နိရဥ္စရာ၊ မတ် ၂၀/၂၀၂၃
ခမ်းခြောက်နေပြီဖြစ်သော စစ်တွေမြို့ ကန်တော်ကြီးအား ရေဖြည့်တင်းပေးနိုင်ရန် မြေအောက်ရေ စမ်းသပ် တူးဖော်ရာတွင် ပေ ၂၀၀ အနက်၌ ရေကြောစတင်တွေ့ရှိသည်ဟု မြေအောက်ရေ တူးဖော်နေရာတွင်ပါဝင်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
"ရေကြောတွေ့ပြီး ရေမှုတ်ထုတ်နေပါပြီ။ ကျွန်တော်တို့က ဘယ်နှစ်ပေလောက်မှာရေရရှိနိုင်မလဲဆိုပြီးခန့်မှန်း
လက်ရှိတွင် ပေ ၂၀၀အနက်၌ ရေကြောတွေ့ရှိနေပြီဖြစ်၍စက်ရေတွင်းထဲသို့ ၆ လက်မရေပိုက်ထည့်ကာ ရေမော်တာဖြင့် ရေထုတ်ယူသွားမည်ဟုဆိုသည်။
စက်ရေတွင်းမှ ရရှိလာသောမြေအောက်ရေအားရေစုကန်မှတဆင့် စစ်တွေကန်တော်ကြီးရေစုကန်သို့ ၈ လက်မခန့်ရှိသောရေပိုက်ဖြင့်သွယ်တန်းပြီး ရေဖြည့်တင်းသွားမည်ဟုလည်း မြေအောက်ရေ တူးဖော်သည့်လုပ်ငန်း
မြေအောက်ရေစက်ရေတွင်းတူးဖော်မှု
အဆိုပါကန်တော်ကြီးအား ရေဖြည့်တင်းပေးနိုင်ရန်မြေအောက်ရေရရှိရေးအတွက် မတ်လဒုတိယအပတ်အတွင်းမှစတင်ကာကန်တော်ကြီးမှ ပေ ၃ ထောင်အကွာအဝေးရှိ စစ်တွေမြို့နယ်၊သင်္ဂနက်ကျေးရွာအနီးတွင် စက်ယန္တရား ၂ လုံးဖြင့် ရေရရှိရေးလုပ်ငန်းအဖွဲ့ဝင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီ
စစ်တွေကန်တော်ကြီးသည် စစ်တွေမြို့ပေါ်ရပ်ကွက် အားလုံးနီးပါးကိုသောက်သုံးရေဖြန့်ဝေပေးနေသည့် ကန်ဖြစ်သော်လည်း လက်ရှိတွင်ရေခမ်းခြောက်နေကြပြီဟု သိ၇သည်။
စစ်တွေမြို့တွင်နှစ်စဉ်နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေ၇ပြီးကန်တော်ကြီးက ဖြန့်ဖြူးသည့် ရေကို မရသည့်ရပ်ကွက်များတွင်အဝီစိတွင်းတူးပြီး မြေအောက်ရေသုံးစွဲနေကြရသလို တစ်ချို့ရပ်ကွက်များတွင် ရေများဝယ်ယူသုံးစွဲနေကြ၇သည်။
စစ်တွေမြို့မိ၊ မြို့ဖတစ်ဦးက "စစ်တွေမှာကနွေရာသီမရောက်ဘူး။ ရေပြဿနာအမြဲကြုံရတယ်။ အခုမြေအောက်ရေတူးနေတာရေအလားအလာကောင်းနေတယ်လို့ကြား
စစ်တွေကန်တော်ကြီးကန်ကို ၁၉၀၆ခုနှစ်မှာ စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လူနေထူထပ်မှု များပြားလာ၍ ကန်တော်ကြီးတွင် နှစ်စဉ် ရေခမ်းခြောက်မှုပြဿနာဖြင့်ရင်ဆိုင်နေ၇သည်။
ယင်းကြောင့်၂၀၁၄ ခုနှစ်မှစတင်ကာအစိုး၇က ကျပ်သိန်းပေါင်း မြောက်များစွာအကုန်အကျခံ တူးဖော်ခြင်းများကိုနှစ်စဉ်လိုလို ပြုလုပ်နေသော်လည်း ငွေသာကုန်ပြီး နှစ်စဉ်နွေရာသီရောက်တိုင်းစစ်တွေတွင် ရေရှားပါးမှုနှင့် ကြုံနေ၇ဆဲဖြစ်သည်။ (NN-12)
(ဓာတ်ပုံ- သင်္ဂနက်ကျေးရွာအနီးတွင် မြေအောက်ရေတူးဖော်နေသည်ကို တွေ့၇စဉ်)