အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ရဟန်းတော် ၆ ပါးကို ပရဟိတစံပြထူးချွန်ဂုဏ်ထူးဆောင်ဘွဲ့များ အိန္ဒိယနိုင်ငံတွင်ချီးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.8k

နိရဥ္စရာ၊ မတ်လ ၁၃ / ၂၀၂၃

ရခိုင်မှရဟန်းတော် ပါးကို ကမ္ဘာ့ဗုဒ္ဓသာသနာပြုအဖွဲ့ကြီး၏ အပြည်ပြည်ဆိုင်ရာ လူမှုအကျိုးပြုဆိုင်ရာ ပရဟိတစံပြ ထူးချွန် ဂုဏ်ထူးဆောင်ဘွဲ့ (International Charity Icon Award)အား ချီးမြှင့်ခဲ့သည်ဟု သတင်းရရှိသည်။

 

ယင်းဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မတ်လ ၁၂ ရက်က အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာတွင် ကျင်းပခဲ့ပြီး ဘွဲ့ဆုတံဆိပ်ကို လက်ခံရယူပြီးပြီဖြစ်ကြောင်း ဘွဲ့ဆုတံဆိပ် ဆက်ကပ်ခံခဲ့ရသည့် ရဟန်းတော်များထဲမှ တောင်ကုတ်မြို့နယ်၊ သံဃနာယကဥက္ကဋ္ဌ ခရိုင်ရွာဆရာတော် ဦးနန္ဒာလင်္ကာရက နိရဥ္စရာသို့ မိန့်ကြားသည်။

"ဆရာတော်တို့ကို မနေ့ကအခမ်းအနားနဲ့ ဘွဲ့ဆက်ကပ်ပါတယ်။ လက်ခံရယူပြီးပါပြီ" ဟု မိန့်သည်။

ဆုချီးမြှင့်ခံရသည့် ရဟန်းတော်များမှာ အရှင်သဘာဝနဒီ၊ တောင်ကုတ်မြို့နယ်မှ ခရိုင်ကျေးရွာဆရာတော် ဦးနန္ဒာလင်္ကာရနှင့် လမူးမော်ရွာ သာသနာ့ဟိတစာတီကျောင်းဆရာတော်၊ မြေပုံမြို့နယ် သင်းပုန်းချောင်း ကျောင်းတိုက်မှ ဦးသုစိတ္တရ၊ စစ်တွေမြို့ ရွှေရောင်စုံစာသင်တိုက်မှ ရဟန်းတော်တစ်ပါးနှင့် သံတွဲမြို့နယ်မှ ဆရာတော်တစ်ပါးတို့ ဖြစ်သည်။

လက်ရှိတွင် ထိုဆုကိုလက်ခံရယူရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် အရှင်သဘာဝနဒီကို နိရဥ္စရာသတင်းဌာနက ဆက်သွယ်ရန်ကြိုးစားနေသော်လည်း အဆက်အသွယ် မရရှိနိုင်သေးပေ။


အဆိုပါရခိုင် ရဟန်းတော် ပါးအနက် အသျှင်သဘာဝနဒီသည် ရခိုင်ပြည်နယ်အတွင်း လူမှုရေးလှုပ်ရှားဆောင်ရွက်ခဲ့မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ရခိုင့်တံခွန်ဆုကိုလည်း ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင်ကျရောက်ခဲ့သော ရခိုင်ပြည်နယ်နေ့တွင် ဆက်ကပ်ခံခဲ့ရသူဖြစ်သည်။

အခြား ရခိုင်ရဟန်းတော် ပါးသည်လည်း အသျှင်သဘာဝနဒီကဲ့သို့ ရခိုင်လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံလှုပ်ရှား ဆောင်ရွက် နေကြသူများဖြစ်သည်ဟုလည်း သိရသည်။

 

ယမန်နေ့ကဆုချီးမြှင့်ပွဲတွင် မြန်မာနိုင်ငံမှ ရခိုင်ရဟန်းတော် ပါး၊ မွန်ပြည်နယ်မှ ရဟန်းတော် ပါးနှင့် မြောင်းမြမြို့နယ်မှ ရဟန်းတော်တစ်ပါး၊ ရန်ကုန်တိုင်းဒေသကြီးမှ ရဟန်းတော် ပါး၊ ကရင်ပြည်နယ်မှ ရဟန်းတော်တစ်ပါးတို့လည်း အပြည်ပြည်ဆိုင်ရာလူမှုအကျိုးပြုဆိုင်ရာ ပရဟိတစံပြ ထူးချွန် ဂုဏ်ထူးဆောင်ဘွဲ့ (International Charity Icon Award)ကိုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

 

ယခုချီးမြှင့်သောဘွဲ့သည် လူမှုပရဟိတလုပ်ငန်းများနှင့် သာသနာပြုလုပ်ငန်းများကို ကိုယ်ကျိုးစွန့်၍ စွမ်းစွမ်းတမံဆောင်ရွက်သည့် ပုဂိုလ်များကို ဆက်ကပ်သည့် ဘွဲ့တစ်ခုဖြစ်ကြောင်း  သိရသည်။ (NN- 23)

 

ဆက်စပ် သတင်းများ