Preview

ကျောက်တော် တပ်မရှေ့တွင် ခရီးသွားများအား တင်းကျပ်စွာစစ်ဆေးနေ

မတ် ၁၄/ ၂၀၂၃ | ကြည့်ရှုသူ :2599
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၁၄/၂၀၂၃

၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စခက (၉) တပ်မ ရှေ့တွင် ခရီးသွားပြည်သူများ၏ အသွားအလာများနှင့် ကား၊ ဆိုင်ကယ်များကို ယနေ့ မတ်၁၄ ရက်တွင်ရဲနှင့်စစ်သားများက တင်းကျပ်စွာစစ်ဆေးနေသည်ဟု သတင်းရရှိသည်။

အဆိုပါဂိတ်တွင်ရဲနှင့်စစ်သားများပူးပေါင်းကာ ရန်ကုန် - စစ်တွေခရီးသည်တင်အဝေးပြေးကားများ၊ကုန်ကားများ၊ ဘုရားဖူးကားများအပြင် ဒေသအတွင်းသွားလာနေသည့် ဒေသခံပြည်သူများ၏ အသွားအလာများကိုတင်းကျပ်စွာစစ်ဆေးနေခြင်းဖြစ်သည်ဟု ခရီးသွားများက ပြောသည်။

ဒေသခံ ခရီးသွားတစ်ဦးက"ကားနဲ့ပဲလာလာ၊ ဆိုင်ကယ်နဲ့ပဲလာလာ၊ အဲ့ဒီဂိတ်ရှေ့ရောက်ရင် ကားပေါ်ကဆင်းပြီးစစ်ဆေးတဲ့နေရာမှာ မှတ်ပုံတင်တွေသွားပြ၇တယ်။ ဘယ်သွားတယ်။ ဘယ်လာတယ်ကအစ မေးတယ်။သူတို့စစ်ဆေးပြီးမှ သွားလာခွင့်၇တယ်" ဟု ပြောသည်။

၎င်းတပ်မရှေ့မှဖြတ်လျှင် ခရီးသည်များမှာ ကားပေါ်မှဆင်းပြီး လမ်းလျှောက်ဖြတ်သွား၇သလိုဘေးတွဲ ဆိုင်ကယ်မောင်းသူများ၊ ကုန်ပစ္စည်းတင်လာသည့်ဆိုင်ကယ်ကယ်ရီသမားများမှာလည်း ဆိုင်ကယ်များကိုတွန်းပြီးမှ၎င်းတပ်ရှေ့မှဖြတ်သန်းသွားလာခွင့်ရသည်ဟု နောက်ထပ်ခရီးသည် တစ်ဦးက ပြောသည်။

 

"ဘယ်ကလာတဲ့ ကားပဲဖြစ်ဖြစ်သူတို့ကစစ်ဆေးတာပဲ။ ကားပေါ်ကဆင်း၇တယ်။ ခရီးသည်တွေစာရင်းပြရတယ်။ မှတ်ပုံတင်တွေပြ၇တယ်။ကုန်းကားတွေဆိုလည်း တင်လာတဲ့ကုန်တွေကိုပါစစ်တယ်။ ဝန်တွေတင်လာတဲ့ဆိုင်ကယ်ကယ်ရီသမားတယောက် ဆိုင်ကယ်မောင်းပြီးသွားမိလို့ တွန်းပြီးသွား၇မယ်ဆိုပြီး အော်ငေါက်လိုက်သံလည်း ကြားလိုက်၇သေးတယ်။ ကားတွေကလည်းအများကြီးဆိုတော့သူတို့စစ်နေတာနဲ့ကို အချိန်တွေကုန်တယ် လူတွေအကုန်လုံး ဒုက္ခရောက်တယ်" ဟု ပြောသည်။

၇ခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ အပစ်ရပ်ထားကြသော်လည်း စစ်ကောင်စီတပ်ကအမ်းမြို့နယ်ရှိ ကန်မြင့်ကံစစ်ဆေးရေးဂိတ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်နှင့်နောက်ထပ်စစ်ဆေးရေးဂိတ်များတွင်လည်း ဌာနပေါင်းစုံမှတာဝန်ရှိသူများကလိုသလိုစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ခရီးသည်များက ပြောသည်။

ယင်းအပြင် ခရီးသည်တင်ကားများနှင့် ကုန်ကားများ၏ကုန်တင်ယူလာသည့် ပစ္စည်းအမျိုးအစား အပေါ်မူတည်ပြီး ငွေကြေးများကောက်ခံမှုများလည်းရှိပြီးခရီးသွားပြည်သူများ၏ အသွားအလာများကိုလည်း တင်းကျပ်စွာစစ်ဆေးလျက်ရှိနေသည်ဟုဒေသခံများက ပြောသည်။

ရခိုင်ရှိရေလမ်းတို့တွင်လည်း စကစတပ်မှရေကြောင်းသွားလာသော ကုန်တင်သည့် ဒေသခံစက်လှေပိုင်ရှင်များထံမှကြေးငွေကောက်ခံမှုများပြုလုပ်နေသည်ဟု သိ၇သည်။

မင်းချောင်းတံတားအနီးရှိ အမြင့်ကျွန်း ရဲစခန်းအနီးကင်းပုန်းချတပ်စွဲနေသည့် စစ်ကောင်စီတပ်က ရေကြောင်းသွားလာနေသူများအား ခေါ်ယူကာတင်ယူလာသည့်ကုန်များအား ကြည့်ရှုစစ်ဆေး မေးမြန်းမှုများရှိပြီးစက်လှေမောင်းသမားများဆီမှ ငွေကြေးများတောင်းခံနေသည်ဟု သိ၇သည်။

အလားတူ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်းတွင်လည်းရေချမ်းပြင် - အငူအမော်သွားလာသည့်ခရီးသည်များ၏ အမည်၊ မှတ်ပုံတင်၊ ဖခင်နာမည်စသည်တို့ကို စာရင်းကောက်ယူကာစက်လှေပိုင်ရှင်များက ရေတပ်ဆီသို့စာရင်းများပေးနေရသည်ဟု သိ၇သည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့စစ်ဆေးမေးမြန်းငွေကြေးတောင်းခံရာတွင် ငွေကြေးပမာဏကို သတ်မှတ်ထားခြင်းမရှိဘဲကုန်ပစ္စည်းအနည်းအများအပေါ်မူတည်ပြီး ငွေပမာဏ အနည်းအများ ကွာဟမှုရှိသည်ဟုလည်းဆိုကြသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ တောင်းခံမှုများကိုသက်ဆိုင်ရာက တားမြစ်ကာ ဒေသခံပြည်သူများကို လွတ်လပ်စွာခရီးသွားလာခွင့်ပေးသင့်ကြောင်းဒေသခံများက ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က ရခိုင် မြို့နယ်အနှံ့ရှိကုန်စည်သယ်ယူတင်ပို့သည့် လမ်းကြောင်းများတွင် စစ်ဆေးမှုများရှိနေဆဲဖြစ်ကာဆေးဝါးအပြင် တခြားကန့်သတ်ကုန်များလည်းဆက်ရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်မ၇ခဲ့ပါ။ (NN-12)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.