အေဒီ ၁၇ ရာစုတွင် တည်ထားခဲ့သည့် မြောက်ဦးခေတ်သမိုင်းဝင် ခြိတ်ချောင်းစေတီတော် ပြိုပျက်စီးနေ၍ ပြန်လည်မွမ်းမံထိန်းသိမ်းရန်လိုအပ်နေ
.jpg)
နိရဥ္စရာ ၊ မတ် ၁၈
/ ၂၀၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊
လေးမြို့ချောင်းဒေသရှိ အေဒီ ၁၇ ရာစုအတွင်း
တည်ထားခဲ့သည့် မြောက်ဦးခေတ် လက်ရာတစ်ဆူဖြစ်သည့် ခြိတ်ချောင်းစေတီတော်မှာ ပြိုကျပျက်စီးမှုများရှိလာနေ၍
အချိန်မီ မွမ်းမံထိန်းသိမ်းပေးရန် အရေးတကြီးလိုအပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါစေတီ၏အနောက်မြောက်ထောင့်
"ခြိတ်ချောင်းစေတီက
ပြိုပျက်နေတယ်ဆိုတာက အတော်ကြာနေပြီ။ အဲဒီစေတီက တည်ထားကတည်းက
အပြီးအစီးမတည်ခဲ့ရတဲ့ စေတီဖြစ်
အဆိုပါစေတီတော်ကို အဋ္ဌဂံပုံအနားတစ်ဘက်အရှည်
၄၃ ပေ၊ ပစ္စယံ ၅ ဆင့်အထိသာ တည်ဆောက် ပြီးစီးခဲ့ပြီး ယခု
နှစ်သက်တမ်းကြာမြင့်လာသည့်အခါ အင်္ဂတေစေးများကွာကျပြီး ကျောက်သားထု အချို့မှာ ပျက်စီးပြိုကျနေခြင်းဖြစ်ကြောင်
ခြိတ်ချောင်းစေတီသည်
မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အထက်ပိုင်း၊ ခြိတ်ချောင်းကျေးရွာအနီးတွင် တည်
အဆိုပါစေတီသို့
ရေကြောင်းဖြင့်သာသွားလာရပြီး လူသူအရောက်အပေါက်နည်းသည်ဟုလည်း လေးမြို့ချောင်းဒေသခံ
ရဟန်းတော်တစ်ပါးက မိန့်သည်။
"ခြိတ်ချောင်းစေတီက လေညှင်းတောင်ကနေ
မြစ်ဖျားကိုစုံတက်သွားရတယ်။ ရေကြောင်းဖြစ်တော့ ဦးဇင်းတို့လည်း
အကွာအဝေးအတိအကျတော့မသိဘူး။ အဲဒီစေတီက ဘုရားကြီးနဲ့လည်းနီးတယ်။ အဲဒီဘက်မှာ
ကျေးရွာတွေရှိပေမယ့် ရေကြောင်းဖြစ်လို့ ဒီဘက်ကနေ
လူအရောက်အပေါက်
နည်းပါတယ်" ဟု
မိန့်သည်။
ရခိုင်တို့၏ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ဘုရားပုထိုးတော်၊ စေတီ၊ သာသနိက အဆောက်အဦများသည် နေရာအနှံ့တွင် ပြန့်ကြဲတည်ရှိနေပြီး ၎င်းရှေးဟောင်းယဉ်ကျေးမှု လက်ရာများကို မပျောက်ပျက်ရန် အမျိုးသားရေးအမြင်ဖြင့် ရခိုင်တမျိုးသားလုံးကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေသည်ဟုလည်း ပြောဆိုကြသည်။
ရခိုင်တို့၏ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်း ယဉ်ကျေးမှု အနုပညာ လက်ရာများ စုစည်းတည်ရှိရာ မြောက်ဦးဒေသကိုလည်း ခေတ်အဆက် အစိုးရများသည် ဘေးဖယ်ပစ်ထားခဲ့ကြသဖြင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်း ဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလရောက်မှသာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ UNESCO World Heritage Center သို့ တင်သွင်းခဲ့သည်။
ယင်းနောက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် တင်သွင်းခဲ့သည်။
သို့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံရေး အခြေအနေများကြောင့် မြောက်ဦးကို UNESCO ဝင်ရေး ယာယီရပ်တန့်နေသည်ဟု သိရသည်။ (NN-23)