Preview

စစ်တွေတွင် သေဆုံးသွားသည့်မိန်းကလေးငယ်အဓမ္မပြုကျင်ခံခဲ့ရဟု ရဲအစီရင်ခံစာအပါအဝင်မိသားစုနှင့်အမျိုးသမီးရေးဆောင်ရွက်နေသူများ အတည်ပြု

မတ် ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :9638
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၁၇/၂၀၂၃

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၁၃)ရှိ ရထားသံလမ်းအောက်တွင် ရိုက်နှက်ခံခဲ့ရ၍ဒဏ်ရာများစွာနှင့်အတူသေဆုံးသွားခဲ့သည့်အသက် ၁၁ နှစ်ရွယ် မိန်းကလေးငယ်မှာ အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု ရဲအစီရင်ခံစာအပါအဝင်မိသားစုနှင့် ရခိုင်အမျိုးသမီးအရေး ဆောင်ရွက်နေသူများကအတည်ပြုပြောဆိုသည်။

သေဆုံးသွားသည့် မိန်းကလေးငယ်၏ဖခင်က "ကျွန်တော်တို့ကို တာဝန်ရှိသူတွေရဲ့ပြောဆိုချက်အ၇သမီးလေးကအဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ သိ၇ပါတယ်" ဟု ပြောဆိုသည်။

အဆိုပါမိန်းကလေးငယ်ကိစ္စနှင့်ပတ်သက်ပြီးစစ်တွေမြို့မရဲစခန်းကဖမ်းဆီးထိန်းသိမ်းထားသည့် သံသယရှိသူ လူငယ် ၂ဦးကို ရဲကစစ်ဆေးမေးမြန်းရာတွင်လည်း အသက်အငယ်ဆုံးဖြစ်သူတစ်ဦးကသူတို့အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟုလည်းမိန်းကလေးငယ်အား လိုက်ပါကူညီဆောင်ရွက်ခဲ့သည့် ၇ခိုင်အမျိုးသမီးများအဖွဲ့ချုပ်မှသဘာပတိတစ်ဦးက ပြောသည်။

"ရဲကဖမ်းထားတဲ့ လူငယ်၂ ယောက်ထဲက အသက်အငယ်ဆုံးတစ်ယောက်က သူကိုယ်တိုင်ရဲစခန်းမှာ ဝန်ခံထားတယ်။အဓမ္မပြုကျင့်ခဲ့တယ်။ရေခဲမုန့်ကျွေးမယ်ဆိုပြီး လိမ်ခေါ်သွားတယ်။ သူကိုယ်တိုင်ကလည်းအဓမ္မ ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်းကို ဝန်ခံထားတယ်။ ကလေးမလေးကအပျိုမဖြစ်သေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတော့ မအင်္ဂါက သူတို့လိုချင်တဲ့ အနေအထားမ၇တဲ့ အခါ စအိုကိုလည်း အဓမ္မပြုကျင့်ခဲ့တဲ့အတွက်ရောင်ရမ်းပြီးတော့ ဖူးရောင်နေခြင်းဖြစ်တယ်။ သူကိုယ်တိုင်ကလည်းစအိုကို ၂ ကြိမ်အဓမ္မပြုကျင့်ခဲတယ်လို့ ရဲစခန်းမှာဝန်ခံထားတာကိုကျွန်မတို့ ရေးမှတ်ပြီးသက်သေယူထားတာရှိပါတယ်" ဟု ပြောသည်။

ဖမ်းဆီးထားသည့်သံသယရှိသူ လူငယ် ၂ ဦးမှာ အသက်(၁၈)နှစ်ဝန်းကျင်ရှိသည့်ခိုင်ကျော်လင်းနှင့် အောင်ခန့်ကျော်တို့ဖြစ်ကြပြီး သူတို့သည်သေဆုံးသွားသည့်မိန်းကလေးငယ်နှင့် အိမ်နီးနားချင်းများ ဖြစ်ကြသည်ဟု သိ၇သည်။

