စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၈ သိန်းကျော်ရှိနေသော်လည်း ဝယ်လိုအားကောင်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

နိရဥ္စရာ၊ မတ် /၂၀၂၃


ရခိုင်ပြည်နယ်မှ ရွှေဆိုင်များတွင် ယခုရက်ပိုင်းအတွင်း ရွှေဝယ်ယူသူများ များပြားလျက်ရှိနေသည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

ယခုအချိန်သည် သင်္ကြန်နီးလာသည့်အပြင် ရှင်ပြုအလှူတော်မင်္ဂလာပွဲနှင့် မင်္ဂလာဆောင်ပွဲများရှိနေသည့်အတွက် ရွှေဝယ်ယူသူများပြားနေခြင်းဖြစ်သည်ဟု စစ်တွေမြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အခုက ရွှေရောင်းလည်း ရောင်းရတယ်။ ပြန်ပြီးလည်း အများကြီးဝယ်ရပါတယ်။ အရောင်းအဝယ်ရှိနေပါတယ်။ အခုက ပွဲတွေကလည်းရှိနေလို့ပါဟုပြောသည်။

ယင်းအပြင် ကျောက်တော်မြို့မှ ကောင်းရတနာရွှေဆိုင်ပိုင်ရှင်ကလည်း ရွှေထည်ပစ္စည်းများအား ယခင်ထက် ဝယ်ယူသူများ များနေသည်ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရွှေအရောင်းအဝယ်က ကောင်းပါတယ်၊ အရင်ထက်။ ဈေးတက်ရင်လည်း ဝယ်သားတွေရှိတယ်ဟုပြောသည်။

မတ်လ ၁၆ ရက်ပေါက်စျေးအရ အကယ်ဒမီ မီးလင်းအခေါက်ရွှေ(၁၆) ပဲရည် ရွှေတစ်ကျပ်သားကို ၂၈၈၆၀၀၀ ကျပ်နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သားကို ၂၇၂၀၀၀၀ ကျပ်ရှိသည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

ရွှေဆိုင်ပိုင်ရှင်တစ်ဦးကရွှေတွေက ရန်ကုန်နဲ့ ရခိုင်နဲ့ဆို သောင်းဈေးကွာပါတယ်။ ဒါကြောင့် ၁၆ ပဲဆိုရင် ၂၈၉၆၀၀၀  အဲလိုပေါ့ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း မငြိမ်သက်မှုများဖြစ်ပေါ်ကာ ရွှေစျေးအပါအဝင် ကုန်စျေးနှုန်းများလည်း တဟုန်ထိုးမြင့်တက်လာခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း လခန့်အကြာ သြဂုတ်လတွင် ၁၆ ပဲရည် ရွှေတစ်ကျပ်သားကို ငွေကျပ် ၁၇ သိန်းဝန်းကျင်ခန့်သာရှိခဲ့သည်။ (NN-3)

ဆက်စပ် သတင်းများ