Preview

ရခိုင်သို့ တင်ပို့သည့် သွင်းကုန်တချို့အပေါ် စစ်ကောင်စီက လက်ရှိအချိန်ထိကန့်သတ်ပိတ်ပင်ထားဆဲ

မတ် ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :8100
ရခိုင် သတင်း

နိရဥ္စရာ၊ မတ် ၁/၂၀၂၃

၇ခိုင်ပြည်နယ်သို့ပြည်မဘက်မှ ကားလမ်းဖြင့်တင်သွင်းသည့် သွင်းကုန်ပစ္စည်းတချို့အပေါ် စစ်ကောင်စီကကန့်သတ် တားမြစ်ထားဆဲဖြစ်ကြောင်း သိ၇သည်။

ရခိုင်တွင် လက်ရှိအချိန်တွင်ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား နှစ်ဖက် နားလည်မှုနှင့် အပစ်ရပ်စဲထားပြီ ဖြစ်သော်လည်းရခိုင်ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် စားသုံးဆီ၊ အိမ်ဆောက်ပစ္စည်းများ၊ ကျွန်းသစ်ပရိဘောဂများ၊လျှပ်စစ်ပစ္စည်းများ ဆေးဝါးပစ္စည်းများအပေါ် ကန့်သတ် တားမြစ်ထားဆဲဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ကားသမားတို့ပြောကြားသည်။

အမည်မဖော်လိုသည့်ကားသမားတစ်ဦးက  "လျှပ်စစ်ပစ္စည်းတွေဆိုရင်တော့ နည်းနည်းပါးပါး ပေးကမ်းပြီးသွား၇တယ်။ ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းတို့၊ ဆေးဝါးတွေကျရင် လက်မှတ်လိုတယ်။  ၇ခိုင်ကိုတင်သွင်း ဲ့ပစ္စည်းတိုင်းလိုလိုကနယ်လုံလက်မှတ် ခံပြီးမှသာ သွင်း၇တာများတယ်" ဟုပြောသည်။

အဝတ်အထည်များ၊အလှကုန်ပစ္စည်း ပလတ်စတစ်ပစ္စည်းများ ထည်ထုပ်များနှင့် စားကုန်ပစ္စည်းများမှ အပ ကျန်ပစ္စည်းများကို ရခိုင်သို့ တင်သွင်းရာတွင် နယ်လုံလက်မှတ်လိုအပ်သည်ဟုသိ၇သည်။

အခြားကားသမားတစ်ဦးက " စားသုံးကုန်ဆိုရင်လည်း မုန့်ဖာတွေလောက်ပဲတင်ခွင့်ရတာ။ အခြားဟာတွေအားလုံးက အကုန်လုံးက နယ်လုံလက်မှတ်တောင်း၇တယ်"ဟုပြောသည်။

ရန်ကုန်-စစ်တွေကားလမ်းမတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် အထက်ပါ ကုန်ပစ္စည်းများကိုနယ်လုံလက်မှတ်ဖြင့် သယ်ယူလာသော်လည်း ငွေကြေးအနည်းအကျဉ်းပေးကမ်းကာသယ်ယူနေ၇ကြောင်း  တားမြစ်ထားသောပစ္စည်းများကိုနယ်လုံလက်မှတ်ပါမှသာလျှင် ကားဂိတ်များကလည်း သယ်ဆောင်ခွင့်ပေးကြောင်းအိမ်ဆောက်ပစ္စည်းရောင်းဝယ်သူတစ်ဦးက ပြောသည်။

ထိုသို့ ကုန်ပစ္စည်းအများအပြားအပေါ်တွင် ကန့်သတ်တားမြစ်ထားသဖြင့်  ပြည်မဘက်မှတင်သွင်း၇သည့်ပစ္စည်းများဖြစ်သည့် ဆေးဝါးများ၊အိမ်ဆောက်ပစ္စည်းများ၊ စားသုံးဆီများမှာ မလိုအပ်ဘဲဈေးနှုန်းမြင့်တက်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက " ဆေးတွေဆိုရင် ဈေးကနိမ့်လိုက် မြင့်လိုက်နဲ့ဝယ်သုံးနေရတယ်။ ဈေးကျသွားတာက မရှိသလောက်ပဲ။ အရင်ကကိုယ်သုံးနေကျဆေးတစ်ကဒ်ကအခုချိန်ဆိုရင် ဈေးအများနဲ့ဝယ်သုံးနေ၇တယ်။ စားသုံးဆီဆိုရင်လည်းချွေတာပြီးသုံးနေ၇တယ်။ ၂၀၂၁ နောက်ပိုင်းကနေ ကုန်ဈေးနှုန်းတွေကဈေးကျသွားတယ်လို့ကိုမရှိဘူး။ ဈေးက မြင့်ပဲမြင့်လာတယ်"ဟု နိရဉ္စရာကိုပြောသည်။

