Preview

ရခိုင်တွင် စစ်တပ်ကဒေသခံအသွင်ယူကာ ထောက်လှမ်းမှုများရှိနေ၍ နယ်ကျေးရွာများတွင်ပစ္စည်းများလှည့်လည်ရောင်းချသူများကို AA စတင်ကန့်သတ်ပိတ်ပင်

မတ် ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :4554
ရခိုင် သတင်း

နိရဥ္စရာ၊ မတ်လ၁၃/၂၀၂၃
အပစ်အခတ်ရပ်စဲထားသည့်၇ခိုင်တွင် စစ်ကောင်စီတပ်ကဒေသခံများအသွင်ယူကာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULAAA)နှင့်ဆက်စပ်သူများ၊ ရိက္ခာလမ်းကြောင်းများကို ထောက်လှမ်းမှုများရှိနေသဖြင့် အရပ်တကာလှည့်ကာပစ္စည်းရောင်းချသူများကို စတင် ကန့်သတ် ပိတ်ပင်မှုပြုလုပ်လာသည်ဟု သတင်းရရှိသည်။  

ယခုကဲ့သို့အရောင်းအဝယ်သမားအသွင်ယူကာ စုံစမ်းထောက်လှမ်းမှုများကြောင့်လက်ရှိမှာ သူတို့၏ရောင်းချခွင့်များကို ကျောက်တော်မြို့နယ်တွင် စတင်ကန့်သတ်ပိတ်ပင်မှုများလုပ်ဆောင်နေပြီဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နယ်မြေမှူးတစ်ဦးက ပြောသည်။

"ခြင်ထောင်တွေ ၊သေတ္တာတွေ အစစအရာရာ အားလုံး သူတို့တွေကို မြို့ထဲမှာပဲ ရောင်းခွင့်ပေးထားတယ်။နယ်မထွက်ခိုင်းပါဘူး။ လတ်တလော ပိတ်ပင်ထားတယ်။ သူတို့တွေကထောက်လှမ်းရေးတွေများတယ်" ဟု ပြောသည်။

၇ခိုင်မှပြည်နယ်၏မြို့တော် စစ်တွေအပါအဝင် တောင်ကုတ်၊ ကျောက်ဖြူ၊ ကျောက်တော်၊ပုဏ္ဏားကျွန်းနှင့် တခြား မြို့နယ်များတွင်လည်း ဗမာစကားပြောသူများနှင့်၇ခိုင်စကားပြောသူတချို့တို့ အရပ်သားအသွင်ယူပြီး သွားကိုက်၊ သွားနာပျောက်ဆေး၊စောင်၊ ခြင်ထောင်၊ ဘီဒိုနှင့် တခြားလူသုံးကုန်ပစ္စည်းများကိုအကြွေးစနစ်ဖြင့် လိုက်လံရောင်းချမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၁၀ ရက်နေ့ကမြောက်ဦးမြို့နယ်၊ ကင်းဆိပ်ရွာကို ၇ခိုင်အမျိုးသမီးတစ်ဦးက သွားကိုက်၊သွားနာပျောက်ဆေးများ လာရောက်ရောင်းချခဲ့ကာ သူမနှင့်အတူ ကားပေါ်တွင် ဗမာအမျိုးသား(၃)ဦးပါလာခဲ့ကြောင်း၊  ၄င်းတို့သည်မြောက်ဦးမြို့မှ တည်းခိုခန်းတစ်ခုတွင်တည်းခိုနေထိုင်ကြကာ  မြောက်ဦးမြို့မှတဆင့် ကားဖြင့် ကျေးရွာများသို့ လာရောက် ရောင်းချမှုများရှိခဲ့ကြောင်း  ကင်းဆိပ်ရွာမှ ရွာလူကြီးတစ်ဦးက ပြောသည်။

