(မြန်မာစစ်တပ်၏ ရက်စက်သော ဖိနှိပ်မှုများ နှင့် ပြည်သူများ၏ ကျယ်ပြန်သော ခုခံတော်လှန်မှုများကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသောတိုက်ပွဲများ လျော့ကျသွားမည့်လက္ခဏာ မတွေ့၇သေး)
နိရဉ္စရာ၊ မတ်၁၆/၂၀၂၃ (နိုင်ငံတကာ)
မြန်မာနိုင်ငံတွင်စစ်တပ်၏ ရက်စက်သော ဖိနှိပ်မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် ခုခံတိုက်ပွဲဝင်လျှက်ရှိရာလက်ရှိဖြစ်ပေါ်နေသော ပစ်ခတ် သတ်ဖြတ်မှုများ၊ ရပ်ရွာလူနေအိမ်များအား မီးရှို့ဖျက်ဆီးမှု၊ ဗုံးကြဲမှု နှင့် အပြန်အလှန်တိုက်ပွဲများ လျော့ကျသွားမည့် လက္ခဏာ မမြင်မတွေ့၇သေးကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာက မတ်လ(၁၅)ရက်က ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေညီလာခံတွင်ပြောကြားလိုက်သည်။
အဖွဲ့ဝင်(၁၉၃)နိုင်ငံရှိကုလအထွေထွေညီလာခံ၌ နိုလင်းဟေဇာက မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်ကစစ်တပ်က အာဏာသိမ်းလိုက်ချိန်မှ စ၍ အခြေအနေ ပိုမိုဆိုးရွားလာနေပြီးအကြမ်းဖက် တိုက်ခိုက်မှုများ ကြောက်ခမန်းလိလိ တိုးပွါးလာနေသည်ဟု ပြောကြားခဲ့သည်။
စစ်တပ်ကဖေဖော်ဝါရီလ(၁)ရက် အရေးပေါ်ကာလသက်တမ်းတိုးပြီး နောက်ပိုင်းမှစ၍ အရပ်သားပစ်မှတ်နှင့် လူနေအိမ်များကိုဗုံးကြဲတိုက်ခိုက်ခြင်းအပါအဝင် အင်အားသုံးဖိနှိပ်များပိုမို ပြုလုပ်ပြီး အဆုံးစွန် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်လာခဲ့သည်ဟု ဆိုသည်။
အထူးသဖြင့် ဖြတ် လေးဖြတ် စနစ် အသုံးပြု၍ ခုခံသူများနှင့် အရပ်သားများကို ဒဏ်ခတ်ခြင်းဖြစ်သည်။
ဆယ်စုနှစ် ငါးစုကြာ တင်းကြပ်သောစစ်အုပ်ချုပ်မှုအောက်တွင် နေခဲ့၇သောမြန်မာနိုင်ငံတွင်စစ်တပ်၏ ဖြေလျှော့ပေးမှုဖြင့် ၂၀၁၅ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုး၇ပေါ်ပေါက်လာခဲ့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်က စစ်တပ်၏ တစ်ကျော့ပြန်အာဏာသိမ်းမှုနှင့်အတူ အတိုက်အခံတို့အားရက်စက်စွာ နှိမ်နင်းမှု ပြုလုပ်လာခဲ့သည်။
ယခုအခါ တစ်ပြည်လုံးအတိုင်းအတာဖြင့် ပြည်သူများ၏ခုံခံတော်လှန်မှုများကို စစ်တပ်က အလုံးအရင်းဖြင့်ထိုးစစ်ဆင်နွှဲနေရာ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်နွံထဲ ကျရောက်နေပြီဟုအချို့က သုံးသပ်နေကြသည်။
နိုလင်းဟေဇာက ၂၀၁၅ခုနှစ်က နိုင်ငံ၏ ပွင့်လင်းလွတ်လပ်မှုအသီးအပွင့်များကို ခံစားခဲ့၇သောလူငယ်မျိုးဆက်များမှာ ယခုအခါ ကြမ်းတမ်းသောအခက်အခဲများ၊ မျှော်လင့်ချက်ပျောက်ဆုံးမှုနှင့်အတူ ရွေးချယ်စရာ မရှိတော့သည့်အဆုံး စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ရန် လက်နက်ကိုင်၇သည့် အခြေအနေသို့ ရောက်ရှိခဲ့၇သည်ဟု ဆိုသည်။
နိုင်ငံအနှံ့ ပြင်းထန်သော တိုက်ပွဲများဖြစ်ပေါ်လာသည့်အတွက် ကုလသမဂ္ဂ လူသားချင်းအကူအညီအထောက်ပံ့ပေးရေး လုပ်ငန်းများကိုပင် မဆောင်ရွက်နိုင်ဟုနိုလင်းဟေဇာကဆိုသည်။
ယခုအခါတစ်နိုင်ငံးအနေနှင့် လူဦးရေ (၁၇.၆)သန်းမှာ အကူအညီလိုအပ်လျှက်ရှိနေသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဂူတာရက်စ် က ပြည်သူများအနေနှင့် မိမိတို့၏ နိုင်ငံရေး ၇ပိုင်ခွင့်များကို ခြိမ်းခြောက်ဖိနှိပ်မှုမရှိ၊ လွတ်လပ်စွာ ကျင့်သုံး ဆောင်ရွက်ခွင့်မ၇ဘဲ စစ်တပ်က ယခုနှစ်ကုန် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲသည် အကြမ်းဖက်မှုကိုသာ ပိုမိုတိုးပွါးစေမည်ဟုနိုလင်းဟေဇာက ဆိုသည်။
“ လူထုက လက်ရှိ စစ်ကောင်စီကိုလုံး၀အယုံအကြည်မရှိဘူး။ စစ်တပ်ရဲ့ ရည်ရွယ်ချက်ကလည်းအရေးပေါ်အုပ်ချုပ်ရေးကနေ ရေရှည်စစ်တပ်ကျောထောက်နောက်ခံပြု အစိုး၇အဖွဲ့တစ်ခုဖြစ်ပေါ်လာဖို့ အာဏာကို အစွမ်းကုန်ချုပ်ကိုင်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်တယ်”ဟုနိုလင်းဟေဇာက ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင်ပြောကြားခဲ့သည်။
NN-27
Ref: Independent