စစ်ကောင်စီလက်အောက်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရခိုင်ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ဘက်ရှိ ကားလမ်း တစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီးခရီးသွား ပြည်သူများထံမှ အကြောင်းအမျိုးမျိုး ပြပြီး ငွေကြေးကောက်ခံမှုများ ရှိနေသည်ဟုဒေသခံများနှင့် ကားသမားများက ပြောသည်။

"ပရိဘောဂပစ္စည်းတွေဆိုလည်းသယ်ရတာတွေခက်ခဲတယ်။ အမ်းကဂိတ်တွေမှာဆိုရင် အရင်ကလောက်တော့မဆိုးတော့ဘူး။ သွားရလာ၇အဆင်ပြေအောင်တော့ ပိုက်ဆံ နည်းနည်းပါးပါးတော့ပေးကြတယ်။အားလုံးနီးပါးပစ္စည်းတွေက မတင်ရဖြစ်နေတော့ပစ္စည်းတွေတင်ရင်ပေးရတယ်။ ခရီးသည်တွေဆိုရင်လည်း လမ်းဆင်းလျှောက်ခိုင်းပြီးပိုက်ဆံနှစ်ထောင်လောက်စီတော့ ပေး၇တယ်။ ခရီးသည်တွေကတော့အလုပ်ရှုပ်သွားတာပေါ့"ဟု ခရီးသည်တင်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ တောင်းခံနေသည်ကိုဟုတ်/ မဟုတ် သိရှိလိုပါက စစ်ကောင်စီတာဝန်ရှိသူများ ကားပေါ်တွင်အရပ်သားကဲ့သို့ လိုက်ပါကြည့်ပါက မျက်မြင်တွေ့ရှိ၇လိမ့်မည်ဖြစ်ကြောင်း ၎င်းကားသမားကပြောဆိုသည်။  

 ၇ခိုင်တွင်ပြီးခဲ့သည့်နှစ်ကဖြစ်ပွားခဲ့သည့် အေအေနှင့်စစ်တပ်တို့တစ်ကျော့ပြန်တိုက်ပွဲအတွင်း ပြည်သူများအဓိက အားထားနေကြရသည့်ကုန်းလမ်း၊ ရေလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ပင်ထားခဲ့သဖြင့်၇ခိုင်ဒေသအတွင်း ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ခဲ့ပြီး ၎င်းကုန်ဈေးနှုန်းများမှာလက်ရှိ အချိန်ထိ ပြန်ကျဆင်းခြင်း မရှိတော့ဟု  သိ၇သည်။

ကားသမားတစ်ဦးက ရခိုင်ကုန်ဈေးနှုန်းမကျတာကသယ်ယူပို့ဆောင်ရေး စရိတ်တွေတက်တာလည်း ပါတယ်။ ဆီဈေးက မကျတော့ ကားဈေးက မကျဘူး။ နောက်ထပ်လမ်းတစ်လျှောက် အမျိုးမျိုးအကြောင်းအမျိုးမျိုးပြပြီး ဂိတ်တွေက တောင်းတာတွေလည်းပါတယ်။ဥပမာဆိုရင် မြေပုံမြို့နယ် ယောချောင်းတံတားက ပေ ၁၁၀၀ လောက်ရှည်တယ်။ အဲဒီတံတားပေါ်က၁၂ ဘီးဆိုရင် ကျပ် ၃ သောင်း၊ ၆ ဘီးဆိုရင် ၂ သောင်း ကောက်တယ်။ လွန်ခဲ့တဲ့လကစပြီး စစ်သားတွေကကောက်တာ။ သူတို့ က သတ်မှတ်ထားချက်ထက် ဝန်ပို တင်တယ်ဆိုပြီးတော့ အကြောင်းပြ ကောက်တာ။မပေးရင် ရစ်နေတော့ ကားသမားတွေလည်း ပေးကြ၇တာပါပဲဟုပြောဆိုသည်။

လက်ရှိတွင် တိုက်ပွဲများရပ်နားနေပြီဖြစ်သော်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ၇ခိုင်ပြည်နယ် လမ်းမတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် အများအပြားကိုတိုးချဲ့ဖွင့်လှစ်ကာ  စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် ယခုလို ကုန်ပစ္စည်းများတင်သွင်းရာတွင် အခက်အခဲဖြစ်နေကြ၇သည်ဟုသိ၇သည်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ရခိုင်ပြည်နယ်အစိုး၇အဖွဲ့ သဘောထားကိုသိလိုသော်လည်း စစ်တပ်နှင့် ပတ်သက်ပြီး မီဒီယာများသို့ ဖြေကြားပေးမည့်သူမရှိသလို ၇ခိုင်ပြည်နယ်စစ်ကောင်စီ ုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူ၇ကို ဆက်သွယ်လျှင်လည်း တစ်ခါမှ ဖုန်းကိုင်ဖြေကြားခြင်း မရှိသဖြင့် စစ်ကောင်စီဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။ (NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.