" အခုအချိန်က ရခိုင်အခြေအနေတည်ငြိမ်နေပေမယ့် ဘယ်သူ့ကို စိတ်ချလို့ မ၇ဘူး။ ဒီလိုအချိန်မျိုးမှာ နယ်ထိ ဆင်းပြီး သွားကိုက်၊သွားနာဆေးတွေ ရခိုင်အမျိုးသမီးတစ်ယောက်လည်ပြီးရောင်းတယ်။ ဗမာစကားပြောသူတွေကတော့ကားပေါ်မှာ သုံးလေးယောက်ပါတယ်။ ဒီဆေးတွေရောင်းလို့ တစ်ရက်မှာတစ်ဗူး၊နှစ်ဗူးရောင်းရချင်ရောင်း၇မယ်။ ဒါနဲ့ တည်းခိုခန်းတွေမှာ ငှားပြီး ကားနဲ့ သွားလာရောင်းဖို့က မလွယ်နိုင်ဘူး။အဓိကစစ်တပ်ထောက်လှမ်းရေးတွေပဲ ဖြစ်ဖို့များပါတယ်။မြောက်ဦးကနေ လာရောင်းတာပါ" ဟုပြောသည်။

ယခုကဲ့သို့ လှည့်လည်ရောင်းချနေသူများသည်ပစ္စည်းရောင်းရရေးထက် နယ်မြေဒေသအခြေအနေကို အဓိက လေ့လာပုံရကာသာမန်အရောင်းသမားများနှင့်မတူဘဲ တည်းခိုခန်းများတွင် တည်းခိုနေထိုင်နိုင်သည့်အတွက်သံသယဖြစ်စရာကောင်းသည်ဟု ဒေသခံများက ပြောသည်။

တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက"တချို့ကတော့အကြွေးဆိုရင်ဝယ်ကြတာပဲ။ ရခိုင်တွေကလည်း အမှတ်မရှိကြဘူး။ သူတို့တွေဘာကြောင့်လာတယ်။ ဘယ်လိုစကားနှိုက်တယ် ဆိုတာမျိုးသတိထားသင့်တယ်" ဟု ပြောသည်။

စစ်တွေရှိမြို့ပေါ်ရပ်ကွက်အချို့နှင့် လူနေထူထပ်သည့် မင်းဂံရပ်ကွက်တွင်လည်းပြီးခဲ့သည့်ရက်ပိုင်းက ဗမာစကားပြောသူတစ်ဦးသည် အဝတ်ဗီဒိုများကိုကားဖြင့်တင်ဆောင်ကာ အကြွေးစနစ်ဖြင့် လိုက်လံရောင်းချမှုများရှိခဲ့သည်ဟုမင်းဂံရပ်ကွက်မှ ကိုယ်တိုင်ကြုံခဲ့၇သူတစ်ဦးက ပြောသည်။

ဈေးကသာမန်ထက်ချိုတယ်။ ပြီးတော့ ၆ လ အရစ်ကျစနစ်နဲ့ဝယ်လို့၇တယ်ဆိုတော့ ဈေးတအား ချိုတယ်။ သူက မဝယ်ချင်ရင်ဝယ်ချင်လာအောင် စည်းရုံးတယ်။ ဒါပေမဲ့ သူတို့တွေကို မယုံလို့ ကျနော် မဝယ်လိုက်ဘူး အရင်က ဗမာပြည်ဘက်က လူတွေ လာရောင်းတာ ဘာမှပြဿနာမရှိဘူး။အခုကလူတိုင်း သတိထားဖို့လိုတယ်ဟုပြောသည်။

၇ခိုင်တွင် အပစ်အခတ်ရပ်စဲထား၍စစ်ရေးတည်ငြိမ်နေချိန်တွင် စစ်ကောင်စီဘက်က ULA/AA နှင့်မပတ်သက်ရန်၊ မထောက်ခံ၊ မပံ့ပိုးရန်လိုက်လံပြောဆိုမှုများရှိနေသလို ULA/AA ၏ လှုပ်ရှားမှု၊ ၇ခိုင်နယ်မြေအခြေအနေများကို နည်းမျိုးစုံဖြင့် ထောက်လှမ်းမှုများရှိလာနေသဖြင့် အထူးသတိထားရန် လိုအပ်သည်ဟု ၎င်းကထပ်လောင်း ပြောဆိုသည်။  (NN-7)

 ပုံစာ- အေအေတပ်တော်တပ်ဖွဲ့ဝင်များ

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.