Preview

ပါတီဖျက်သိမ်းခံရမည်ဖြစ်သော်လည်း ပြည်သူ့အကျိုး ဆက်လက်လုပ်ဆောင် သွားမည်ဟု ALD ပြော

မတ် ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :3928
ရခိုင် သတင်း

နိရဉ္စရာ၊ မတ် ၁၉/ ၂၀၂၃


စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ထံတွင်ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည့် ၇ခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ALD အနေဖြင့်ပါတီဖျက်သိမ်းခံ၇မည်ဖြစ်သော်လည်း ပြည်သူ့အကျိုးကိုတတ်နိုင်သည့်ဘက်မှ ဆက် လက်လုပ်ဆောင်သွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူကပြောဆိုလိုက်သည်။


မှတ်ပုံတမင်လို့ ပါတီဖျက်သိမ်းခံရရင်လည်းမြို့နယ်တိုင်းမှာရှိတဲ့ ပါတီဝင်တွေ၊ ပါတီကိုထောက်ခံသူတွေနဲ့ချိတ်ဆက်ပြီးတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်သွားဖို့အစီအစဉ်ရှိပါတယ်။ဟုပါတီပြောရေးဆိုခွင့် ရှိသူ ဦးမြတ်ထွန်းက နိရဉ္စရာကို ပြောသည်။


မတ်လ ၁၈ ရက်နေ့နေ့လည်ပိုင်းက ပေါက်တောမြို့ စံငြိမ်းရပ်ကွက်တွင် ပါတီဝင်များ၊ပါတီကို ထောက်ခံသူ များနှင့် ပါတီအတွင်းရေးမှူး (၂)ဖြစ်သူဦးကျော်ဝင်းအပါအဝင် ဗဟိုကော်မီတီတချို့ နှင့် တွေ့ဆုံပြီးရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးအပြီးတွင် ဦမြတ်ထွန်းကယခုကဲ့သို့ ပြောဆိုလိုက် ခြင်းဖြစ်သည်။


 အဆိုပါဆွေးနွေးပွဲတွင် ပါတီမှတ်ပုံမတင်ဖြစ်သည့် ကိစ္စများကိုရှင်းလင်းပြောကြားပြီးပါတီဝင်များမှလည်း ပါတီရှေ့ဆက် ရပ်တည်ရေးများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းလည်း ဦးမြတ်ထွန်းက ဆက် ပြောသည်။


ဆွေးနွေးပွဲမှာပါတီဝင်တွေကတော့ မေးတာတွေရှိပါတယ်။ မှတ်ပုံမတင်လို့ ပါတီဖျက်သိမ်းခံရရင်ဘယ်လို လုပ်မှာလည်းပေါ့။ ဆိုတော့ ကျွန်တော်တို့ပါတီက ၁၉၉၂ ခုနှစ်ကလည်းတစ်ကြိမ် ပါတီဖျက်သိမ်း ခံခဲ၇ပြီဖြစ် ပါတယ်။ အဲဒီ အချိန်ကလည်းပါတီဝင်တွေအားလုံး ချိတ်ဆက်စုစည်းပြီး လုပ်ဆောင်လာခဲ့တာရှိတယ်။ အခုလည်း အဲလိုမျိုး ချိတ်ဆက်ပြီး ပြည်သူတွေအတွက် လိုအပ်တာတွေကိုပါတီနာမည်မသုံးဘဲအရပ်ဘက်အဖွဲ့ ပုံစံမျိုး လုပ်ဆောင်မေလို့ ပါတီက သဘောထားရှိတဲ့အကြောင်းတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်။


အလားတူ ဆွေးနွေးပွဲများကိုစစ်တွေအပါအဝင် မြို့တချို့မှာ ပြုလုပ်ခဲ့ပြီး တခြား ကျန်မြို့နယ်များတွင်လည်း ဆက်လက်လုပ်ဆောင်မည်ဟု သိ၇သည်။
ဖေဖော်ဝါရီလ ၂၅ရက်နေ့က ကျောက်ဖြူမြို့တွင် ပြုလုပ်သည့် ဗဟိုကော်မီတီအစည်းအဝေးတွင် ပါတီမူဝါဒအရ စစ်ကောင်စီ ရွေးကောက်မရှင်ထံတွင် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီကနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီလ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဥပဒေသစ်ထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အတွင်းရွေးကောက်ပွဲကော်မရှင်ထံ လာရောက်မလျှောက်ထားသည့် ပါတီမှာအလိုအလျောက် ပျက်ပြယ်ပြီးသားဖြစ်သည်ဟု ဖော်ပြထားသည်။

 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီALD ကို ၁၉၈၉ ခုနှစ်စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင်ကိုယ်စားလှယ် ၁၁ နေရာ ရွေးချယ်ခံခဲ့၇သော်လည်း နောက်ပိုင်းတွင်ဗဟိုကော်မီတီစာ ရင်း အပြည့် မတင်ပြနိုင်ဟုဆိုကာ န၀တလက်ထက်တွင် ပါတီဖျက်သိမ်းခံခဲ့၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.