Preview

ကျောက်တော်တွင် Mytel Wi-Fi တိုင်ထောင်သူ ၃ ဦး ဓာတ်လိုက်၍ ဒဏ်ရာရ

မတ် ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :2310
ရခိုင် သတင်း
နိရဥ္စရာ၊မတ်၂၀/ ၂၀၂၃


၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် Mytel Wi-Fi တိုင်ထောင်ရာမှ ဓာတ်လိုက်၍ လူ ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိ၇သည်။

ဓာတ်လိုက်၍ ထိခိုက်ဒဏ်ရာရရှိသွားသူ ဦးမှာ ကျောက်တော်မြို့၊ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ မောင်အောင်သိန်းထွန်း(၁၈)နှစ်၊ မောင်ကျော်ဆန်း(၁၈)နှစ်နှင့် မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူ မောင်အေးလှထွန်း(၁၇)နှစ်ဖြစ်သည်ဟု သိ၇သည်။

သူတို့သည် ယနေ့ မတ်လ ၂၀ ရက်၊ ညနေ နာရီကျော်တွင် ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ပိတောက်လမ်းတွင် Mytel Wi-Fi တိုင်ကို ဓာတ်မီးတိုင်အောက်၌စိုက်ထူရာမှ ဓာတ်မီးတိုင်ကြိုးနှင့် Wi-Fi တိုင် ပူးကပ်သွားပြီး ဓာတ်လိုက်သွားခြင်းဖြစ်သည်ဟု ဖြူစင်မေတ္တာ လူမှုကူညီကယ်ဆယ်အသင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုနိုင်ဝင်းလွင်က ပြောသည်။

"သူတို့ Mytel Wi-Fi တိုင်လာထောင်ကြတာ။ အငှားလာလုပ်တာလို့တော့ သိ၇တယ်။ သူတို့ Wi-Fi တိုင်ထောင်မယ်။ မီးခဏဖြတ်ပေးပါလို့ သက်ဆိုင်ရာဌာနတွေကိုပြောထားတာလည်း မရှိဘူးလို့ သိ၇တယ်။ အဲ့တုန်းက မိုးလည်းရွာနေတယ်" ဟု ပြောသည်။

သူတို့ ဦးမှာ ဓာတ်လိုက်၍ ဦးခေါင်း၊ ခြေထောက်၊ လက်တို့တွင် ထိခိုက်ဒဏ်ရာရရှိသွားပြီး လက်ရှိတွင် ကျောက်တော်ဆေးရုံ၌ ဆေးကုသမှုခံယူနေ၇သော်လည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု သိ၇သည်။

ထိခိုက်ဒဏ်ရာရရှိသွားသူ မောင်အောင်သိန်းထွန်းမှာ ပလက်၀မြို့နယ်၊ ကြက်ရက်ကိုင်းကျေးရွာမှဖြစ်ပြီး မောင်ကျော်ဆန်းမှာ ကျောက်တော်မြို့နယ်၊ မီး၀ကျေးရွာနှင့် မောင်အေးလှထွန်းမှာ၊ ပလက်၀မြို့နယ်၊ ရီချမ်း၀ကျေးရွာတို့မှဖြစ်သည်ဟုလည်း သိ၇သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်ကလည်း စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းရှေ့လမ်းဆုံ၌ Wifi ကြိုးတပ်ဆင်သူ လူငယ် ဦးဓာတ်လိုက်ပြီး ဦးသေဆုံးကာ ဦး ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတင်ခဲ့၇သေးသည်။ (NN-12)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.