နိရဥ္စရာ၊ မတ် ၉ /၂၀၂၃
မြန်မာနိုင်ငံမှ အလှပဆုံးကမ်းခြေတစ်ခုသောဖြစ်သော ၇ခိုင်ပြည်နယ်မှငပလီကမ်းခြေဟိုတယ်များတွင် သင်္ကြန်ကာလအတွက် ဟိုတယ်အခန်းများကို ကြိုတင်ငှားရမ်းမှုများနေပြီး ဘိုကင် ပြည့်နေပြီဟု ဟိုတယ်တာဝန်ရှိသူများထံမှသိ၇သည်။
ငပလီကမ်းခြေ Bay View ဟိုတယ်မှဧည့်ကြိုဌာနမန်နေဂျာက"ဟိုတယ်မှာတော့လာမယ့် သင်္ကြန်လေးရက်တာ အတွက် ဘိုကင်ပြည့်နေပါပြီ။ သင်္ကြန်အတွက်ကြိုပြီးမှာထားတွေပေါ့။ အခန်းတိုင်းပြည့်နေပါပြီ" ဟု နိ၇ဉ္စရာသတင်းဌာနသို့ပြောသည်။
ဟိုတယ်အခန်းကြိုတင်မှာယူသူများတွင် နိုင်ငံခြားသားဧည့်သည်များထက် ပြည်တွင်းခရီးသွား ဧည့်သည်များပြ
"ကျွန်တော်တို့ ဟိုတယ်မှာလည်းသင်္ကြန်အတွက်မှာထားတာတွေ ပြည့်နေပြီပေါ့နော်။ အဓိက နိုင်ငံခြားသားတွေမဟုတ်ဘဲပြည်တွင်းဧည့်သည်တွေများပါတယ်။ ရန်ကုန်နဲ့ ရှမ်းပြည်နယ်ဘက်ကများကြတယ်" ဟု ပြောသည်။
အဆိုပါငပလီကမ်းခြေဇုန်ရှိ အခြားဟိုတယ်များအားဆက်သွယ်ကြည့်ရာ ဟိုတယ်အများစုမှာ သကြန်ကာလအတွင်း ကြိုတင်မှာယူမှုများနှင့်ပြည့်နေပြီဟု ပြောဆိုကြသည်။
Ngapali Bay Hotel မှတာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့မှာတော့ ဟိုတယ်ရဲ့ သုံးပုံနှစ်ပုံလောက်ကသင်္ကြန်အတွက်ကြိုတင်မှာထားတာရှိ
ငပလီကမ်းခြေ ဟိုတယ်ဇုန်များတွင်နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများသည် ကမ္ဘာလှည့်ခရီးသွားများအများဆုံး လာရောက်အပန်းဖြေသည့် ကာလဖြစ်ပြီး ဖေဖော်ဝါရီ၊ မတ်နှင့်ဧပြီလများသည် ပြည်တွင်း ဧည့်သည်များ လာရောက် လည်ပတ်လေ့ရှိသည့်ကာလများဖြစ်ကြောင်း သိ၇သည်။
ငပလီကမ်းခြေသည်မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေ
ငပလီကမ်းခြေကိုနှစ်စဉ်နိုင်ငံခြားသားများအပါ
ပြီးခဲ့သည့် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလအတွင်း ငပလီသို့ ပြည်တွင်းခရီးသွားဝင်ရောက်သူ ၁၈၀၀၀ ကျော်နှင့်ပြည်ပ ခရီးသွားဝင်ရောက်သူ ၈၀၀ ဦးခန့်ရှိခဲ့ကြောင်း သံတွဲမြို့နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု