နိရဉ္စရာ၊မတ် ၁၄/ ၂၀၂၃
၇ခိုင်မှအငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များလုပ်ငန်းတိုးချဲ့ရာ၌ ဖြစ်စေ၊ ရင်းနှီး မြှုပ်နံရာ၌ဖြစ်စေချေးငွေများလိုအပ်၍ ချေးယူလိုပါက ဧရာ၀တီဘဏ်မှMicro loan Project ဖြင့် ပုဂ္ဂလိကချေးငွေများ ချေးယူရရှိနိုင်ပြီဟု သိ၇သည်။
လုပ်ငန်းရှင်များအနေဖြင့်ချေးငွေများချေးယူလိုပါက သတ်မှတ်ထားသည့်စာရွက်စာတမ်းများ
"ချေးငွေက အစိုး၇ချေးငွေမဟုတ်ဘူး။ ပုဂ္ဂလိကချေးငွေပါ။ ဒီဧရာ၀တီဘဏ်က Micro loan Project နဲ့ပတ်သတ်ပြီး MSME တွေ Development ဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ MSMEလုပ်ငန်းရှင်တွေက ချေးငွေ လိုအပ်ရင်ချေးငွေထုတ်ချေးလို့၇နေပါပြီ" ဟု ပြောသည်။
ချေးငွေရရှိနိုင်သည့်ပမာဏမှာ ကျပ်သိန်း(၁၀၀)မှကျပ်သိန်း(၃၀၀)အထိ ချေးငွေရရှိနိုင်ပြီး ချေးငွေ ရယူရာတွင် အပေါင်ခံပစ္စည်းနှင့်အပေါင်မဲ့စ္စည်းဟူ၍ နှစ်မျိုးခွဲထားသည်ဟု သိ၇သည်။
အာမခံအပေါင်ပစ္စည်းအမျိုးအစားများမှာ တိုက်ခန်း၊ အမည်ပေါက် ဆိုင်ခန်း၊ အမည်ပေါက် Private ကားတို့ဖြစ်သည်ဟု သိ၇သည်။
ချေးငွေယူရာတွင် အပေါင်ခံပစ္စည်းပါပါက အများဆုံး ကျပ်သိန်း ၃၀၀ ထိ ချေးငွေထုတ်ယူနိုင်ပြီးအပေါင်မဲ့ပစ္စည်းဖြစ်လျှင်အများဆုံး ကျပ်သိန်း ၁၀၀ အထိ ချေးငွေထုတ်ယူနိုင်သည်ဟုသိ၇သည်။
MSME Association Rakhine မှ ဒုဥက္ကဋ္ဌ(၂)ဦးစိုးဝင်းနိုင်က "အပေါင်ပစ္စည်းမယူဘဲဒီအတိုင်း ယူဖို့လုပ်ငန်းရှိတယ်။ ဥပမာ လုပ်ငန်းရှိတယ်၊ လိုင်စင်ရှိတယ်၊လုပ်ငန်းလည်ပတ်နေတာ မှန်ကန်ရင်သိ
ယင်းချေးငွေများပြန်လည်ပေးဆပ်ရာတွင် အတိုးကောက်ခံစနစ်ဖြင့် ကောက်ယူသွားမည်ဖြစ်သည်ဟု သိ၇သည်။
အရင်းကိုလည်းလစဥ် ဘဏ်သို့ ပေးဆပ်၇မည်ဖြစ်ပြီးချေးငွေသက်တမ်းမှာ ၁ နှစ်ဖြစ်ကာ ကျပ်သိန်း(၁၀၀) အတွက် အတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၀.၅%)၊တစ်လလျှင် (၀.၈၇%)နှင့် ကျပ်သိန်း(၃၀၀)အတွက်အတိုးနှုန်းမှာ တစ်နှစ်လျှင် (၉.၅%)၊ တစ်လလျှင် (၀.၇၉%)ဖြစ်သည်ဟုလည်းသိ၇သည်။
MSME လုပ်ငန်းရှင်များအသင်းမှ အမည်မဖော်လိုသည့်အသင်းဝင်စီးပွားရေး လုပ်ငန်းရှင်
ရခိုင်ပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွ
ဓာတ်ပုံ(- MSME Association Rakhine မှအသင်းသူ၊ အသင်းသားများ တွေ့ဆုံပွဲတစ်ခုတွင်တွေ့၇စဥ်)