Preview

ရခိုင်ရှိ စစ်တပ်တပ်ရင်းများတွင် နှစ်ချီစားသုံးနိုင်သည့် စားနပ်ရိက္ခာများဖြည့်တင်းထားဟုဆို

မတ် ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :3832
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၁၆/၂၀၂၃

စစ်ကောင်စီသည် ရခိုင်ရှိ စစ်တပ် တပ်ရင်းများတွင် နှစ်ချီစားသုံးနိုင်သည့် စားနပ်ရိက္ခာများ ဖြည့်တင်းထားပြီ စစ်ပွဲကြီးတစ်ခုအတွက် ပြင်ဆင်နေပုံ၇သည် စစ်ရေးလေ့လာ အကဲခတ်သူများက ပြောသည်။ 

ထိုသို့ လက်နက်၊ ရိက္ခာ၊ လူအင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှကြောင်းကို  မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုနှင့် နီးစပ်သူ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"အခု အခြေအနေအ၇ စားနပ်ရိက္ခာတွေကို နေ့တိုင်း တပ်ရင်းတွေကို ပို့ဆောင်နေတာပါပဲ။ နယ်ခြားစောင့် ရဲတပ်ရင်းတွေမှာလည်း အပြည့်ဖြည့်ထားတယ်။ တစ်နှစ်ခွဲစာ၊ နှစ်နှစ်လောက် အတွက် စားဖို့သောက်ဖို့  ရိက္ခာတွေ စုဆောင်းထားတယ်လို့ သိ၇ပါတယ် ရိက္ခာကတော့ လုံလောက်တဲ့ အဆင့်ကို ရောက်နေပြီလို့ သိ၇ပါတယ်"ဟု ပြောသည်။ 

၇ခိုင်တွင် တကျော့ပြန်ဖြစ်ပွားခဲ့သည့် ၄ လတာ ိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းများကို အေအေက ဘက်ပေါင်းစုံမှ ပိတ်ဆို့ခဲ့သဖြင့် စစ်ကောင်စီ တပ်အချို့သည် ရိက္ခာ၊ လက်နက်ခဲယမ်းမီးကျောက် ပြတ်တောက်မှုများနှင့်ကြုံတွေ့ခဲ့၇ကြောင်း သိရှိ၇သည်။

 ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယာယီအပစ်အခတ်ရပ်စဲခဲ့ကြပြီးနောက် စစ်ကောင်စီတပ်သည် စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာဖြည့်တင်းမှုများကို ယခင်ကကဲ့သို့ မကြုံ၇အောင်အင်တိုက်အားတိုက် ဆက်တိုက်ပြုလုပ် စုဆောင်းလာခြင်း ဖြစ်ပုံ၇သည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။  

လက်နက်၊ ရိက္ခာတင်ကားများ မပြတ်သွားလာမှုများအပြင် အသံဖမ်းစက်များနှင့် တခြား ထောက်လှမ်းရေးစက်ပစ္စည်းများ မောင်တောမြောက်ပိုင်းသို့ စစ်ကောင်စီတပ်သားများက ဒိုင်နာကားနှင့် သယ်ယူသွားသည်ကို မတ်လ ၁၄ ရက် ညနေပိုင်းတွင် တွေ့ရှိခဲ့၇ကြောင်း မောင်တောမြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။ 

"စစ်ပစ္စည်းတွေမဟုတ်ဘဲ စလောင်းခွက်တွေလို၊ အသံဖမ်းစက်ပုံစံမျိုးတွေ တခြားပစ္စည်းတွေရော ဒိုင်နာကားအရှည်၊ အဖြူနဲ့ ကားမှာအပြည့်ပဲ။ ဘာလုပ်ဖို့၊ ဘယ်မှာ တပ်ဆင်ဖို့ဟာတွေလဲတော့ မပြောနိုင်ဘူး။ ရွှေဇားတံတားဘက်ကနေ မောင်တောမြောက်ပိုင်းကို တင်ယူသွားပါတယ်"ဟု ပြောသည်။ 

ယခု တစ်ကြိမ် အပစ်ရပ်စဲရေးကာလတွင် စစ်ကောင်စီသည်  စစ်ရေးလှုပ်ရှားပြင်ဆင်မှုများကို ယခင်အချိန်ကထက် ပိုမိုပြုလုပ်လာသည်ကိုတွေ့မြင်နေ၇သည်ဟု ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောသည်။ 

"အပစ်အခတ်ရပ်ထားတဲ့ကာလမှာတော့ ကျနော်တို့အမြင်မှာတော့  စစ်ဖက်ဆိုင်ရာလှုပ်ရှားမှုတွေ၊ ပြင်ဆင်မှုတွေ အများကြီးလုပ်လာတာကိုတွေ့၇တယ်။ အရပ်ဖက် ပြည်သူတွေ ကြားမှာလည်း ပိုပြီးပြောစရာဖြစ်လောက်အောင်အထိ၊ သတိထားမိလောက်အောင်အထိဖြစ်နေတယ်။  စိုးရိမ်စိတ်ဝင်လောက်အောင်အထိ အခြေအနေတွေကို မြင်၇တယ်ပေါ့လေ" ဟု ဆိုသည်။ 

တိုက်ပွဲရပ်နားထားချိန်တွင် စစ်တပ်တစ်ခုအနေနှင့် ကြိုတင်ပြင်ဆင်မှုများ၊ ရိက္ခာ၊ လက်နက်အင်အားများ ဖြည့်တင်းမှုမှာ ပုံမှန်သာ ဖြစ်သော်လည်း ယခုတစ်ကြိမ်ပြင်ဆင်မှုသည်ခါတိုင်းနှင့် မတူဟု ဆိုကြသည်။

စစ်ကောင်စီ၏ လှုပ်ရှားမှုများအပေါ်  ULA/AA ကလည်း အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း  တ္တမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်၇သူ  ဦးခိုင်သုခက ပြောဆိုထားသည်။

စစ်ကောင်စီသည် ULA/AA နှင့်လည်း နိုင်ငံရေးအ၇ တွန်းတိုက်မှုများ လုပ်ဆောင်နေလျက်ရှိပြီး  ဆိုးဆိုးဝါးဝါးဆက်လက် လုပ်ဆောင်လာပါက တိုက်ပွဲလမ်းကြောင်းကိ အချိန်မရွေး ပြန်ရောက်သွားနိုင်ကြောင်းလည်း ဦးခိုင်သုခက သတိပေး ပြောဆိုထားသည်။ (NN-7)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.