နိရဉ္စရာ၊ မတ်လ ၁၅/၂၀၂၃
မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို UWSA ဌာနချုပ် ၀ ပြည်နယ် ပန်ဆန်းမြို့၌ မတ် ၁၅ ရက်နေ့က စတင်ကျင်းပနေပြီး ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်နေကြောင်း သတင်းရရှိသည်။
အေအေ ပြောခွင့်၇သူ ဦးခိုင်သုခက "FPNCC အစည်းအဝေးလုပ်နေတယ်ဆိုတာကတော့မှန်ပါတယ်။ကျနော်တို့ဖက်က ULA ဥက္ကဋ္ဌ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တက်ရောက်လို့ရှိပါတယ်။ တခြားအသေးစိတ်အချက်အလက်တွေကတော့မသိ၇ပါသေးပါဘူး" ဟု နိရဉ္စရာသတင်းဌာနသို့ယနေ့ နံနက်ပိုင်းက ပြောဆိုသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေများနှင့်မဟာမိတ်အဖွဲ့ အချင်းချင်းကြား မဟာဗျူဟာကျသည့် နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေးတိုးမြှင့်ရေးကိစ္စများကို အထူး အလေးပေးဆွေးနွေးနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောသည်။
FPNCC ကော်မတီဝင်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံဆိုင်ရာ အထူး တရုတ်ကိုယ်စားလှယ် တိန့်ရှီကျွန်း(Deng Xijun)က စစ်ကောင်စီ ဥက္ကဋ္ဌ အပါအဝင် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟေ
၎င်းပြင် အဆိုပါဖိအားပေးများကိုဘယ်လိုတုန့်ပြန်ကြမယ်ဆိုတာ ကော်မတီဝင်ခေါင်းဆောင်များ ညှိုနှိုင်းနေကြ သည့်အစည်းအဝေးဖြစ်နိုင်ကြောင်း ဦးရဲထွန်းက သုံးသပ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းနှင့်မတ်လဆန်းပိုင်းက တရုတ်အစိုး၇၏ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun) သည် နေပြည်တော်၌စစ်ကောင်စီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ သလို မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်ခေါင်း
တရုတ်အထူးကိုယ်စားလှယ်သည်မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့်ခေါင်းဆောင်များနှင့် လိုက်လံတွေ့ ဆုံဆွေးနွေးနေသည်မှာလက်ရှိမြန်မာ့နိုင်ငံရေးအကျပ်
ယခုပန်ဆန်းဆွေးနွေးပွဲအပြီးတွင် FPNCC ခေါင်းဆောင်များသည် တရုတ်နိုင်ငံကူမင်းမြို့၌ တရုတ်အစိုး၇ခေါင်းဆောင်များနှင့်
FPNCC အဖွဲ့ကို ၂၀၁၅ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဦးဆောင်ကာ မြောက်ပိုင်းတိုင်းရင်းသားလက်
(NN – 24/ NN-7)
(ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။)