သေဆုံးသွားသည့်အမျိုးသမီးငယ်သည်မင်းဂံရပ်ကွက် အကွက် (၁၅)မှဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၁၅ ရက်၊ညနေပိုင်းမှ စတင်ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ မတ်လ၁၆ ရက်၊ နံနက်ပိုင်းတွင် မင်းဂံရပ်ကွက် အကွက် (၁၃)ရှိ ၇ထားသံလမ်းအောက်၌အဝတ်ဗလာဖြင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာများစွာနှင့်အတူရိုက်နှက်ခံထား၇၍ သတိမေ့မျောနေသည်ကို လမ်းသွား၊ လမ်းလာများကတွေ့ရှိခဲ့ပြီး စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

ဆေးကုသမှုခံယူနေစဉ် ယနေ့မတ်လ ၁၇ ရက်၊ နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် စစ်တွေဆေးရုံကြီး၌ သေဆုံးသွားခဲ့ရပြီးသေဆုံးသွားချိန်အထိ သတိပြန်လည် ရရှိခြင်းမရှိခဲ့ဟုလည်း မိသားစုများကပြောသည်။

လက်ရှိတွင်မိန်းကလေးငယ်၏အလောင်းအား စစ်တွေမြို့ဆေးရုံကြီးရှိ ရင်ခွဲရုံတွင် စစ်ဆေးနေသည်ဟုကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

ထိုသို့စစ်ဆေးရာ၌စစ်ဆေးချက်များတစ်စုံတစ်ရာမှားယွင်းသွားမှုမရှိစေရန်၊ ကျူးလွန်သူများ၏ဆေးစစ်ချက်နှင့် အမျိုးသမီးငယ်၏ ဆေးစစ်ချက်များတူညီနေပါကကျူးလွန်သူများအားအဓမ္မပြုကျင့်မှု၊ လူသတ်မှုနှင့် ကြိုတင်ကြံစည်မှုများဖြင့်ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကာ သေဒဏ်ချမှတ်ပေးစေချင်သည်ဟု၇ခိုင်အမျိုးသမီးအဖွဲ့ချုပ်မှ သဘာပတိတစ်ဦးဖြစ်သူက ပြောသည်။

"ကျွန်မတို့ကတရားနည်းလမ်းကျကျတရားမှန်ဖြစ်ဖို့ကြိုးစားနေတယ်။ အရင်တုန်းကလို ဆေးစစ်ချက်တွေဟိုလဲ၊ ဒီလဲဖြစ်သွားမှာလည်း စိုးတယ်။ ကျွန်မတို့အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေ အနေနဲ့ ဒီလိုအမှုမျိုး၊သက်ငယ်မုဒိမ်းမှုတွေလည်း ထပ်မပေါ်လာ၇အောင် ကျူးလွန်သူတွေကိုသေဒဏ်ပေးစေချင်တယ်" ဟု ပြောသည်။

သံသယရှိသူ လူငယ်၂ ဦးကို စစ်တွေမြို့မ ရဲစခန်းတွင် အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ(၃၂၆)ဖြင့် ရဲစခန်းက အမှုဖွင့်ထားပြီး လူသေမှုပုဒ်မ (၃၀၂)ဖြင့်လည်း ထပ်တိုး အမှုဖွင့်ရန် စီစဉ်လျက်ရှိသည်ဟုရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌဒေါ်ညိုအေးက ပြောသည်။

 

စစ်တွေမြို့တွင် အမျိုးသမီးငယ်များအပေါ်  ကျူးလွန်သည့်အမှုများ မကြာခဏပေါ်ပေါက်နေ၍ ထိရောက်စွာအရေးယူရန် လိုအပ်နေကြောင်း အမျိုးသမီးအရေးလှုပ်ရှားနေသူများကပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံးအနီးလူသုံးကုန်ပစ္စည်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်း မနွယ်သန္တာဝင်းမှာလည်းဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသည် မိသားစုဝင်များက တွေ့ရှိခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်ကလည်း စစ်တွေမြို့၊ မင်းဘာကြီးလမ်း၏ အဆောင်တစ်ခုတွင် မုန့်လက်ကောက်ရောင်းနေသည့်ဆယ်ကျော်သက် အရွယ်အမျိုးသမီးငယ်တစ်ဦးမှာ ရက်စက်စွာ အသတ်ခံခဲ့၇သော်လည်း ယနေ့ အချိန်ထိ ကျူးလွန်သူကို ရဲက ဖော်ထုတ်နိုင်ခြင်း မရှိကြောင်းသိရှိ၇ည်။(NN- 12)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.