ လျှော့ချထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

စာမေးပွဲ ဖြေဆိုရ် ပျက်ကွက်သည့် ကျောင်းသား ကျောင်းသူများစာရင်းကို လတ်တလော မသိရှိရသေးပေ။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူဦးရေ ၄၁၇၅၃ ဦးဖြေဆိုခဲ့ပြီး ၁၉၇၂၉ ဦး စာမေးပွဲအောင်မြင်ခဲ့သည်။ (NN-8)

 

--

 

ဆက်စပ် သတင်းများ