နိရဉ္စရာ၊ မတ်၁၀/၂၀၂၃
စစ်တွေမြို့နယ်နှင့်ကျောက်ဖြူမြို့ရှိ မူဆလင်ဒုက္ခသည်များစခန်းများသို့ ရောက်ရှိလာသည့် နိုင်ငံခြားသံတမန်အဖွဲ့ကို အခက်အခဲနှင့်လိုအပ်ချက်များကိုတင်ပြတောင်းဆိုခွင့်မ၇ခဲ့ဟု ဒုက္ခသည်များက နိရဉ္စရာသတင်းဌာနကိုပြောဆိုသည်။
စစ်ကောင်စီနေပြည်တော်ဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သောနိုင်ငံခြားသံတမန်အဖွဲ့သည် မတ်လ ၈ ရက်တွင် စစ်တွေမြို့နယ်ရှိသက္ကေပြင် ဒုက္ခသည်စခန်းသို့လည်းကောင်း၊ မတ်လ ၉ ရက်တွင် ကျောက်ဖြူမြို့ရှိကျောက်တလုံးဒုက္ခသည်စခန်းသို့
စစ်တွေမြို့နယ်ရှိ သက္ကေပြင်IDP Camp သို့သွားရောက်ခဲ့ရာတွင် စခန်းအတွင်းနေထိုင်၇သူများ၏ အခက်အခဲများကိုမေးမြန်းခဲ့သော်လည်း ဘောဒူဖကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစောလှကစခန်းနေဒုက္ခသည်များ၏ အခက်အခဲမျာ
ဦးစောလှ၏ကြားဖြတ် ဝင်ရောက်ပြောကြားခဲ့မှု
"စခန်းတာဝန်ခံတွေကလည်း လမ်းကိစ္စ၊အမိုးအကာ ကိစ္စလောက်ပဲပြောလိုက်၇တယ်။ Camp က လူတွေအနေနဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအစစအရာရာကဏ္ဍတွေ လိုအပ်ချက်ရှိနေပါတယ်။ ကျနော်တို့မှာ အခက်အခဲတွေအများကြီ
အဆိုပါသက္ကေပြင်ဒုက္ခသည်စခန်းတွ
သူတို့သည် ၁၀ပေ၊ ၈ ပေ ပေရှိသည့် တဲတန်းလျားများထဲတွင် ၁၀ စုနှစ်တစ်ခုကြာ အခက်အခဲများစွာဖြင့်နေနေကြ၇ပြီးဒုက္ခသည်အမျိုးသမီးများအနေဖြင့်
အလားတူ စစ်ကောင်စီနေပြည်တော်၀န်ကြီးဦးကိုကိုလှိုင်ဦးဆောင်သော နိုင်ငံခြားသံတမန်အဖွဲ့သည်ကျောက်ဖြူမြို့ရှိ ကျောက်တလုံးဒုက္ခသည်စခန်းသို့ ယမန်နေ့ကလာရောက်ခဲ့စဉ်ကလည်း ဒုက္ခသည်များ၏အခက်အခဲများကို တင်ပြခွင့်မ၇ခဲ့ဟုစခန်းနေသူများက ပြောသည်။
၎င်းဝန်ကြီးနှင့်အဖွဲ့
လူဦးရေ ၁၅၃၂ဦးရှိသည့် ကျောက်တလုံးကယ်ဆယ်ရေးစခန်းသည် ၂၀၁၂ ခုနှစ်အရေးအခင်းအပြီးတွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့၊ ပိုက်ဆိပ်မှမူဆလင်အများစုနေထိုင်နေသော ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်သည်။
မူဆလင်ဒုက္ခသည်များထံသွားရောက်
Photo - Chinese Embassy inMyanmar