Preview

ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထား၇သည့် လူထုဇော်ဝင်းပါ ၃ ဦးကို မတ်လ ၂၈ ရက် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်

မတ် ၁၄/ ၂၀၂၃ | ကြည့်ရှုသူ :5428
ရခိုင် သတင်း

နိရဥ္စရာ၊မတ် ၁၄/၂၀၂၃

 

၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခံထား၇သည့် လူမှုရေးတက်ကြွလှုပ်ရှားသူဦးဇော်ဝင်းအပါအဝင် ၃ ဦးတို့အမှုကို လာမည့် မတ် ၂၈ ရက်ရုံးချိန်းတွင်အပြီးသတ် အမိန့်ချသွားမည်ဟု သိ၇သည်။

 

သူတို့၃ ဦးကို ယနေ့ မတ်လ ၁၄ ရက်၊ နံနက် ၁၁ နာရီခန့်က ရုံးထုတ်ခဲ့ပြီး နှစ်ဘက်ရှေ့နေများကအပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြပြီးနောက် အပြီးသတ်အမိန့်ချမည့် နေ့ရက်ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုသူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

သူတို့၃ ယောက်ကို ဒီနေ့ အပြီးသတ် လျှောက်လဲချက်ပေးတယ်။ လာမယ့် မတ်လ ၂၈ ရက်မှာအပြီးသတ် အမိန့်ချမယ်ဟုပြောသည်။

 

ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခံထား၇သူ ၃ ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှလူမှုရေးတက်ကြွ လှုပ်ရှားသူ ဦးဇော်ဝင်း(၄၃)နှစ်၊ ကျောက်တော်မြို့နယ်ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်(၂၈)နှစ်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး(ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့ဖြစ်ကြသည်။

 

ကျောက်တော်မြို့တွင်ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက် တွင်ရက္ခိုင့်တပ်တော် (AA)ကဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ရက်တွင် သူတို့ ၃ ဦးကိုစစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

 

ယင်းအနက် ကိုဇော်ဝင်းကိုအဆိုပါနေ့ နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ပြီးဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့ အဝင် စိုက်ပျိုးရေးသိပ္ပံ လမ်းဆုံ၌ ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

ဖမ်းဆီးခံထား၇သည့်ဦးဇော်ဝင်း၏ ဇနီးဖြစ်သူ မခင်လှစံကလာမယ့်ရုံးချိန်းမှာသူ့ကို လွှတ်ပေးစေချင်ပါတယ်။ ပြန်လွတ်စေချင်ပါတယ်။ သူတို့ဘက်ကစွဲထားတဲ့အမှုနဲ့ပတ်သက်ပြီးတော့ သက်သေတော့ မပြနိုင်ဘူးလေ။ ကျမတော့အပြစ်မရှိဘူးလို့ပြောချင်ပါတယ်။ လွတ်လာဖို့ကို မျှော်လင့်ပါတယ်။ သူတို့ဘက်ကဖမ်းထားတာလည်း ၉ လပြည့် ပါတော့မယ်။ အခုတော့ လွတ်စေချင်ပါပြီ။ ဟုပြောသည်။

 

သူတို့၃ ဦးကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြားကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း) များ ဖြန့်ချိခြင်း၊နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက်လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိ၇သည်။

 

ပြစ်ဒဏ်မှာသုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုသိ၇သည်။

 

ရခိုင်တွင်ရက္ခိုင့်တပ်တော်(AA) နှင့်မြန်မာစစ်ကောင်စီတပ်တို့ ပြီးခဲ့နှစ်ကဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းတွင် စစ်ကောင်စီကရခိုင်မြို့နယ်အသီးသီးမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီးထိုအထဲမှ ၃၉၁ ဦးသာ ပြန်လွှတ်မြောက်လာခဲ့ကာ ကျန်သည့် ၂၀၃ ဦးမှာဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်ကအွန်လိုင်းကတဆင့်ပြုလုပ်သည့် (ရ) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင်ဦးခိုင်သုခက ပြောဆိုထားသည်။ (NN-3)

 

 

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.