တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

ရခိုင်ကနာမည်ကြီး ANP ပါတီ စစ်ကောင်စီရွေးကော်တွင် မှတ်ပုံတင်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.8k

နိရဥ္စရာ၊ မတ်လ ၁၃/၂၀၂၃

 

ရခိုင်နာမည်ကြီး ပါတီ တစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)သည် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်တွင် ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ပြီး ယခုအခါ ပါတီ ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်တချို့မှာ နေပြည်တော်သို့ ရောက်ရှိနေကြောင်း အမည်မဖော်လိုသည့် ပါတီခေါင်းဆောင် တစ်ဦးက ပြောည်။ 

 

လက်ရှိ ပါတီမြို့နယ်တွေ အများစုက ပြန်လည်မှတ်ပုံတင်ဖို့ သဘောထားပေးတယ်။ ဒါကြောင့် မှတ်ပုံတင်ဖို့ ဆုံးဖြတ်တယ်။ လက်ရှိ ဥက္ကဋ္ဌနဲ့ ခေါင်းဆောင်တချို့ UEC ခေါင်းဆောင်တချို့နဲ့ တွေ့နေတယ်။ ပါတီပြန်မှတ်ပုံတင်မှာ ဖြစ်ပါတယ်ဟု ၎င်းက ပြောသည်။

 

မတ်လ (ရက်တွင် ရခိုင်အမျိုးသားပါတီ (ANP)  ဗဟိုကော်မတီအစည်းအဝေးကို ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးအတွင် ပါတီမှတ်ပုံတင်ရေးနှင့် ပတ်သက်၍ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း ANP ပါတီနှင့်နီးစပ်သည့် သတင်းရင်းမြစ်အရ သိရသည်။ 

 

"ပါတီမှတ်ပုံတင်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်။ ဒါတော့သေချာတယ်။  အဲ့ဒီ ရွေးကောက်ပွဲအချိန်နီးမှ ဘယ်သူတွေဝင်ပြိုင်မယ်။ ဘယ်နေရာတွေ ဝင်ပြိုင်မလဲ ဆိုတာကတော့ Final ဖိုင်နယ်  ဆုံးဖြတ်ကြမယ် ပြောပါတယ်ဟု ပြောသည်။ 

 

ရွေးကောက်ပွဲမှတ်ပုံတင်ရေးနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် အစည်းအခေါ်ယူကာ ဆွေးနွေးခဲ့ကြုလည်း ၎င်းကပြောသည်။ 

 

စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် ပတ်သက်၍ ANP ပါတီ ဗဟိုကော်မတီက မြို့နယ်အလုပ်အမှုဆောင်နှင့် မြို့နယ်ကော်မတီဝင်များထံ မိမိတို့၏ သဘောထား မှတ်ချက်များကို ဖေဖော်ဝါရီလ (၂၈ရက်နေ့မှာ နောက်ဆုံးထား ပေးပို့ကြရန် တောင်ဆို၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလက  မြို့နယ်အသီးသီးတွင် သဘောထားကောက်ခံမှုများပြုလုပ်ကာ တင်ပြခဲ့ကြောင်း သိရသည်။ 

 

ယင်းသို့ကောက်ခံခဲ့ရာတွင် မြို့နယ်အများစုမှ မြို့နယ် အလုပ်အမှုဆောင်နှင့် မြို့နယ်ကော်မတီဝင် များအနေနှင့် ပါတီ ဆက်လတ်ရပ်တည်နိုင်ရေးကို ရှေးရှုကာ မှတ်ပုံပြန်တင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။ 

 

အဆိုပါ သဘောထားကောက်ခံချက်များအရ ပါတီမှတ်ပုံပြန်တင်ကာ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ဆုံးြတ်ခြင်း ဖြစ်နိုင်သည်ဟုလည်း သူက ဆက်ပြောသည်။ 

 

ပါတီမှတ်ပုံတင်ရေးနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။   

 

စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ဇန်နဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်ခြင်း မရှိသည့်ပါတီများကို နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပယ်ဖျက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိကာ ဥပဒေသစ်အရ ပါတီမှတ်ပုံတင် လျှောက်ထားရန် ကော်မရှင်က ဖိတ်ခေါ်ထားသည်။

 

ရခိုင်တွင် နိုင်ငံရေးပါတီများအထဲက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှာ မှတ်ပုံတင်မည် မဟုတ်ဘဲ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)ရခိုင်အမျိုးသားပါတီ(ANP)နှင့် တချို့  မျိုးနွယ်စုဝင် ပါတီများလည်း မှတ်ပုံတင်ကြမည်ဟု သိရသည်။

ဆက်စပ် သတင်းများ