Preview

စစ်တွေရှိ မွတ်ဆလင်ဒုက္ခသည် ၃၀ကျော်ကို စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးသက်သေခံ NVC ကတ်များထုတ်ပေး

မတ် ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :8897
ရခိုင် သတင်း

နိရ ဉ္စရာ၊ မတ်၁၀/၂၀၂၃

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိသက္ကေပြင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ဒုက္ခသည် ၃၀ ကျော်ကို ယမန်နေ့ မတ်လ ၉ ရက်က လ၀ကတာဝန်ရှိသူများက နိုင်ငံသားစိစစ်ခံ၇မည့်သူ၏ သက်သေခံကတ်(NationalVerification Card - NVC)များထုတ်ပေးခဲ့ကြောင်း သိ၇သည်။

 

သက္ကေပြင်စခန်းရှိ မွတ်ဆလင်ဒုက္ခသည် အမျိုးသားနှင့်အမျိုးသမီး၊ စုစုပေါင်း ၃၆ ဦးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့ မတ်လ ၉ရက်တွင် စခန်းသို့လာရောက်ကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု စခန်းကော်မတီတာဝန်ရှိသူတစ်ဦးကပြောသည်။

"လူတွေကလည်းနိုင်ငံသား၇ဖို့တောင်းဆိုကြတယ်။ အဲတော့ NVC ကတ်ကို အရင်ကိုင်၇မယ်လို့ ပြောတယ်။ NVC ကတ်ကို ရုံးကိုသွားထုတ်ဖို့အဆင်မပြေဘူးလို့ ကျနော်တို့ကပြောလို့သူတို့က ဒီမှာလာပေးတယ်။ ထုတ်ပေးလိုက်လို့ NVC ကိုင်ပြီးရင်နိုင်ငံသားလျှောက်၇မယ့်သဘောပါ။ နိုင်ငံသားလျှောက်ဖို့အတွက်ကတော့ ရုံးကိုသွားပြီး လျှောက်ရပါမယ်။နိုင်ငံသားလျှောက်တာက တစ်နှစ်လောက်ကြာပေမယ့် မ၇တာ အများကြီးပါ" ဟုပြောသည်။

အဆိုပါစခန်းသို့စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များက မတ်လ၈ ရက်တွင် သွားရောက်ခဲ့စဉ် ဘောဒူဖအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစိုးလှကစခန်းနေဒုက္ခသည်များအတွက် NVC ကတ်များကို ထုတ်ပေးရန်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ပေးအပ်လာခြင်း ဖြစ်သည်ဟု သိ၇သည်။

အဆိုပါ သက္ကေပြင်IDP Camp တွင်ဒုက္ခသည်ပေါင်း ၆၄၀၀ ကျော်ရှိကာ အိမ်ထောင်စုတစ်စုစီလျှင် ပျမ်းမျှလူဦးရေ၆ ဦးမှ ၁၀ ကျော်အထိရှိသည်ဟု သိ၇သည်။

အဆိုပါ NVC ကတ်ပြားကိုထုတ်ယူရာတွင် ဖြည့်စွက်၇သောအချက်အလက်များမှာ ကွဲပြားနေသဖြင့် NVC ကတ်ကို မွတ်ဆလင်အများအပြားလက်မခံမှုများရှိကြသည်ဟု မူဆလင်လူငယ်တစ်ဦးက ပြောသည်။

"အဲဒီမှာဖြည့်ခိုင်းတဲ့အကြောင်းအရာတွေကကျနော်တို့ကိုယ်တိုင်တောင်မသိတဲ့အကြောင်းတွေပါတယ်လေ။ ကျနော်တို့ကို ဘယ်နေရာကနေဘယ်နခုနှစ်မှာဝင်လာလဲတွေဖြည့်ခိုင်းတယ်။ ကျနော်တို့အဘိုးအဘွားလက်ထက်ကနေကျနော်တို့ဒီမှာနေလာကြတာ။ ကျနော်တို့က အဲဒါတွေကို ဘယ်လိုဖြည့်၇မှာလဲ။ အဲဒီကတ်ကနိုင်ငံခြားသားကို မှတ်ပုံတင်လုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်။ ကျနော်တို့နဲ့မဆိုင်တဲ့ကိစ္စတစ်ခုကို ကျနော်တို့ကဘယ်လိုမျိုးဖြည့်နိုင်မလဲပေါ့။ အဲဒီထဲက အကြောင်းအရာတွေကို မမှန်မကန်ဖြည့်လိုက်ရင်လည်းကျနော်တို့က ဥပဒေကိုဆန့်ကျင်ရာရောက်မှာပေါ့။ အဓိကအဲဒီကိစ္စတွေကြောင့် NVC ကိုလက်မခံနိုင်ကြတာပါ"ဟု ပြောသည်။

ရခိုင်ရှိမွတ်ဆလင်များသည် NVC ကတ်ပြားရရှိထားသော်လည်း လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးသည့်ပုံစံ (၄)ရှိမှ သာလျှင် သတ်မှတ်ထားသည့် ရက်ပိုင်းအတွင်း သတ်မှတ်ထားသည့်မြို့ကို ခရီး သွားလာခွင့်ရကြောင်းသိ၇သည်။

ရခိုင်ရှိ မွတ်ဆလင်များကိုယခင်က White Card ဟုခေါ်သည့်ယာယီသက်သေခံကတ်ပြားများကို ထုတ်ပေးခဲ့သော်လည်းဦးသိန်းစိန်အစိုး၇လက်ထက်တွင် ယင်း White Card များကို ဖျက်သိမ်းပြီး ၂၀၁၅ခုနှစ်မှစတင်ကာ NVC ကတ်များကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေးဥပဒေနှင့်အညီစစ်ဆေးလုပ်ဆောင်စဉ်ကာလအတွင်း နိုင်ငံသားများဖြစ်မလာနိုင်မီ ယခု NVC ကတ်များကို ကိုင်ဆောင်ကြ၇မည်ဖြစ်သည်ဟု ဆိုသည်။

 

NVC ကတ်ကိုင်ဆောင်သူများကိုနိုင်ငံသားဖြစ်ခွင့်ပြုခြင်းမဟုတ်သော်လည်း ကတ်ကိုင်ဆောင် ထားသူများသည် လုပ်ရိုးလုပ်စဉ်လုပ်ငန်းစဉ်တခုမှတဆင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်သည့် အခွင့်အရေးရှိသည်ဟု သက်ဆိုင်ရာကထုတ်ပြန်ချက်များအရ သိ၇သည်။ (NN-8)

 

ဓာတ်ပုံ- ၂၀၁၇ ခုနှစ်အတွင်း ၇ခိုင်တွင် NVC ကတ် ထုတ်ပေးခဲ့စဉ်။
Photo - ပြန်/ဆက်

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.