Preview

ကျောက်ဖြူမြို့ကို အခြေပြုပြီး စစ်တွေအပါအဝင် မြို့ကြီးတချို့သို့ ရခိုင်ဂုဏ်ရည် ခရီးသည်ပို့ဆောင်ရေးယာဉ်များ စတင်ပြေးဆွဲ

မတ် ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :9689
ရခိုင် သတင်း

နိရဉ္စရာ၊ မတ် ၉/၂၀၂၃

 

ခရီးသွားပြည်သူများ သွားလာရေးလွယ်ကူရန် ရည်ရွယ်၍ ကျောက်ဖြူမြို့ကိုအခြေပြုပြီး စစ်တွေအပါအဝင် မြို့ကြီးတချို့သို့  ရခိုင်ဂုဏ်ရည်ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

၎င်း ယာဉ်လိုင်းသည်ကျောက်ဖြူ--ရမ်းဗြဲ --မင်းပြား--မြောက်ဦး-- ကျောက်တော် --ပုဏ္ဏားကျွန်း --စစ်တွေ မြို့များသို့ မတ်လ ၁ ရက်က စတင်ပြီး ရက်ချင်းပြန် ပြေးဆွဲနေပြီဖြစ်ကြောင်းကားလိုင်း တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။ 

 

ရေကြောင်းနဲ့ဆိုကျောက်ဖြူကနေ စစ်တွေကို သွားရင်ညအိပ်၇တယ်။ အခု ညအိပ်စရာမလိုဘဲရက်ချင်းပြန်လို့၇ပါတယ်၎င်း တာဝန်ရှိသူက ပြောသည်။

 

ကျောက်ဖြူ ဒေသခံတစ်ဦးက အရင်ကစစ်တွေကို သွားမယ်ဆိုရင် အမြန်ရေယာဉ်ကို အားကိုးကြ၇ပါတယ်။ အခုက စစ်တွေမြို့ကို ကားလိုင်းပြေးဆွဲမယ်တော့ပိုအဆင်ပြေပါတယ်။ စစ်တွေအပါအဝင် တစ်ခြားမြို့တွေကို သွားမယ့်သူတွေ အတွက်လည်း အဆင်ပြေသွားတော့ခုလို လိုင်းဆွဲပေးတဲ့ အတွက် ဝမ်းသာပါတယ်ဟုပြောကြားသည်။

 

ရခိုင်ဂုဏ်ရည်ဂိတ်များသို့ဆက်သွယ်လိုပါက ကျောက်ဖြူကားဂိတ် ၀၉၄၅၀၇၈၂၉၃၈၊  ရမ်းဗြဲဂိတ် ၀၉၄၂၉ ၈၄ ၁၃၈၂၊ ၀၉၂၅၄၁၆၈၁၅၉၊ မင်းပြားဂိတ် ၀၉၂၅၂၄၅၉၅၅၉၊မြောက်ဦးကားဂိတ် ၀၉၄၅၀၆၃၄၀၄၀ ကျောက်တော်ဂိတ် ၀၉၄၂၁၇၂၀၉၄၄ ပုဏ္ဏားကျွန်းဂိတ် ၀၉၄၀၂၆၅၀၉၇၀၊ စစ်တွေဂိတ် ၀၉၄၄၀၅၇၄၀၆၀         တို့ဆက်သွယ်နိုင်သည်ဟုကားဂိတ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

#သယ်ယူပို့ဆောင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.